Connect with us

Hi, what are you looking for?

သတင်း

မင်းလှမြို့နယ်အတွင်းတိုက်ပွဲပြင်းထန်နေ

ပဲခူးတိုင်း၊မင်းလှမြို့နယ်အတွင်းရန်ကုန်-ပြည်လမ်းပိုင်း အပါအဝင် နေရာ၄ ​နေရာ၌ တိုက်ပွဲဖြစ်ပွားနေပြီး ဗိုလ်မှူးအဆင့်အပါအဝင်စစ်ကောင်စီတပ်ဖွဲ့ဝင် အချို့ သေဆုံးပြီး စစ်ရေးဆက်လက် တင်းမာနေကြောင်းသတင်းရရှိသည်။

မင်းလှမြို့နယ် အတွင်းရှိ PDF အချို့

ဇွန်-၁၇၊၂၀၂၅။ဇော်ရမ်း/People’s Spring

ပဲခူးတိုင်း၊မင်းလှမြို့နယ်အတွင်းရန်ကုန်-ပြည်လမ်းပိုင်း အပါအဝင် နေရာ၄ ​နေရာ၌ တိုက်ပွဲဖြစ်ပွားနေပြီး ဗိုလ်မှူးအဆင့်အပါအဝင်စစ်ကောင်စီတပ်ဖွဲ့ဝင် အချို့ သေဆုံးပြီး စစ်ရေးဆက်လက် တင်းမာနေကြောင်းသတင်းရရှိသည်။

မင်းလှမြို့နယ်၊အုတ်တွင်းရွာနှင့်ရန်ကုန်-ပြည်လမ်းပိုင်း နှစ်နေရာ၌ ဇွန်လ ၁၆ရက်က တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဇွန်လ၁၇ရက်၌ တာလေးရွာ၌တိုက်ပွဲထပ်မံဖြစ်ပွားနေသည်ဟု ဒေသခံသတင်းရင်းမြစ်ကပြောသည်။

“တိုက်ပွဲပြင်းထန်နေတာတော့မှန်တယ်။စစ်တပ်ဘက်ကသေဆုံးသူတွေရှိပြီး နောက်ထပ်အင်အားအများကြီးတိုးထားတယ်” ဟုမင်းလှမြို့ခံတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

ဇွန်လ ၁၆ရက်က အုတ်တွင်းရွာရှိစစ်တပ်စစ်ဆေးရေးဂိတ်ကို PDF များက တိုက်ခိုက်ပြီးနောက်စစ်တပ်ကရမ်းသမ်းပစ်ခတ်စဉ် အရပ်သားသုံးဦး သေဆုံးခဲ့သည်ဟု သတင်းရရှိသည်။

ယနေ့ နံနက်ပိုင်းတိုက်ပွဲတွင်စစ်တပ်ကလက်နက်ကြီးဖြင့်ပစ်၍ဖားလေးကွင်းမြောက်စုရွာကို ကျရောက်ပေါက်ကွဲခဲ့ပြီး အမျိုးသမီးတစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရခဲ့သည်ဟု မြို့ခံတစ်ဦးကပြောသည်။

စစ်ရေးသတင်းရင်းမြစ်တဦးကလည်းမင်းလှမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားနေကြောင်းနှင့် စစ်ကောင်စီဘက်၌ ဗိုလ်မှူးအဆင့်အထိသေဆုံးကြောင်း အတည်ပြုထားနိုင်သည်ဟုပြောသည်။

ပဲခူးရိုးမPDFဗျူဟာ(၂၂)နှင့် မဟာမိတ်များက စစ်ကောင်စီစစ်ကြောင်းများကိုတိုက်ခိုက်နေခြင်းဖြစ်ပြီးမကြာမီသတင်းထုတ်ပြန်မည်ဟုစုံစမ်းသိရသည်။

မင်းလှမြို့နယ်တွင် မေလ ၂၂ရက်နှင့် ၂၃ရက်ကလည်းစိန်ကန့်လန့်−မြို့ချောင်း ရိုးမဖြတ်ကျော်လမ်း၌အင်အား ၁၀၀ကျော်ပါစစ်တပ်စစ်ကြောင်းအား ပူးပေါင်းတပ်များက တိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ ၁၀ဦး ထက်မနည်းသေဆုံးခဲ့သည်ဟု သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ က သတင်းထုတ်ပြန်ခဲ့သည်။

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ​မှောစီဆာ ၌ ယနေ့ဖြစ်ပွား‌နေသောတိုက်ပွဲတွင်လည်း စစ်ကောင်စီဘက်မှ ဒုဗိုလ်မှူးအပါအဝင် ၂၀ဦးထက်မနည်းသေဆုံးကြောင်း KIA၊KPDF နှင့် နီးစပ်သူများထံမှသိရသည်။

မင်းလှနှင့် ဖားကန့်တိုက်ပွဲ၌ အထိနာနေသောကြောင့် စစ်ကောင်စီက လေကြောင်းမှတိုက်ခိုက်လာနိုင်၍ ဒေသခံများသတိပြုကြရန် တော်လှန်ရေးအင်အားစုများက သတိပေးနေကြသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ မိုးဗြဲ -နန်းမယ်ခုံမြို့ကြား နဲ့ ဒီးမော့ဆိုမြို့အနီးမှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်တိုက်ပွဲအတွင်း စစ်တပ်တပ်ဖွဲ့ဝင် ၆ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးမှုတွေလည်းရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်ပဲခူးတိုင်းစစ်ဌာန၊ အမှတ် (၂၂) ဗျူဟာလက်အောက်မှာရှိတဲ့ သာယာဝတီခရိုင် တပ်ရင်း (၁)က ဇွန်လ ၁၇ ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။