Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီကိုဆန်ကျင်ပြီး အ​ရေးယူ​ရန် စစ်ကိုင်းနဲ့ တနင်္သာရီတိုင်းမှာ ဆန္ဒထုတ်ဖော်

စစ်ကိုင်းတိုင်းအတွင်းသပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ဒီကနေ့(ဇွန်လ ၅)မှာ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး နဲ့ စစ်ကောင်စီကို ILO ပုဒ်မ ၃၃ အရအရေးယူရေးတောင်းဆိုတဲ့ဆန္ဒပြပွဲတွေ သပိတ်အဖွဲ့တွေက အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

ဇွန် ၅၊၂၀၂၅။ သုည/People’s Spring

စစ်ကိုင်းတိုင်းအတွင်းသပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ဒီကနေ့(ဇွန်လ ၅)မှာ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး နဲ့ စစ်ကောင်စီကို ILO ပုဒ်မ ၃၃ အရအရေးယူရေးတောင်းဆိုတဲ့ဆန္ဒပြပွဲတွေ သပိတ်အဖွဲ့တွေက အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင်ဒေသ လူထုသပိတ်က ဦးဆောင်ပြီး “Vote ILO Article 33 to save LIVES” စာသားကိုင်ဆောင်ကာ “လူ့အသက်တွေကယ်တင်ဖို့ ILO Article 33 ကိုမဲပေးပါ” ကြွေးကြော်သံတွေနဲ့ လူထုလှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။

ယင်းမာပင်မြို့နယ်မှာလည်းရွာပေါင်းစုံသပိတ်စစ်ကြောင်းနဲ့ သွေးမအေးတဲ့ ရွှေနွယ်သွေးသပိတ်စစ်ကြောင်းတို့ ပူးပေါင်းကာ ရဲဘော်ကိုကျော်ဝင်းအောင်ကျဆုံးခြင်း ၈လပြည့် အလေးပြုအခမ်းအနားနဲ့ စစ်အာဏာရှင် ဆန့်ကျင်ရေး သပိတ်ကို လုပ်ဆောင်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ယင်းမာပင်မြို့နယ်မြောက်ခြမ်းမှာလည်း အောင်လံလွှင့်မည် ဒေါင်းသွေးနီ သပိတ် စစ်ကြောင်း၊ နောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေး သပိတ်စစ်ကြောင်းတို့က မတရားတဲ့စစ်မှုထမ်းဥပဒေကိုဆန့်ကျင်ကြဖို့နဲ့ စစ်အာဏာရှင်ကိုဆန့်ကျင်ဖို့ ချီတက်ဆန္ဒပြ ထုတ်ဖော်ခဲ့ပါတယ်။

တနင်္သါရီတိုင်း ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်မှာလည်း ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ(DDMSC) မှ ဒီနေ့ “ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့”မှာ “ကမ္ဘာမြေ စိမ်းလန်းပါစေ၊ မြန်မာပြည် ငြိမ်းချမ်းစေ” ခေါင်းစဥ်နဲ့ မိုးရာသီသစ်ပင်စိုက်တဲ့ ကမ်ပိန်းလှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။

ဓာတ်ပုံ-စစ်ကိုင်းဒေသသပိတ်အင်အားစု၊ လက်ပံတောင်းသပိတ်၊ DDMSC

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းမြို့အ​ခြေစိုက်၊တပ်မ(၃၃)ကိုပြန်လာတဲ့ စစ်တပ်ယာဉ်တန်း ဒီက​နေ့မှာမိုင်းဆွဲခံရပြီးထိခိုက်မှုရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄) တပ်ရင်း(၁၁)ထံ စစ်ကောင်စီ တပ်သား ၁ဦး အလင်းဝင်လာကြောင်း KNUက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။