Connect with us

Hi, what are you looking for?

သတင်း

ပြည်သူအပေါ်ပစ်မှတ်ထား ရက်စက်ယုတ်မာနေသော်လည်း တော်လှန်ရေးအရှိန် လျော့မည်မဟုတ်ဟု PDFအမှတ်(၂) စစ်ဆင်ရေးနယ်မြေ တာဝန်ရှိသူပြော

အာဏာသိမ်းစစ်ကောင်စီအနေဖြင့် လေကြောင်းတိုက်ခိုက်မှုအပါအဝင် ပြည်သူလူထုအပေါ် နည်းမျိုးစုံဖြင့် ရက်စက်ယုတ်မာ ခြိမ်းခြောက်နေသော်လည်း တော်လှန်ရေးအရှိန်အဟုန် လျော့သွားမည်မဟုတ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တောင်ပိုင်းစစ်ဒေသ အမှတ်(၂)စစ်ဆင်ရေးနယ်မြေ သတင်းပြန်ကြားရေး တာဝန်ရှိသူက ပြောသည်။

ကျောက်ကြီးမြိုနယ်၊ ကျွန်းကြီးကျေးရွာရှိ မင်္ဂလာဧည့်ခံပွဲ‌နေအိမ်ကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်အပြီး တွေ့ရစဉ်။ ဓတ်ပုံ - Spring Warriors Column)

မေ၂၅၊၂၀၂၅။ထားမြတ်/People’s Spring

အာဏာသိမ်းစစ်ကောင်စီအနေဖြင့် လေကြောင်းတိုက်ခိုက်မှုအပါအဝင် ပြည်သူလူထုအပေါ် နည်းမျိုးစုံဖြင့် ရက်စက်ယုတ်မာ ခြိမ်းခြောက်နေသော်လည်း တော်လှန်ရေးအရှိန်အဟုန် လျော့သွားမည်မဟုတ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တောင်ပိုင်းစစ်ဒေသ အမှတ်(၂)စစ်ဆင်ရေးနယ်မြေ သတင်းပြန်ကြားရေး တာဝန်ရှိသူက ပြောသည်။

စစ်ကောင်စီက ယနေ့ (မေလ ၂၅ရက်)တွင် ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ် ကျွန်းကြီးကျေးရွာရှိ မင်္ဂလာဆောင်ပွဲ လေကြောင်းတိုက်ခိုက်ခဲ့၍ ကလေးငယ်များအပါအဝင် ပြည်သူလူထုသေဆုံးထိခိုက်မှုများ ရှိခဲ့သည့် အခြေအနေနှင့်ပတ်သက်၍ မေးမြန်းရာ အမှတ်(၂) စစ်ဆင်ရေးနယ်မြေ တာဝန်ရှိသူက ယခုကဲ့သို့ မှတ်ချက်ပြု ပြောကြားလိုက်ခြင်းဖြစ်သည်။

အရပ်သားပြည်သူများ ပစ်မှတ်ထားတိုက်ခိုက်သည်မှာ စစ်ကောင်စီ လုပ်ဆောင်နေသည့် ပုံစံဖြစ်ပြီး ယခင်အဆက်ဆက်ကတည်းက လက်နက်မဲ့ ပြည်သူများကို အနိုင်ကျင့်ခြိမ်းခြောက်ခြင်းဖြစ်သည်ဟု PDF အမှတ်(၂) စစ်ဆင်ရေးနယ်မြေ သတင်းပြန်ကြားရေး တာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

” အကြောက်တရားနဲ့ အုပ်ချုပ်ဖို့ ကြိုးစားတာပါပဲ။ ဒီအခြေအနေက သူတို့ကို အုပ်ချုပ်ရေး ယန္တရားကို ပိုမို အထောက်အကူပြုစေမယ်လို့ ယုံကြည်နေတုန်းပဲပေါ့နော်။ တကယ်တော့ ဒါဟာ မမှန်ပါဘူး။ အခု ကာလတွေမှာ ပြည်သူလူထုက လုံး၀ လက်မခံတော့သလို ကျနော်တို့ တော်လှန်ရေး အစုအဖွဲ့တွေကလည်း လုံး၀ လက်ခံမှာ မဟုတ်ပါဘူး။ ဘာကြောင့် ဆိုတော့ တော်လှန်ရေး အစုအဖွဲ့နဲ့ ပြည်သူလူထုဆိုတာ တသားတည်းပဲလေ။ ဒီအခြေအနေမှာ သူတို့ ဒီလိုလုပ်လို့ ကျနော်တို့ရဲ့ တော်လှန်ရေးအရှိန်အဟုန် လျော့သွားမှာ မဟုတ်ပါဘူးလို့ ကျနော်မှတ်ချက်ပေးချင်တယ်”ဟု အမှတ်(၂) စစ်ဆင်ရေးနယ်မြေ တာဝန်ရှိသူက ပြောသည်။

ထို့ပြင် စစ်ကောင်စီအနေဖြင့် ၎င်းတို့၏ ရက်စက်ယုတ်မာမှုများအတွက် တချိန်၌ တာဝန်ခံရလိမ့်မည်ဟုလည်း အမှတ်(၂)စစ်ဆင်ရေး နယ်မြေ တာဝန်ရှိသူက ပြောသည်။

PDF အပါအဝင် တော်လှန်ရေးအင်အားစုများက စစ်ကောင်စီ၏တပ်စခန်းသိမ်းတိုက်ပွဲများ အရှိန်မြှင့် ဖော်ဆောင်နေသည့် အခြေအနေတွင် စစ်ကောင်စီဘက်ကလည်း စစ်ရေးပစ်မှတ်မဟုတ်သည့် ပြည်သူနေထိုင်ရာ နေရာများ၊ စာသင်ကျောင်း၊ ကျန်းမာရေးနှင့် ဘာသာရေးဆိုင်ရာ အဆောက်အဦ များကို ပစ်မှတ်ထားသည့် လေကြောင်း တိုက်ခိုက်မှုများ ဆက်တိုက်ကျူးလွန်လျက်ရှိသည်။

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၁) တာဝန်ရှိသူကလည်း စစ်ကောင်စီအနေဖြင့် စစ်ရှုံးနိမ့်နေသည့် အခြေအနေတွင် ကြွက်မနိုင် စပါးကျီ မီးရှို့သကဲ့သို့ ပြည်သူလူထုကို ပစ်မှတ်ထား ဗုံးကြဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီးပစ်ခတ်ခြင်းများ လုပ်ဆောင်နေကြောင်း ပြောထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ဆင်ရေးမှာ ကျဆုံးခဲ့ရတဲ့ ရဲဘော် ၃ဦး ဦးညွှတ်အလေးပြုကြောင်း ဖော်ပြ

Facebook