Connect with us

Hi, what are you looking for?

သတင်း

နတ်တလင်းမြို့နယ်ရှိ စစ်ကောင်စီတပ်အထိုင်စခန်းကို PDFပူးပေါင်းတပ် တိုက်ခိုက်ရှင်းလင်း

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်၊ ကွင်းကျယ်ကျေးရွာရှိ စစ်ကောင်စီတပ်စခန်းအား သုံးရက်ဆက်တိုက်ခိုက်ပြီးနောက် ဖျက်ဆီးရှင်းလင်းနိုင်ခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ရှစ်ဦးသေဆုံးကြောင်း သာယာဝတီခရိုင် အမှတ်(၁)တပ်ရင်းက ယနေ့(မေလ ၂၁ရက်) သတင်းထုတ်ပြန်သည်။

နတ်တလင်းမြို့နယ်၊ ကွင်းကျယ်ကျေးရွာရှိ စစ်ကောင်စီတပ်စခန်းအား တိုက်ခိုက်ပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ − သာယာဝတီခရိုင် အမှတ်-၁တပ်ရင်း၊၃၈၀၁

မေ ၂၁၊၂၀၂၅။ဇော်ရမ်း၊သတိုး/People’s Spring

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်၊ ကွင်းကျယ်ကျေးရွာရှိ စစ်ကောင်စီတပ်စခန်းအား သုံးရက်ဆက်တိုက်ခိုက်ပြီးနောက် ဖျက်ဆီးရှင်းလင်းနိုင်ခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ရှစ်ဦးသေဆုံးကြောင်း သာယာဝတီခရိုင် အမှတ်(၁)တပ်ရင်းက ယနေ့(မေလ ၂၁ရက်) သတင်းထုတ်ပြန်သည်။

ကွင်းကျယ်ကျေးရွာနှင့် စစ်ကောင်စီ၏ အထိုင်စခန်းကုန်းအား မေလ ၁၈ရက်မှ မေလ ၂၀ရက်အထိ တိုက်ခိုက်ခဲ့ခြင်းဟု ဆိုသည်။

” လက်နက်ကြီးသံတွေက မြို့ပေါ်ကလည်း ကြားရတယ်။ ဂျက်ဖိုက်တာတွေလည်းလာတယ်။ တိုက်ပွဲဖြစ်နေတဲ့နေရာရဲ့ အသေးစိတ်အခြေအနေကိုတော့ ကျနော်တို့မသိရဘူး။ နောက်ပြီး ကာကွယ်ရေးတပ်ဖွဲ့တွေကလည်း စစ်ရေးသတင်းတွေ ထိန်းချုပ်ထားတယ်ဗျ”ဟု နတ်တလင်းဒေသခံတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

သာယာဝတီခရိုင်အမှတ်(၁)တပ်ရင်းက သတင်းထုတ်ပြန်ရာတွင် ကွင်းကျယ်ကျေးရွာမှ စစ်ကောင်စီစခန်း တိုက်ခိုက်သည့်တိုက်ပွဲအတွင်း စစ်ကောင်စီက စစ်ကူအများပြား ပို့ဆောင်ခဲ့ကြောင်း၊ အဆိုပါ စစ်ကူလမ်းကြောင်းများကို မိုင်းကွင်းများဖော်၍ ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြထားသည်။

ပြည်သူ့ကာကွယ်‌‌ရေးတပ်မ‌တော် အမှတ်(၂)စစ်ဆင်ရေးနယ်မြေ၊ဗျူဟာ (၂၂)၊ သာယာဝတီခရိုင်အမှတ်(၁)တပ်ရင်း(P23801)နှင့် နတ်တလင်းမြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့(နတ်တလင်း ပ.က.ဖ) ၊တပ်ရင်း-၃၈၀၁ ဒရုန်းတပ်ဖွဲ့(Bago Wings UAV Force)ပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့ခြင်းဟုအသိပေးထားသည်။

စခန်းကုန်းအား မီးရှို့ဖျက်ဆီးခဲ့ပြီး တိုက်ပွဲအတွင်း သေဆုံးသည့် ပုတ်ပွနေသည့် စစ်ကောင်စီတပ်ရုပ်လောင်း ရှစ်လောင်းကို တွေ့ရသည်ဟု ထုတ်ပြန်ထားသည်။

“၃ ရက်တာ တိုက်ခိုက်မှုအတွင်း စစ်ကာင်စီတပ်သား(၈)ဦးသေဆုံးကာ မိမိတို့ ရဲဘော် (၁)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ) ရရှိခဲ့ပါသည်။စစ်ကောင်စီတပ်သားအလောင်းများအား ၎င်းတို့ ဘန်ကာများအတွင်း ပုပ်ဆော်‌‌များနံကာတွေ့ရပြီး စခန်းကုန်းအား မီးရှို့ဖျက်ဆီးခဲ့ပါသည်”ဟု ထုတ်ပြန်ထားသည်။

ပဲခူးတိုင်းအတွင်း၌ လက်ရှိတွင် မင်းလှ၊ ပန်းတောင်း၊ ဥသျှစ်ပင်နှင့် ကြို့ပင်ကောက်မြို့နယ်တို့တွင် စစ်ရေးတင်းမာနေပြီး ဒေသခံပြည်သူများအနေဖြင့် ဗုံးခိုကျင်းများ အခိုင်အမာ တူးထားကြရန်၊ လေကြောင်းသတိပေးချက်များကို ဂရုပြုရန်၊ ရပ်သူ ရွာသားအချင်းချင်း ရိုင်းပင်းစောင့်ရှောက် ကူညီကြရန်၊ လုံခြုံရေးသတိပေးချက်များကို ပူးပေါင်း ဆောင်ရွက်ကြရန်၊ ကာကွယ်ရေးရဲဘော်များ၏ စစ်ရေးလှုပ်ရှားမှုသတင်းများကို လျှို့ဝှက်ထားကြရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အနေဖြင့်ပြည်သူတို့ရဲ့အသက်၊ခန္ဓာနဲ့ အနာဂတ်အတွက်စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး၊လူထုကို ကာကွယ်ရေး၊ လုံခြုံရေးဆိုင်ရာပြုပြင်ပြောင်းလဲရေးမှာ ပါဝင်ရေးမဏ္ဍိုင်သုံးရပ်နဲ့ ရှေ့သို့အရှိန်အဟုန်မပျက်ချီတက်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ PDF တပ်မတော်ကအောက်တိုဘာ ၄ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ဖဲရှုံးပြီး ဖုန်းခိုးယူမှုအရေးယူခံရမှာကြောက်တာကြောင့် စစ်တပ်ထံ အညံ့ခံသွားတဲ့ PDF ရဲဘော်သတင်းပေးမှုကြောင့် စစ်တပ်က ဘုတလင်မြို့နယ် အရှေ့တောင်ခြမ်းကို ​လေ

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

Facebook