Connect with us

Hi, what are you looking for?

သတင်း

အဓမ္မစစ်သားစုဆောင်းခံရသည့် စစ်ကောင်စီတပ်သားများ တော်လှန်ရေးနယ်မြေရောက်ချိန် ထွက်ပြေးပြီး ပြည်သူ့ဘက်ပူးပေါင်းရန် KNU တပ်မဟာ(၄)တာဝန်ရှိသူ တိုက်တွန်း

စစ်ကောင်စီက လူငယ်၊လူရွယ်များကို အဓမ္မစစ်သားစုဆောင်းပြီး စစ်မြေပြင်ပို့ဆောင်နေ၍ အဆိုပါ တပ်သားများအနေဖြင့် တော်လှန်ရေးနယ်မြေရောက်ပါက စစ်ကောင်စီကို စွန့်ခွာထွက်ပြေးကြရန် ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၄) မြိတ်-ထားဝယ်ခရိုင်အတွင်းရေးမှူး ပဒိုစောအယ်နားက တိုက်တွန်းသည်။

စစ်ကောင်စီတပ် ခမရ-၄၃၉တပ်ရင်းမှ တပ်သားတစ်ဦး KNLAထံ အလင်းဝင်လာသည်ကို မေလ ၅ရက်က တွေ့ရစဉ်။ ဓာတ်ပုံ - KNU

မေ ၁၆၊၂၀၂၅။ထားမြတ်/People’s Spring

စစ်ကောင်စီက လူငယ်၊လူရွယ်များကို အဓမ္မစစ်သားစုဆောင်းပြီး စစ်မြေပြင်ပို့ဆောင်နေ၍ အဆိုပါ တပ်သားများအနေဖြင့် တော်လှန်ရေးနယ်မြေရောက်ပါက စစ်ကောင်စီကို စွန့်ခွာထွက်ပြေးကြရန် ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၄) မြိတ်-ထားဝယ်ခရိုင်အတွင်းရေးမှူး ပဒိုစောအယ်နားက တိုက်တွန်းသည်။

KNU တပ်မဟာ(၄)နယ်မြေတွင် စစ်ကောင်စီတပ်စခန်းများကို တော်လှန်ရေးပူးပေါင်းတပ်က တိုက်ခိုက် သိမ်းပိုက်နေသည့်အခြေအနေတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ထိုသို့ သတင်းစကားပြောကြားခြင်းဖြစ်သည်။

စစ်ကောင်စီတပ်သားများအနေဖြင့် စစ်ဗိုလ်ချုပ်များအကျိုးအတွက် အသက်အဆုံးရှုံးခံနေရသော်လည်း အကျိုးမရှိကြောင်း ပဒိုစောအယ်နားက ပြောသည်။

Public Service Announcement

Public Service Announcement

” တိုင်းပြည်အတွက်လည်း အကျိုးမရှိဘူး ပြည်သူအတွက်လည်း အကျိုးမရှိဘူးနော်။ များသော အားဖြင့် သူတို့စခန်းမှာထားရှိတဲ့ စစ်စခန်းတွေက ရဲဘော်၊ တပ်မှူးတွေက သူတို့က ခုခံစစ်တွေ ခုခံတာပေါ့။ ဒါပေမဲ့ အထက်လူကြီးက ကူညီနိုင်ဖို့ အဲဒီ စစ်ကူပေးနိုင်ဖို့ လေယာဉ်လာပစ်ကူနိုင်ဖို့အတွက်က မရှိတော့ဘူး။ ဘာဖြစ်လို့လည်းဆိုတော့ စစ်တပ်ရဲ့ ခေါင်းဆောင်တွေ အတွက် သူတို့ (အောက်ခြေစစ်သည်) အသက်တွေလည်း အဲဒီလောက်တန်ဖိုးမရှိဘူး။ သူတို့ သေရင်လည်း ဘာမှ တန်းဖိုးမရှိဘူး။ အဲဒီ စစ်တပ်ခေါင်းဆောင်တွေကလည်း ဘာမှ တန်ဖိုးမထားဘူး”ဟု ပဒိုစောအယ်နားက ပြောသည်။

လက်ရှိ စစ်မြေပြင်တွင် စစ်ကောင်စီသည် အဓမ္မစစ်သားစုဆောင်းထားသည့် တပ်သားသစ်များကို အသုံးပြုမှုများလာဟု ပြောသည်။

” အတင်းအဓမ္မ စစ်သားတွေစုဆောင်းတာတွေက များသောအားဖြင့် စိတ်မပါတဲ့ အဲဒီ လူငယ်တွေများတာပေါ့နော်။ အရပ်သားတွေများတယ်။ ဖြစ်နိုင်ရင် သူတို့ကလည်း တော်လှန်ရေးနယ်မြေရောက်တဲ့အချိန်ထွက်ပြေးလို့ရတယ်။ ကျနော်တို့ တော်လှန်ရေးအဖွဲ့အစည်းနဲ့ ဆက်သွယ်လို့ရတယ်”ဟု ပဒိုစောအယ်နားက ပြောသည်။

KNU တပ်မဟာ(၄)နှင့် တော်လှန်ရေးပူးပေါင်းတပ်များသည် မေလ ၉ရက်တွင် ထိုင်း – မြန်မာနယ်စပ်ရှိ စစ်ကောင်စီ၏ ထီးခီးနယ်စပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။ ယင်းမတိုင်မီ ဧပြီ ၁၉ရက်ကလည်း ထီးခီးအနီး ထီးထစစ်ကောင်စီ ဗျူဟာစခန်းကို သိမ်းပိုက်ခဲ့သည်။

စခန်းသိမ်းတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်က သေဆုံးထိခိုက်မှုများ၊ ထွက်ပြေးသွားသူများစွာရှိခဲ့ပြီး စစ်ကောင်စီ၏ လက်နက်ခဲယမ်းများစွာကို တော်လှန်ရေးပူးပေါင်းတပ်က သိမ်းပိုက်နိုင်ခဲ့သည်။

KNU မြိတ်-ထားဝယ်ခရိုင် ဥက္ကဋ္ဌ ပဒိုစောဖလိုစိုးဝင်းကလည်း ခရိုင်အတွင်း တပ်မဟာ(၄)နယ်မြေ၌ မြို့နယ်အားလုံးနီးပါးတွင် တိုက်ပွဲများဖြစ်နေကြောင်း တနင်္သာရီကမ်ပိန်းအတွက် တိုက်တွန်းအားပေးစကား ပြောကြားစဉ် အသိပေး ပြောသည်။

“တိုက်ပွဲကြီး တိုက်ပွဲငယ်အားလုံးရှိတယ်။ ရန်သူဘက်ကလည်း အလစ်မပေးဘူး။ တိုက်ပွဲတွေကြောင့် ပြဿနာများစွာနဲ့ လိုအပ်မှုများစွာရှိတယ်။ စစ်ရေးအရ ကြည့်မယ်ဆိုရင် နောက်ဆက်တွဲက ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတာရှိတယ်။ ဒါကြောင့် ကျနော်တို့ ရှေ့ဆက်ပြီးလုပ်ငန်းတွေလုပ်ဆောင်ဖို့အတွက် ရံပုံငွေ ပေးကြတဲ့ ကျနော်တို့ လူမျိုးတွေကို ကျေးဇူးတင်တယ်”ဟု ပဒိုစောဖလိုစိုးဝင်းက ပြောသည်။

KNLAဒုစစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး စောဘောကျော်ဟဲကလည်း ကမ်ပိန်းအတွက် တိုက်တွန်းစကား ပြောကြားခဲ့ရာ တနင်္သာရီဒေသ၊ တပ်မဟာ(၄)နယ်မြေ တခုလုံးရှိ ရန်သူ(စစ်ကောင်စီတပ်)များကို အားလုံးမောင်းထုတ်ရမည်ဟု ပြီးခဲ့သည့် ရက်ပိုင်းက ပြောကြားထားသည်။

ဆက်စပ်သတင်းများ

သတင်း

အနာဂတ်ကာလမှာ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးပြီး စီမံအုပ်ချုပ်နိုင်ဖို့နေရာကဏ္ဍ အသီးသီးမှာ ရှိနေတဲ့ အနာဂတ်မျိုးဆက်သစ်များအားမွေးထုတ်သွားကာ ကရင်ပြည် “ကော်သူးလေ”ထူထောင်ရေးကိုအတူတကွ အင်တိုက်အားတိုက်ကြိုးပမ်းဖော်ဆောင်တည်ဆောက်ကြဖို့ တိုက်တွန်းကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။

သတင်း

မောတောင်မြို့ကို ပြန်ထိန်းချုပ်ထားတဲ့ စစ်တပ်က မြို့ခံတွေကို ဖမ်းဆီးနှိပ်စက်နေ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄) တပ်ရင်း(၁၁)ထံ စစ်ကောင်စီ တပ်သား ၁ဦး အလင်းဝင်လာကြောင်း KNUက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ဖာပွန်ခရိုင်ကမမောင်း-ဖာပွန်ကားလမ်းပိုင်းမှာစစ် ကြောင်းထိုးနေတဲ့ အာဏာသိမ်းစစ်တပ်နဲ့ KNU တပ်မဟာ (၅) ဦးစီးတဲ့ပူးပေါင်းတပ်တွေကြားအခုရက်ပိုင်းတွေအတွင်းတိုက်ပွဲတွေပြင်းထန်ခဲ့တယ်လို့ ကမမောင်းအခြေစိုက်ကရင့်နယ်ခြားစောင့်တပ်( BGF) အမှတ် (၁၀၁၄)တပ်ရင်းနဲ့နီးစပ်တဲ့ကရင်သတင်းရင်းမြစ်ကပြောပါတယ်။