Connect with us

Hi, what are you looking for?

News

စိုင်ပြင်ရဲစခန်းမှူး ​ရေဦးမြို့ သို့​ပြောင်း​ရွှေ့စဥ်မိုင်းခွဲခံရ

“၁ စီးကတော့လွတ်သွားတယ်။ skat ကားအနီကတော့မီးလောင်နေရာမှာပဲ ရပ်နေတယ်။ အထဲမှာစခန်းမှူးရဲ့ပစ္စည်းတွေရောမီးလောင်ပျက်စီးသွားတယ်။”ဟု ဒေသခံတစ်ဦးက ​ပြောသည်။

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ စိုင်ပြင်ရဲစခန်းမှူး ရေဦးမြို့သို့နေရာပြောင်းရွှေ့စဥ် လမ်းတွင်မိုင်းခွဲခံရကြောင်း ဒေသခံများက ပြောသည်။

ယနေ့( နိုဝင်ဘာလ ၁၀ ရက် )မွန်းလွဲပိုင်းက
စိုင်ပြင်မြို့ မှစခန်းမှူးသည် ဒီပဲယင်းမြို့သို့ Skat စကက်ကားအနီရောင်အပါအဝင် ကားနှစ်စီးဖြင့် နေရာပြောင်းရွှေ့ ထွက်ခွာလာစဉ် ပျံကျ နှင့် ကြခတ်ရွာအကြား ပြည်သူ့ကာကွယ်ရေးတပ်မှ မိုင်းဆွဲတိုက်ခိုက်ရာ မိုင်းထိမှန်၍ မီးလောင်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

“၁ စီးကတော့လွတ်သွားတယ်။ skat ကားအနီကတော့မီးလောင်နေရာမှာပဲ ရပ်နေတယ်။ အထဲမှာစခန်းမှူးရဲ့ပစ္စည်းတွေရောမီးလောင်ပျက်စီးသွားတယ်။”ဟု ဒေသခံတစ်ဦးက ​ပြောသည်။

လူထိခိုက်သေဆုံးမှုအခြေအနေ မသိရသေးကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

ဒီပဲယင်းမြို့နယ်တွင်း ခရီးသွားရောက်လိုပါက မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့များထံသတင်းပို့ပြီးမှသာ ချိတ်ဆက်သွားလာကြရန် ဒီပဲယင်း PDFက အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊နတ်မောက်နဲ့ မြို့သစ်လမ်းပိုင်းမှာ နတ်မောက်မြို့ရဲစခန်းမှူးလိုက်ပါလာတဲ့ ကား ပစ်ခတ်ခံရပြီး စခန်းမှူး သေဆုံးသွားတယ်လို့ နေပြည်တော်တိုင်းစစ်ဌာန အမှတ်(၉၀၂)တပ်ရင်း တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

မန္တလေး - လားရှိုး ရထားလမ်းပိုင်းပေါ်က ကမ္ဘာကျော်ဂုတ်ထိပ်တံတား မိုင်းခွဲဖျက်ဆီးခံရမှု ဒီကနေ့(ဩဂုတ် ၂၄ရက်)နံနက်က ဖြစ်ပွားခဲ့ပါတယ်။

သတင်း

စစ်ကောင်စီတပ်​၏ ထိခိုက်ကျဆုံးမှုကို စုံစမ်းနေဆဲဖြစ်ပြီး ထွက်ပြေးလွတ်မြောက်လာသူများအား ရွှေဘိုခရိုင်အမှတ် (၁၄)တပ်ရင်း၊ရေဦး PDF မှ ကူညီဆောင်ရွက်ပေးထားကြောင်း သိရသည်။

သတင်း

အဖွဲ့ကထုတ်ပြန်​သောစက္ကန့် ၂၀ ကြာ ရုပ်သံဖိုင်တွင် ​လောင်ကစားရုံဟုယူဆ​ရ​သောအ​ဆောက်အအုံအတွင်းဗုံးတစ်ကြိမ်​ပေါက်ကွဲပြီး လက်နက်ငယ် ၂ ချက်ပစ်ခံသံကိုပါကြားရသည်။