Connect with us

Hi, what are you looking for?

သတင်း

KNUတပ်မဟာ(၆)တွင် တပ်စခန်းများကျရှုံးနေသည့် စစ်ကောင်စီက ကျေးရွာများ လေကြောင်းမှ ဗုံးကြဲ၊ ဒေသခံပြည်သူလေးဦး ထိခိုက်

စစ်ကောင်စီက ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ၊ ဒူးပလာယာခရိုင်ရှိ ကျေးရွာ နှစ်ရွာကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဒေသခံပြည်သူများ ထိခိုက်မှုရှိကြောင်း သတင်းရင်းမြစ်အချို့က ပြောသည်။

ကနဲလေးတပ်စခန်းသိမ်းပိုက်အပြီး တွေ့ရသော ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မ တော်(KNLA)ပူးပေါင်းတပ်မှ ရဲဘော်တစ်ဦးအား တွေ့ရစဉ်။ ဓာတ်ပုံ − KNDO တပ်ရင်း -၈

မေ ၂၉၊၂၀၂၅။ထားမြတ်/People’s Spring

စစ်ကောင်စီက ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ၊ ဒူးပလာယာခရိုင်ရှိ ကျေးရွာ နှစ်ရွာကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဒေသခံပြည်သူများ ထိခိုက်မှုရှိကြောင်း သတင်းရင်းမြစ်အချို့က ပြောသည်။

KNUအုပ်ချုပ်နယ်မြေ သတ်မှတ်ချက်အရ ဒူးပလာယာခရိုင် ကော့ကရိတ်မြို့နယ် အရှေ့ဒေါနဘက်ခြမ်းရှိ တာအူထာ နှင့် ကွေးလယ်စူကျေးရွာအား ယနေ့ (မေလ ၂၉ရက်) ည ၇နာရီခန့်တွင်လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

မေလ ၂၃ရက်တွင် ဒူးပလာယာခရိုင် ကော့ကရိတ်မြို့နယ် မြန်မာ-ထိုင်းနယ်စပ်ရှိ စစ်ကောင်စီ၏ ဘလယ်ဒို တပ်စခန်း၊ မေလ ၂၈ရက်ညတွင် မြ၀တီမြို့တောင်ဘက် မြန်မာ-ထိုင်းနယ်စပ်ရှိ ကနဲလေး စခန်း တို့အား KNU ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ပြီးနောက် စစ်ကောင်စီက ယနေ့ညတွင် အရပ်သားနေထိုင်ရာ ကျေးရွာကို လေကြောင်းမှ ဗုံးကြဲလာခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

” အချင်းချင်း(စစ်တပ်အချင်းချင်း)မနိုင်တော့ လူထုပဲ သွားချနေတာ။ သူတို့ အကျင့်လေ စကစက။ လေယာဉ်ကတော့ ၂စီးလာတယ် ဗုံးလာကြဲတယ်။ ပထမနေရာက ကွေးလွယ်စူ လို့ခေါ်တယ်။ ကျောင်းသား နှစ်ယောက်ထိခိုက်ဒဏ်ရာရတယ်။ တပြိုင်တည်း တာအူထာမှာ ပြန်လာကြဲလိုက်တယ်။ ဘယ်သူထိလဲမသိဘူး ရှာနေတုန်းပဲ”ဟု ကရင်သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

တာအူထာရွာ လေကြောင်းတိုက်ခိုက်မှုအတွင်း အရပ်သားပြည်သူ လေးဦး ထိခိုက်ဒဏ်ရာများရခဲ့သည်ဟု ကရင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ဒူးပလာယာခရိုင် သတင်းပြန်ကြားရေးဌာန တာဝန်ရှိသူတစ်ဦးကလည်း တပ်မဟာ(၆)နယ်မြေကို စစ်ကောင်စီ လေကြောင်း တိုက်ခိုက်လာမှုကို အတည်ပြုသည်။

“လက်ရှိ အချက်အလက်တွေကို မြေပြင်မှ စိစစ်နေသေးတဲ့အချိန်မို့လို့ ပြန်လည်ဖြေကြားပေးသွားပါမယ်”ဟု ခရိုင်သတင်းပြန်ကြားရေးဌာန တာဝန်ရှိသူက ပြောသည်။

ထို့အပြင် မြဝတီမြို့စောင့်တပ် ခလရ(၂၇၅)တပ်ရင်းကလည်း သင်္ဃန်းညီနောင်အရပ်သို့ လက်နက်ကြီး နှစ်ချက်လှမ်းပစ်ခတ်ခဲ့သည်ဟု ဆိုသည်။

စစ်ကောင်စီသည် KNUနယ်မြေများအပါအဝင် နိုင်ငံတဝန်း စစ်ရေးရှုံးနိမ့်နေစဉ် လူထုကို ပစ်မှတ်ထားသည့် လေကြောင်း ၊ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုများ လုပ်ဆောင်လေ့ရှိသည်။

ယခုရက်ပိုင်းအတွင်း ဒူးပလာယာခရိုင် တပ်မဟာ(၆)နယ်မြေတွင် စစ်ကောင်စီ၏ ဘလယ်ဒိုတပ်စခန်းနှင့် ကနဲလေးတပ်စခန်း ရရှိထားကြောင်း ခရိုင်တာဝန်ရှိသူက ပြောသည်။ KNU ဗဟိုက စခန်းသိမ်းတိုက်ပွဲ သတင်းထုတ်ပြန်သည့်မှတ်တမ်းဓာတ်ပုံများအရ ဘလယ်ဒိုနှင့် ကနဲလေး စစ်ကောင်စီတပ်စခန်းများမှ လက်နက်ကြီး လက်နက်ငယ်မျိုးစုံ အလက် ၁၅၀ ခန့်ကို တော်လှန်ရေးပူးပေါင်းတပ်က သိမ်းပိုက်ရရှိထားသည်ကိုလည်းတွေ့ရသည်။

စခန်းသိမ်းအောင်ပွဲအပြင် တပ်မဟာ(၆)နယ်မြေ သေ့ဘောဘိုတပ်စခန်းသို့ စစ်ကူလာသည့် စစ်ကောင်စီတပ်ကိုလည်း KNU ဦးဆောင်သည့် ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် သေဆုံးမှုများ ရှိခဲ့ပြီး စစ်သုံ့ပန်း ၁၅ဦးရရှိကာ လက်နက်များလည်း သိမ်းပိုက်နိုင်ခဲ့သည်။ စစ်ကောင်စီတပ်သားများစွာ ထိုင်းဘက်သို့ ထွက်ပြေးသွားပြီး စစ်ကူစစ်ကြောင်း တစ်ခုလုံးပျက်သွားသည်ဟု သတင်းရင်းမြစ်က ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) ရဲ့ စစ်မဟာဗျူဟာပေါင်းစပ်ညှိနှိုင်းကွပ်ကဲရေး ကော်မတီရဲ့ ပူးတွဲဥက္ကဋ္ဌတွေအဖြစ် ကရင်အမျိုးသားအစည်းအရုံး(KNU/KNLA) စစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီးဘောကျော်ဟဲနဲ့ ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) စစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီးအောင်ဆိုင်းလာ တို့ တာဝန်ယူထားတယ်လို့ SCEF ပြောရေးဆိုခွင့်ရှိသူတဦးဖြစ်တဲ့ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က စစ်မှုထမ်း‎တပ်သားတစ်ဦး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၄) တပ်‌ရင်း(၂၀၃)ထံ အလင်းဝင်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်အုပ်စုရဲ့ဟန်ပြလုပ်ရပ်တွေ စိစစ်ပြီး ကျားဖြန့်လုပ်ငန်း အမှန်တကယ် တိုက်ဖျက်နေတဲ့ မြေပြင်အဖွဲ့တွေနဲ့ လက်တွဲပူးပေါင်းဖို့ အိမ်နီးချင်းနဲ့ နိုင်ငံတကာထံ တောင်းဆို

သတင်း

အာဏာသိမ်းစစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ ရာဇဝတ်မှု ကျူးလွန်ခြင်းတွေကြောင့် ကရင်ပြည်နယ်အတွင်း အစုလိုက်၊အပြုံလိုက် နေရပ်စွန့်ခွာရတာ ပိုများလာကြောင်း ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က ထုတ်ပြန်ပါတယ်။