Connect with us

Hi, what are you looking for?

သတင်း

ပခုက္ကူမီးသတ်ရုံး၌တပ်စွဲထားသော စစ်တပ်ကို တော်လှန်ရေးတပ်များ အနီးကပ်ဝင်တိုက်

ပခုက္ကူခရိုင်မီးသတ်ရုံး၌တပ်စွဲထားသောစစ်ကောင်စီတပ်သားများကို မဟာမိတ်တပ်ဖွဲ့များနှင့်အတူ ယနေ့(ဇွန်လ ၁ ရက်)နံနက် အစောပိုင်းက အနီးကပ်ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်းပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)၊ တပ်ရင်း(၁)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ပခုက္ကူ ပ.က.ဖ တပ်ရင်း (၁)မှ ရဲဘော်အချို့ကို တွေ့ရစဥ်။ဓာတ်ပုံ - PKU N PDF

ဇွန်-၁၊ ၂၀၂၅။ ထင်လင်း/People’s Spring

ပခုက္ကူခရိုင်မီးသတ်ရုံး၌တပ်စွဲထားသောစစ်ကောင်စီတပ်သားများကို မဟာမိတ်တပ်ဖွဲ့များနှင့်အတူ ယနေ့(ဇွန်လ ၁ ရက်)နံနက် အစောပိုင်းက အနီးကပ်ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်းပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)၊ တပ်ရင်း(၁)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဇွန်လ (၁)ရက်နေ့၊ နံနက်အ​​စော ၃ နာရီခွဲ ဝန်းကျင်တွင် ပခုက္ကူမြို့ပေါ်ရှိခရိုင်မီးသတ်ရုံး၌ တပ်စွဲထားသောစစ်ကောင်စီတပ်သားများကို ပခုက္ကူ ပ.က.ဖ တပ်ရင်း (၁)၊ Shwe Nyar Myae PDF၊နယ်စည်းမခြားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊မြိုင်ပ.က.ဖ တပ်ရင်း(၃)၊ တပ်ခွဲ(၄)တို့နှင့် ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဟု ၎င်းကပြောသည်။

တိုက်ပွဲကြာချိန် နာရီဝက်ကျော်ကြာမြင့်ခဲ့ပြီးစစ်ကောင်စီဘက်မှ ငါးဦးသေဆုံးကာ ငါးဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိသွားသည် ကနဦးသိရှိရကြောင်း ပခုက္ကူ ပ.က.ဖ တပ်ရင်း (၁)မှ တာ ဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

“(စစ်ကောင်စီတပ်အင်အား) ပုံမှန်တော့ မရှိဘူးဗျ။ ခန့်မှန်း ၂၀ ကျော်ဝန်းကျင်လောက် ရှိမယ်ခင်ဗျ။ အဲ့ရုံးက(တပ်မ) ၁၀၁ လက်အောက်ခံ ၂၅၉ တပ်အနီး ပခုက္ကူမြို့ရှောင်လမ်းမကြီးဘေးမှာ ရှိတာပါခင်ဗျ”ဟု မီးသတ်ရုံးတည်နေရာနှင့်ပတ်သက်၍တာဝန်ရှိသူက ဆက်ပြော သည်။

အဆိုပါ မီးသတ်ရုံး၌တပ်စွဲထားသော စစ်ကောင်စီတပ်သားများအား တိုက်ခိုက်နေစဥ်ခလရ(၂၅၉)နှင့် တပ်မ(၁၀၁)တို့ တပ်ကူများရောက်ရှိလာရာ တော်လှန်ရေးရဲဘော်များ ပြန် လည်ဆုတ်ခွာခဲ့ရကြောင်း ပခုက္ကူ ပ.က.ဖ တပ် ရင်း (၁)က အသိပေးသည်။

ဇွန်လ၁ရက်​နေ့တွင်ပခုက္ကူအခြေစိုက်တပ်မ(၁၀၁)မှ ထွက်လာသော စစ်ကောင်စီတပ်ယာဥ်တန်းနှင့် ခြေလျင်စစ်ကြောင်းတစ်ခုသည် မြိုင်မြို့နယ်နှင့် ပေါက်မြို့နယ်များဘက်သို့ ဦးတည်ထွက်ခွာလာခြင်းကြောင့် စစ်ကြောင်းထွက်ခွာရာလမ်းပိုင်းတလျောက်မှ ပြည်သူများအနေဖြင့် သတိပြုသွားလာနေထိုင်ကြရန် တော်လှန် ရေးတပ်ဖွဲ့များက အသိပေးနှိုးဆော်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊မြင်းခြံမြို့နယ်၊စံပြကျေးရွာက စစ်တပ်အထိုင်စခန်းကိုတော်လှန်ရေးပူးပေါင်းတပ် တွေက ဒီနေ့မနက်ပိုင်းမှာ တိုက်ခိုက်သိမ်းယူနိုင်ခဲ့တယ်လို့ မြင်းခြံမြို့နယ်၊ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) သတင်းပြန်ကြား ရေးတာဝန်ခံက​ပြောပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။