စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ စိုင်ပြင်ရဲစခန်းမှူး ရေဦးမြို့သို့နေရာပြောင်းရွှေ့စဥ် လမ်းတွင်မိုင်းခွဲခံရကြောင်း ဒေသခံများက ပြောသည်။
ယနေ့( နိုဝင်ဘာလ ၁၀ ရက် )မွန်းလွဲပိုင်းက
စိုင်ပြင်မြို့ မှစခန်းမှူးသည် ဒီပဲယင်းမြို့သို့ Skat စကက်ကားအနီရောင်အပါအဝင် ကားနှစ်စီးဖြင့် နေရာပြောင်းရွှေ့ ထွက်ခွာလာစဉ် ပျံကျ နှင့် ကြခတ်ရွာအကြား ပြည်သူ့ကာကွယ်ရေးတပ်မှ မိုင်းဆွဲတိုက်ခိုက်ရာ မိုင်းထိမှန်၍ မီးလောင်ခဲ့ကြောင်း ဒေသခံများက ပြောသည်။
“၁ စီးကတော့လွတ်သွားတယ်။ skat ကားအနီကတော့မီးလောင်နေရာမှာပဲ ရပ်နေတယ်။ အထဲမှာစခန်းမှူးရဲ့ပစ္စည်းတွေရောမီးလောင်ပျက်စီးသွားတယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။
လူထိခိုက်သေဆုံးမှုအခြေအနေ မသိရသေးကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement
ဒီပဲယင်းမြို့နယ်တွင်း ခရီးသွားရောက်လိုပါက မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့များထံသတင်းပို့ပြီးမှသာ ချိတ်ဆက်သွားလာကြရန် ဒီပဲယင်း PDFက အသိပေးထားသည်။

















































