Connect with us

Hi, what are you looking for?

သတင်း

မတ္တရာမြို့နယ်အ​ရှေ့ခြမ်းမှာတိုက်ပွဲတွေပြင်းထန် နေ

မန္တလေးတိုင်း၊မတ္တရာမြို့နယ်အရှေ့ခြမ်းမှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန် နေပြီး ​မေလ ၂၆ ရက်ညပိုင်းအထိ တိုက်ပွဲ တွေဖြစ်ပွားနေ တယ်လို့ တော်လှန်ရေးတပ် တွေဆီကသိရပါတယ်။

မန္တ​လေး PDF က ၂၀၂၄ ဇူလိုင်လမှာ တရုတ်နိုင်ငံသားပိုင် Alpha ဘိလပ်​မြေစောင့် စစ်တပ်စခန်းကို ထိုးစစ်ဆင်တိုက်ခိုက်ရာ စစ်သား​တွေစက်ရုံကို မီးရှို့​ပြီးထွက်​ပြေးခဲ့စဥ်။ဓါတ်ပုံ-MDY-PDF

​မေ-၂၇၊၂၀၂၅။People’s Spring

မန္တလေးတိုင်း၊မတ္တရာမြို့နယ်အရှေ့ခြမ်းမှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန် နေပြီး ​မေလ ၂၆ ရက်ညပိုင်းအထိ တိုက်ပွဲ တွေဖြစ်ပွားနေ တယ်လို့ တော်လှန်ရေးတပ် တွေဆီကသိရပါတယ်။

မတ္တရာမြို့နယ်အရှေ့ခြမ်းက တရုတ်နိုင်ငံရင်းနှီးမြှပ်နှံမှုဖြစ်တဲ့ Alpha ဘိလပ် မြေစက်ရုံ၊မြကန်သာရွာနဲ့ ထန်းပင်ကုန်း ကျေးရွာနဲ့ ကြားရွာအနီးတို့မှာ တိုက်ပွဲတွေ ဖြစ်ပွား​နေတာလို့ သိရပါတယ်။

“စစ်တပ်ဘက်ကလုပ်နေတာ။မြေပြင်ထိုးစစ်ဆင်မရရင် လေကြောင်းက နေဗုံးကြဲတယ်”လို့ တော်လှန်ရေးတပ်ဖွဲ့ ဝင်တဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်တပ်က လေကြောင်းတိုက်ခိုက်မှုကြောင့် ထန်းပင်ကုန်း၊ဘိုကုန်း၊မြောင်းသစ်ကုန်း၊ကျောက်တံတား၊လက်ဝဲကြီး၊အောင်သာယာကုန်း စတဲ့ကျေးရွာတွေက နေအိမ်တွေ အများစု ပျက်စီးခဲ့တယ်လို့ ဒေသ ခံတွေဆီကသိရပါတယ်။

မေလအတွင်းစစ်ကောင်စီကအကြိမ်ပေါင်း ၂၀၀ကျော် လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး တရက်ထဲကို အကြိမ်၃၀ကျော် အထိ တိုက်ခိုက်ခံရတဲ့ ရက်တွေလည်း ရှိတယ်လို့ဒေသခံ တွေကပြောပါတယ်။

မေလ ၁ရက်မှ ၂၅ရက်နေ့အထိ နေ့စဉ် လေကြောင်းတိုက်ခိုက်နေပြီး ကျေးရွာစာသင် ကျောင်း၊ဘုန်းကြီးကျောင်းနဲ့ ဆေးခန်း တွေကို စစ်တပ်က အဓိက ပစ်မှတ်ထားတိုက်ခိုက် နေတာလို့သိရပါတယ်။

မတ္တရာမြို့နယ်အ ရှေ့ခြမ်းကို ၁၀၂၇စစ်ဆင်ရေးမှာ MDY-PDFဦး​ဆောင်တဲ့တော်လှန်ရေးတပ်တွေ ​တွေက စစ်တပ်စခန်း​ပေါင်း ၄၀ ​ကျော်ကိုသိမ်းခဲ့ပြီးထိန်းချုပ်ထားတာဖြစ်ပါတယ် ။

စစ်​တပ်ကမတ္တရာမြို့နယ် အ​နောက်ခြမ်းကို ၂၀၂၄ နှစ်ကုန်ပိုင်းမှာ စစ်​ကြောင်းထိုးထိန်းချုပ်ခဲ့ပြီး ၊ မန္တ​လေး PDF ထိန်းချုပ်ထားတဲ့အ​ရှေ့ရှမ်းကို ထိုးစစ်ဆင်ပြီး ပြန်လည်ထိန်းချုပ်နိုင်ဖို့ ကြိုးစား​နေတာဖြစ်ပါတယ် ။

ဆက်စပ်သတင်းများ

သတင်း

ကျောက်ဖြူမြို့နယ်၊တောင်မော်ဦး(​တောင်​မော်ကြီး )ရေတပ်စခန်းရဲ့ ကာကင်းတွေအပါအဝင် ရှေ့တန်းစစ်မျက်နှာသုံးခုထက် မနည်းမှာ အာရက္ခတပ်တော်(AA) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြားတိုက်ပွဲပြင်းထန်နေလို့ စစ်​ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

သတင်း

မန္တလေးတိုင်းက စဉ့်ကူးနဲ့ မတ္တရာမြို့နယ်တို့မှာ စစ်ဘေးရှောင်နေရတဲ့ဒေသခံပြည်သူ ထောင်နဲ့ချီပြီး စား‌ဝတ်နေရေးခက်ခဲ နေတယ်လို့ ဒေသခံတွေနဲ့ စစ်ဘေးရှောင်ကူညီသူတွေကပြောပါတယ်။