Connect with us

Hi, what are you looking for?

သတင်း

ရွှေသန့်စင်ဖိုများလုပ်ငန်းယာယီရပ်ရန် စစ်​ကောင်စီခြိမ်း​​ခြောက်

ကမ္ဘာ့ရွှေ အမြင့်စျေးဖြင့် စျေးကွက်ပိတ်ခဲ့ပြီး ပြည် တွင်း၌ ရွှေသန့်စင်ဖိုများလုပ်ငန်းယာယီရပ်ရန် စစ်ကောင်စီက ဖိအားပေးနေကြောင်း ရွှေလုပ်ငန်းရှင် အချို့ကပြောသည်။

​ရွှေ​ဈေးတက်တိုင်း လုပ်ငန်းရှင်များကိုဖမ်းဆီး​ခြင်း၊ ခြိမ်း​ခြောက်ငွေညှစ်​လေ့ရှိ​သောစစ်​ကောင်စီ​ကြောင့် အကယ်ဒမိ​ရွှေသန့်လုပ်ငန်းက ဇွန် ၁၃ ရက်မှစ၍ လုပ်ငန်းယာယီရပ်နားထား​ကြောင်းကြေညာစဥ်။ဓါတ်ပုံ-CJ

ဇွန်-၁၄၊၂၀၂၅။ရဲခေါင်/People’s Spring

ကမ္ဘာ့ရွှေ အမြင့်စျေးဖြင့် စျေးကွက်ပိတ်ခဲ့ပြီး ပြည် တွင်း၌ ရွှေသန့်စင်ဖိုများလုပ်ငန်းယာယီရပ်ရန် စစ်ကောင်စီက ဖိအားပေးနေကြောင်း ရွှေလုပ်ငန်းရှင် အချို့ကပြောသည်။

ယခုရက်သတ္တပါတ်တွင် ဇွန်၉ ရက် (တနလာ်​နေ့) ကမ္ဘာ့ရွှေအဖွင့်စျေးသည့် တစ်အောင်စ ၃,၃၁၁​ဒေါ် လာ ဖြစ်ပြီး သောကြာနေ့ (ဇွန် ၁၃)ညပိုင်းစျေးပိတ်ချိန်တွင် ၃,၄၃၃ ဒေါ်လာ ရှိသည်။ထို့ကြောင့် ကမ္ဘာ့ရွှေစျေးသည်တစ်ပါတ်အတွင် တစ်အောင်စ ဒေါ်လာ ၁၀၀ ကျော်တက်ခဲ့သည်။

ထိုနည်းတူ ပြည်တွင်းရွှေပေါက်စျေးသည် ဇွန်လ ၇ ရက်တွင် ၁၆ ပဲရည်တစ်ကျပ်သား ၇၇ သိန်းဝန်းကျင်နှင့်၁၅ ပဲရည်တစ်ကျပ်သား ၇၂ သိန်းခန့်ရှိရာမှ ဇွန် ၁၄ ရက်နံနက်ပိုင်း ပြင်ပစျေးကွက်တွင် ၁၆ ပဲရည်တစ်ကျပ်သား ၈၂ သိန်းဝန်းကျင်ရှိနေသည်ဟုသိရသည်။

Public Service Announcement

Public Service Announcement

“နောက်တစ်ပါတ် တနလာ်နေ့ ကမ္ဘာရွှေအဖွင့်စျေး ကို ပြန်စောင့်ကြည့်ရမယ်။သောကြာနေ့အပိတ်စျေးအတိုင်း စဖွင့်မယ်ဆိုရင် ဆက်တက်မယ့်သဘောမျိုးမြင်ရတယ်။မနေ့ကဆိုရင် အိမ်နီးချင်းထိုင်းမှာတောင် တစ်ရက်တည်းနဲ့ ရွှေစျေးက တစ်ကျပ်သားဘတ်တစ်ထောင်လောက်တက်တယ်။ဒီမှာသာ ဝရုန်းသုန်းကား ဖြစ်နေတာ”ဟု ရွှေစျေးကွက်စောင့်ကြည့်သူတစ်ဦးက ပြောသည်။

ရွှေစျေးတည်ငြိမ်ကျဆင်းရေးအတွက်ရွှေဆိုင်များဆက်လက်ဖွင့်လှစ်ထားနိုင်သော်လည်း အခေါက်ရွှေများရောင်းဝယ်ခြင်းမလုပ်ရန်နှင့် ရွှေလှော်ဖို(ရွှေသန့်စင်ဖို)လုပ်ငန်းများခေတ္တရပ်ရန် ရွှေလုပ်ငန်းရှင်များအသင်းကို စစ်ကောင်စီကခြိမ်း​ခြောက်ထားသည်။

“စစစ(အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန)က စစ်မယ်။မိရင် ကိုယ်ဖြစ်ကိုယ်ခံပေါ့။အခုက ရွှေစျေးတက်တာနဲ့ ရွှေဆိုင်သူဌေးတွေ မျက်ခုံလှုပ်နေရပြီ။စီးပွား ရေးအကြောင်း မသိတဲ့ ကောင်တွေအုပ်စိုးနေသမျှတော့ ဘာစီးပွားရေးမှကောင်းကောင်းမွန်မွန်လုပ်စား မရဘူး”ဟုရွှေသန့်စင်လုပ်ငန်းလုပ်ကိုင်သူတစ်ဦးက ပြောသည်။စစ်ကောင်စီထိန်းချုပ်မှုအောက်ရှိနေသည့် ရွှေလုပ်ငန်း ရှင်အသင်းက ဇွန် ၁၄ ရက်တွင်၁၆ ပဲရည်တစ်ကျပ်သား ၅၉ သိန်း ကျပ်ဖြင့် စျေးဖွင့်ထားသည်။ထိုစျေးဖြင့် မည်သည့် ရွှေဆိုင်မှ အရောင်း၊အဝယ်မပြုလုပ်ပေ။

စစ်ကောင်စီလက်ထက် ဖုံးကွယ်ထားသော စစ်ရေးအသုံးစရိတ် နှင့် စုစုပေါင်းပြည်တွင်းအသားတင်ထုတ်ကုန် (GDP) တွင် နှစ်စဥ်လိုငွေပြမှုအပါအဝင် တိုးမြင့်လာသော ပြည်ပချေးငွေကို ကျားကန်ပေးနေရသည့် ဗဟိုဘဏ် က ဒေါ်လာချုပ်ကိုင်မှုသာလျှင် မြန်မာ့စီးပွားရေး နှင့် အခြေခံလူထုကို ပိုမိုမွန်းကြပ်လာစေကြောင်း စီးပွား ရေးလုပ်ငန်းရှင်အချို့က အသိပေးထားသည်။

ပြည်ပသွင်းအားစုကို မှီခိုနေရသည့်အပြင် အချိန်မရွေး မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့နိုင်သည့် အခြေ အနေကြောင့် ဒေါ်လာငွေလဲနှုန်းသည်လည်းယခင်အပါတ်က တစ်ဒေါ်လာ ၄,၄၀၀ ကျပ်မှ ဇွန် ၁၄ ရက်တွင် ၄,၅၄၀ ကျပ်ဝန်းကျင် ရှိနေသည်။

စစ်ကောင်စီ၏ ဗဟိုဘဏ်က ဒေါ်လာစျေးကစားသူများနှင့် လုပ်ငန်းလိုင်စင်မရှိဘဲ နိုင်ငံခြား ငွေ ဝယ်ယူ၊ ရောင်းချ နှင့် လဲလှယ်သူများကို အရေးယူမည်ဟု ဇွန်လ ၁၂ ရက်က စာထုတ်ပြန်၍ ခြိမ်းခြောက်ထား သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။