Connect with us

Hi, what are you looking for?

သတင်း

မြဝတီနယ်စပ်ရှိ စစ်ကောင်စီ၏ ဘုရင့်နောင်တပ်စခန်း တော်လှန်ရေးပူးပေါင်းတပ် ထပ်မံ သိမ်းပိုက်

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၆)နယ်မြေ၊ မြဝတီမြို့နယ်ရှိ စစ်ကောင်စီ၏ နယ်စပ်တပ်စခန်းတစ်ခုဖြစ်သော ဘုရင့်နောင်တပ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ယနေ့(မေလ ၃၀ရက်)နံနက်တွင် သိမ်းပိုက်နိုင်ခဲ့ဟု KNU သတင်းရင်းမြစ်က အတည်ပြုသည်။

ကနဲလေးတပ်စခန်းသိမ်းပိုက်အပြီး တွေ့ရသော ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)ပူးပေါင်းတပ်မှ ရဲဘော်တစ်ဦးအား တွေ့ရစဉ်နှင့် တိုက်ပွဲကြောင့် ထိုင်းနိုင်ငံဘက် တိမ်းရှောင်နေရသော စစ်ဘေးရှောင်များ။ ဓာတ်ပုံ − KNDO တပ်ရင်း -၈၊CJ

▪️မြဝတီမြို့စောင့်တပ်က လက်နက်ကြီးဖြင့် တစ်ညလုံး ပစ်ကူပေး

မေ ၃၀၊၂၀၂၅။ထားမြတ်/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၆)နယ်မြေ၊ မြဝတီမြို့နယ်ရှိ စစ်ကောင်စီ၏ နယ်စပ်တပ်စခန်းတစ်ခုဖြစ်သော ဘုရင့်နောင်တပ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ယနေ့(မေလ ၃၀ရက်)နံနက်တွင် သိမ်းပိုက်နိုင်ခဲ့ဟု KNU သတင်းရင်းမြစ်က အတည်ပြုသည်။

ယခုသိမ်းပိုက်လိုက်သည့် တပ်စခန်းသည် နယ်စပ်ရှိ ဗျူဟာမြောက်စခန်းတစ်ခုဖြစ်ပြီး စစ်ကောင်စီတပ်သားများ ထွက်ပြေးသွားသည်ဟုဆိုသည်။

Public Service Announcement

Public Service Announcement

” ဘုရင့်နောင်က ထိုင်းဘက်ကမ်းနဲ့ ဝေါ်လေကြား မှာပေါ့။ အဲဒီဂွင်မှာပဲ။ သူက စခန်းကြီးတော့ ဘယ်ဟုတ်မလဲ။ စခန်းကြီးက ဝေါ်လေတို့ ကနဲလေးတို့ပေါ့။ ရှေ့တန်း ကာကင်းစခန်းပေါ့”ဟု KNU သတင်းရင်းမြစ်က ပြောသည်။

အဆိုပါ တပ်စခန်းမှ စစ်ကောင်စီတပ်သားများသည် ထိုင်းနိုင်ငံဘက်နှင့် ညှိနှိုင်းပြီး ဝင်ရောက်သွားခြင်းဟု ဆိုသည်။

အဆိုပါ တပ်စခန်းသိမ်းပိုက်မှုနှင့် နယ်စပ်ရှိ တပ်စခန်းများ တိုက်ခိုက်သိမ်းပိုက်ခံနေရသောကြောင့် မြဝတီမြို့စောင့်တပ်ဖြစ်သော ခလရ(၂၇၅)တပ်ရင်းက လက်နက်ကြီးများဖြင့် တော်လှန်ရေးတပ်များရှိရာသို့ ယမန်နေ့ညက တစ်ညလုံး ပစ်ကူပေးခဲ့ကြောင်း မြဝတီမြို့ခံများက ပြောသည်။

“တစ်ညလုံး ပစ်နေတာ။ ငလျင်လှုပ်တာလားဆိုပြီး လန့်နိုးမှ လက်နက်ကြီးတွေ ပစ်နေတာ”ဟု မြဝတီမြို့ခံတစ်ဦးက ပြောသည်။

မြန်မာ-ထိုင်းနယ်စပ်တွင် တိုက်ပွဲများပြင်းထန် ခဲ့ပြီး​နောက် ​ဒေသခံပြည်သူ ၅၀၀ ကျော်မှာ ထိုင်းနိုင်ငံ ဘက်သို့ထွက်​ပြေးတိမ်း​ရှောင်လာ​ကြောင်း ထိုင်း​ဒေသတွင်းသတင်းဌာနအချို့က​ဖော်ပြသည်။

နယ်စပ်တွင် အမြင်​ပေပင်လယ်​ရေမျက်နှာပြင်အထက် ​ပေ ၄၁၆၀ ( ၁၂၆၈ မီတာ)​ကျော်တွင်တည်ရှိ​သော အဆိုပါစခန်းမှာ စစ်တပ် အခိုင်အမာစခန်းဖြစ်ပြီး စတင်အ​ခြေချပြီး​နောက်ပိုင်း ကရင်​တော်လှန်​ရေးတပ်ဖွဲ့များက အကြိမ်ကြိမ်တိုက်ခိုက်ခဲ့ဖူး​သော်လည်း မသိမ်းပိုက်နိုင်ခဲ့ဘူး​ပေ။

ယခုအကြိမ်တွင်မှာ KNLA ၊ KNDOနှင့် ပူး​ပေါင်းတပ်များက ထိုးစစ်ဆင် သိမ်းပိုင်နိုင်ခဲ့ခြင်းဖြစ်​ကြောင်း ထိုင်း​ဒေသတွင်း သတင်းဌာနဖြစ်သော AECက​ ဖော်ပြထားသည်။

​မေလ ၃၀ရက်တွင် စစ်​ဘေး​ရှောင် ပြည်သူ ၅၃၃ ဦးသည် ထိုင်းနိုင်ငံဘက်ခြမ်းရှိ ​နေရာ သုံး​နေရာသို့ ယာယီတိမ်း​ရှောင်​နေကြ​​ရကြောင်း ​ဖော်ပြထားသည်။

ယခု မေလနောက်ဆုံးပတ်အတွင်း စစ်ကောင်စီတပ်အနေဖြင့် တပ်မဟာ(၆)နယ်မြေအတွင်း အရေးပါသည့် တပ်စခန်းများကျရှုံးခဲ့ရသည့် အခြေအနေတွင် လက်ကျန် စခန်းများမှ အလွယ်တကူ ဆုတ်ခွာသွားသည့် သဘောဖြစ်မည်ဟု သတင်းရင်းမြစ်က သုံးသပ်သည်။

KNU ဦးဆောင်သည့် တော်လှန်ရေးပူးပေါင်းတပ်သည် မေလ ၂၃ရက်က တပ်မဟာ(၆) နယ်မြေရှိ ဘလယ်ဒိုတပ်စခန်းနှင့် မေလ ၂၈ရက် တွင် ကနဲလေးတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီထံမှ လက်နက်ခဲယမ်းများစွာ သိမ်းပိုက်ရရှိခဲ့သည်။ ထို့ပြင် အဆိုပါ တပ်စခန်းများမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များစွာ ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးသွားခဲ့သည်။

ထိုသို့ ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကိုလည်း ထိုင်း၏ အကူအညီဖြင့် မြ၀တီ မြို့အခြေစိုက် စစ်ကောင်စီလက်ကျန်တပ်စခန်း ခလရ(၂၇၅)တပ်ရင်းသို့ ပို့ဆောင်စုစည်းထားသည်ဟု သတင်းရင်းမြစ်အချို့က ပြောထားပြီး အင်အားရာချီရှိသည်ဟု ဆိုသည်။

KNU ပူးပေါင်းတပ်အနေဖြင့် မြန်မာ-ထိုင်းနယ်စပ်ရှိ စစ်ကောင်စီလက်ကျန်တပ်စခန်းများကို ဆက်လက် ရှင်းလင်းသွားမည်ဖြစ်၍ ယခုမေလကုန်နှင့် ဇွန်လပထမပတ်အတွင်း စစ်ရေးထူးခြားမှုများ ဆက်ရှိနေမည်ဟု KNU သတင်းရင်းမြစ်က ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

အနာဂတ်ကာလမှာ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးပြီး စီမံအုပ်ချုပ်နိုင်ဖို့နေရာကဏ္ဍ အသီးသီးမှာ ရှိနေတဲ့ အနာဂတ်မျိုးဆက်သစ်များအားမွေးထုတ်သွားကာ ကရင်ပြည် “ကော်သူးလေ”ထူထောင်ရေးကိုအတူတကွ အင်တိုက်အားတိုက်ကြိုးပမ်းဖော်ဆောင်တည်ဆောက်ကြဖို့ တိုက်တွန်းကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။

သတင်း

မောတောင်မြို့ကို ပြန်ထိန်းချုပ်ထားတဲ့ စစ်တပ်က မြို့ခံတွေကို ဖမ်းဆီးနှိပ်စက်နေ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄) တပ်ရင်း(၁၁)ထံ စစ်ကောင်စီ တပ်သား ၁ဦး အလင်းဝင်လာကြောင်း KNUက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ဖာပွန်ခရိုင်ကမမောင်း-ဖာပွန်ကားလမ်းပိုင်းမှာစစ် ကြောင်းထိုးနေတဲ့ အာဏာသိမ်းစစ်တပ်နဲ့ KNU တပ်မဟာ (၅) ဦးစီးတဲ့ပူးပေါင်းတပ်တွေကြားအခုရက်ပိုင်းတွေအတွင်းတိုက်ပွဲတွေပြင်းထန်ခဲ့တယ်လို့ ကမမောင်းအခြေစိုက်ကရင့်နယ်ခြားစောင့်တပ်( BGF) အမှတ် (၁၀၁၄)တပ်ရင်းနဲ့နီးစပ်တဲ့ကရင်သတင်းရင်းမြစ်ကပြောပါတယ်။