Connect with us

Hi, what are you looking for?

သတင်း

နမ့်စန်လေတပ်သို့ ပို့မည့်လေယာဉ်ဆီတင်ကားကို မြန်လမ်းပေါ်တွင်PDF ဖမ်းဆီး၊ စစ်​ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦးကိုလည်းဖမ်းဆီး

နမ့်စန်လေတပ်သို့ ပို့မည့် လေယာဉ်ဆီတင်ဘောက်ဆာကားကို နတ်မောက်မြို့အခြေစိုက် Aung San’s Land Natmauk ပြည်သူ့ကာကွယ်ရေးအဖွဲ့က နေပြည်တော် – မန္တလေးအမြန်လမ်းပေါ်တွင် ဖမ်းဆီးလိုက်သည်။

​လေယာဥ်ဆီတင်ကားနှင့် လုံခြုံ​ရေးလိုက်လာ​သောစစ်သားကိုဖမ်းဆီးပြီး​နောက်​တွေ့ရစဥ်။ ဓါတ်ပုံ-Aung San's Land Natmauk

ဇွန်-၈၊၂၀၂၅။ရဲ​ခေါင်၊ကဖေး၊/People’s Spring

နမ့်စန်လေတပ်သို့ ပို့မည့် လေယာဉ်ဆီတင်ဘောက်ဆာကားကို နတ်မောက်မြို့အခြေစိုက် Aung San’s Land Natmauk ပြည်သူ့ကာကွယ်ရေးအဖွဲ့က နေပြည်တော် – မန္တလေးအမြန်လမ်းပေါ်တွင် ဖမ်းဆီးလိုက်သည်။

ဇွန်လ ၈ ရက်နံနက်ပိုင်းတွင် ရန်ကုန် -မန္တ လေးအမြန်လမ်းမပေါ် မိုင်တိုင် ၂၆၂ အနီးတွင် ဂါလံ ၃,၀၀၀ ပါ လေယာဉ်ဆီဘောက်ဆာ ကား (ယာဉ်အမှတ် 2B-8525)ကို ဖမ်းမိနိုင်ခဲ့ခြင်းဖြစ်သည် ဟု Aung San’s Land Natmauk ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ရှိသူက လူထုနွေဦးသို့ပြောသည်။

“ကျနော်တို့က နယ်မြေလုံခြုံရေးဆောင်ရွက်နေချိန်ဖရဲသီးသတင်ပေးမှုကြောင့် ဖမ်းဆီးစစ်ဆေးခဲ့ ခြင်းဖြစ်ပါတယ်”ဟု အထက်ပါတာဝန်ရှိသူက လေယာဥ်ဆီသယ်ယာဥ်ကို ဖမ်းဆီးနိုင်ခြင်းကို ရှင်းပြသည်။

Public Service Announcement

Public Service Announcement

သို့သော် သတင်းပေးလုံခြုံရေးအတွက် အသေးစိတ်အချက်အလက်ကိုမူ ​ပြောကြားခြင်းမရှိပေ။လေယာဥ်ဆီဘောက်ဆာကားနှင့်အတူ ယာဥ်ပေါ်ပါ စစ်ကောင်စီတပ်သားနှစ်ဦးကိုလည်း ဖမ်းမိထားကြောင်း အသိပေးသည်။

“လုံခြုံတဲ့နေရာအကုန်ရောက်ပြီ”ဟု Aung San’s Land Natmauk ၏ တာဝန်ရှိသူက ပြောသည်။

မော်တော်ယာဉ်အမှတ် (2B- 8525 )သည် နမ့်စန်လေတပ်စခန်းဌာနချုပ် အုပ်/တပ်များရှိလေယာဉ်/ရဟတ်ယာဉ်များ စစ်ဆင်ရေးနှင့် လေ့ကျင့်ပျံသန်းရေး၊ အုပ်ချုပ်မှုသုံးမော်တော်ယာဉ် များနှင့် ရေစက်/မီးစက်များ အသုံးပြုရန်အတွက် လေယာဉ်ဆီ(JET-A1)၊ Octane နှင့် High Speed Diesel ဆီများအား သယ်ယူပို့ဆောင်ရန်အတွက် အသုံးပြုသည့် ဆီသယ်ယာဉ်ဖြစ်ကြောင်း နှင့် လိုအပ်သလိုကူညီဆောင်ရွက်ပေးနိုင်ပါရန်အကြောင်းကြားအပ်ပါသည်ဟု နမ့်စန်လေတပ်ဌာနချုပ်သို့လိပ်မူထားသည့်စာတွင်ရေးသားထားသည်။ အဆိုပါကားနှင့်အတူ အရာခံဗိုလ်မင်းထွဋ်ဆိုသူကိုပါ စေလွှတ်လိုက်ကြောင်းစာ၌ဖော်ပြထားသည်။

နမ့်စန်လေတပ်သည်နေ့စဉ် တိုက်လေယာဥ်အတက်အဆင်းပြုလုပ်၍ အရပ်သားပြည်သူများအား လေကြောင်းမှတိုက်ခိုက်နေကြောင်း တော်လှန်ရေးအင်အားစုများကပြောသည်။

ထိုအပြင်နမ့်စန်လေတပ်စခန်းဌာနချုပ်သည် စစ်ကောင်စီ၏ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေတွင်ရှိကာ ထိုစစ်ဌာနချုပ်ကို ဗိုလ်ချုပ်မျိုးမင်းထွေးက တာဝန်ယူထားသည်။

ရှမ်းပြည်တောင်ပိုင်းတိုက်ပွဲများနှင့်ညီနောင်မဟာမိတ် သုံးဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးများတွင် နမ့်စန်လေတပ်စခန်းကို စစ်ကောင်စီအသုံးပြုခဲ့ကြောင်း စစ်ဘက်သတင်းအချို့က ဖော်ပြသည်။

စစ်ကောင်စီကအရပ်သားများအပေါ် မဆင်မခြင်တိုက်ခိုက်နေ၍ဟန့်တားရန်နှင့် လေယာဉ်လောင်စာဆီထောက်ပံ့နေမှုများ ရပ်ဆိုင်းရေးအတွက် ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေဖြင့် ပိတ်ဆို့အရေးယူရန် အမျိုးသားညီညွတ်‌ ရေးအစိုးရနှင့်လူ့အခွင့်အရေးလှုပ်ရှားသည့်အဖွဲ့များက တောင်းဆိုထားသည်။

စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၅ မေလ ၃၁ရက်အထိ လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်ပေါင်း၂,၈၄၁ခုရှိပြီး သေဆုံးသူ စုစုပေါင်း ၃,၁၅၂ ဦးရှိခဲ့သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ဇွန်လ၄ရက်၌ ထုတ်ပြန်ထားသည်။

(​လေယာဥ်ဆီတင်ကားနှင့် လုံခြုံ​ရေးလိုက်လာ​သောစစ်သားကိုဖမ်းဆီးပြီး​နောက်​တွေ့ရစဥ်။ ဓါတ်ပုံ-Aung San’s Land Natmauk )

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

Facebook