Connect with us

Hi, what are you looking for?

သတင်း

တော်လှန်ရေးသမားအချင်းချင်း သွေးမကွဲပါက စစ်အာဏာရှင်ကိုနိုင်မည်ဟု PDFအမှတ်(၂)နယ်မြေ စစ်ဆင်ရေးမှူးပြော

စစ်အာဏာရှင်အဆက်ဆက် ကျင့်သုံးအောင်မြင်ခဲ့သည့် တော်လှန်ရေးဘက်တော်သားအချင်းချင်းသွေးကွဲစေမည့်စည်းကို ယခု တော်လှန်ရေးသမားများ ကျော်နိုင်ပါက စစ်အာဏာရှင်ကို အနိုင်ရမည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အမှတ်(၂) စစ်ဆင်ရေးနယ်မြေ စစ်ဆင်ရေးမှူး ရဲဘော်တင်ဦးက ပြောကြားသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အမှတ်(၂)စစ်ဆင်ရေးနယ်မြေ စစ်ဆင်ရေးမှူး ရဲဘော်တင်ဦးအား တွေ့ရစဉ်။ ဓာတ်ပုံ - CJ

မေ ၃၁၊၂၀၂၅။ထားမြတ်/People’s Spring

စစ်အာဏာရှင်အဆက်ဆက် ကျင့်သုံးအောင်မြင်ခဲ့သည့် တော်လှန်ရေးဘက်တော်သားအချင်းချင်းသွေးကွဲစေမည့်စည်းကို ယခု တော်လှန်ရေးသမားများ ကျော်နိုင်ပါက စစ်အာဏာရှင်ကို အနိုင်ရမည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အမှတ်(၂) စစ်ဆင်ရေးနယ်မြေ စစ်ဆင်ရေးမှူး ရဲဘော်တင်ဦးက ပြောကြားသည်။

ဒို့ပြန်လာပြီဧရာ၀တီ၏ ပင်လယ်အရောက် ရိုးမဖောက် စကားဝိုင်းဆွေးနွေးပွဲတွင် ရဲဘော်တင်ဦးက ယခုကဲ့သို့ ရှင်းလင်းပြောကြားခဲ့ခြင်းဖြစ်သည်။

တော်လှန်ရေးမှာ ကြမ်းတမ်းမည်ကို အားလုံးသိထားပြီးဖြစ်ပြီး အဓိက ပြောလိုသည်မှာ စစ်အာဏာရှင်တိုင်းလုပ်နေသည့် စည်းသုံးစည်းကျော်လွှားနိုင်ရေးဖြစ်သည်ဟု ရဲဘော်တင်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

” အဲဒီစည်းသုံးစည်းက ဘာလဲဆိုတော့ ပထမက သွေးအေးစေမယ့်စည်း၊ အာဏာရှင်က ကျနော်တို့ သွေးအေးသွားအောင် အမျိုးမျိုး အချိန်ဆွဲခဲ့တယ်။ အမျိုးမျိုး ကောလာဟလတွေလုပ်ခဲ့တယ်။ အမျိုးမျိုး မျော်လင့်ချက်အမှားတွေ ပေးခဲ့တယ်။ ဒါပေမဲ့ ပြည်သူတွေက သွေးမအေးဘူး။ သွေးအေးစေမယ့်စည်းကို ကျနော်တို့ ကျော်ခဲ့ပြီ။နောက်တခုက စည်းတစည်းထပ်တားတယ်။ ဒုတိယစည်း ။သွေးကြောင်စေတဲ့စည်း ။ ပြည်သူတွေ ကြောက်သွားအောင် တော်လှန်ရေးသမားတွေ ကြောက်သွားအောင် ရက်ရက်စက်စက် လုပ်ပြတယ်” ဟု ရဲဘော်တင်ဦးက ပြောသည်။

စစ်ကြောရေးစခန်းများ၊ စစ်မြေပြင်များ၌ စစ်ကောင်စီက ရက်စက်စွာလုပ်ပြပြီး ပြည်သူနှင့် တော်လှန်ရေးဘက်တော်သားများ သွေးကြောင် သွားအောင်လုပ်ဆောင်ခဲ့ကြောင်း ၎င်းက ဆိုသည်။

” သူတို့ကို ကြောက်သွားအောင်။ ဒါပေမဲ့လည်း ကျနော်တို့ ပြည်သူတွေနဲ့ တော်လှန်ရေးသမားတွေအားလုံးကရော အဲဒီသွေးမကြောင်ဘဲနဲ့ အဲဒီ ဟာတွေက နာကြည်းမှုတွေ ခွန်အားတွေဖြစ်ပြီးတော့ရှေ့ဆက်တိုးခဲ့တယ်။ဒီစည်းကိုလည်း ကျနော်တို့ ကျော်နိုင်ခဲ့ပြီ”ဟု ရဲဘော်တင်ဦးကပြောသည်။

နောက်ဆုံးကျန်နေသည့် စည်းမှာသွေးကွဲစေသည့် စည်းဖြစ်ပြီး အာဏာရှင် အဆက်ဆက် ကျင့်သုံး အောင်မြင်ခဲ့သည်ကို တွေ့ရဟု ပြောသည်။

” ကျနော်တို့ တော်လှန်ရေး သမိုင်းကြောင်းပဲ ပြန်ကြည့်ကြည့် အဖွဲ့အစည်းသမိုင်းကြောင်းတွေပဲ ပြန်ကြည့်ကြည့် ပန်းတိုင်ရောက်ခါနီးမှ ကိုယ့်အချင်းချင်း ကွဲလို့ အာဏာရှင်ကို အရှုံးပေးလိုက်ရတဲ့ သာဓကတွေအများကြီးရှိတယ်။ ဒါကြောင့်မို့ အခုကျနော်တို့က နောက်ဆုံးစည်းကိုရောက်ပြီ။ သွေးကွဲစေမယ့်စည်း။ ကျနော်တို့ အချင်းချင်းကြား၊ အထက်နဲ့အောက်ကြား၊ အဖွဲ့အစည်းအချင်းချင်းကြား။ ဘယ်နေရာလေး ဟသွားမလဲ၊ ဘယ်နေရာလေးအက်ကြောင်းထင်သွားမလဲ သွေးခွဲတယ်။ သွေးကွဲအောင်လုပ်တယ်။ ကျနော်တို့ သွေးမကွဲရင် ဒီပွဲနိုင်ပြီ။” ဟု ရဲဘော်တင်ဦးက ပြောသည်။

စစ်ရေးအရ များစွာပြောစရာမလိုဘဲ အကြမ်းဖက်စစ်တပ်က နိုင်ငံတဝန်း ရှုံးနိမ့်မှုများစွာ ရင်ဆိုင်နေရသည့် အခြေအနေတွင် သွေးမကွဲပါက တော်လှန်ရေး အောင်မြင်မည်ဟုလည်း ပြောသည်။

” ကျနော်တို့ ညီညွတ်ကြဖို့လိုတယ်။ ကျနော်တို့ ရဲဘော်တွေဘာတွေမှာချင်လဲဆို ကျနော်တို့ ညီညွတ်ကြဖို့လိုတယ်။ ကျနော်တို့ အချင်းချင်း ၊ အဖွဲ့အစည်းအချင်းချင်း တော်လှန်ရေးသမား အချင်းချင်း ညီညွတ်ကြဖို့လိုတယ်။ ပန်းတိုင်ကို အတူတူရောက်အောင် သွားကြမယ်။ ကျနော့်ရဲဘော်တွေအဲဒါလေး ပြောချင်ပါတယ်။” ဟု အမှတ်(၂) စစ်ဆင်ရေးနယ်မြေ စစ်ဆင်ရေးမှူးက ပြောကြားသည်။

ဆက်စပ်သတင်းများ

သတင်း

ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး မြန်မာစစ်အာဏာရှင်ကို ဆန့်ကျင်​​တဲ့ ဆန္ဒပြပွဲကို ဒီကနေ့ (စက်တင်ဘာ ၁)မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီရှိ ထိုင်းသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက စစ်အာဏာရှင်ကို ဖိတ်ခေါ်တွေ့ဆုံတဲ့ ထိုင်းအစိုးရနဲ့ဝန်ကြီးချုပ်ကို ဆန့်ကျင်ကန့်ကွက်ကြောင်း သြဂုတ် ၁၅ ရက်မှာ ဆန္ဒပြခဲ့ကြပါတယ်။

အတွေးအမြင်

“ကျွန်တော်တို့အစိုးရအဖွဲ့အနေနဲ့ ‘လူ့အသက်ထက် အရေးကြီးတာဘာမှမရှိ’ဆိုတဲ့ခံယူချက်ကို ဦးထိပ်ထားပြီး”

ဆောင်းပါး

ထိုင်းနိုင်ငံနဲ့ ထိုင်းပြည်သူတွေအတွက်လွန်စွာဝမ်းနည်းစိတ်မကောင်းဖြစ်ရပါတယ်လို့ ဦးစွာပြောလိုပါတယ်။ အကြောင်းရင်းကတော့ မိမိတို့နိုင်ငံရဲ့ ထုတ်ကုန်တစ်ခုဖြစ်တဲ့ ဗြဟ္မာ့ဦးခေါင်းကြီးကြောင့် သင်တို့မြေမှာ ဆိုးကျိုး တွေ ကြုံတွေ့ခဲ့ရတာကြောင့်ဖြစ်ပါတယ်။

Facebook