Connect with us

Hi, what are you looking for?

သတင်း

ထီးလင်းအချုပ်မှ ဖမ်းဆီးခံထားရ​သော ပြည်သူ ၁၃ ဦးထွက်​ပြေးလွတ်​မြောက်လာ

မကွေးတိုင်း၊ထီးလင်းမြို့အချုပ်ခန်း၌ စစ်​ကောင်စီက ဖမ်းဆီးချုပ်​နှောင်ထားသောပြည်သူ ၁၃ ဦး ထွက်ပြေးလွတ် မြောက်လာကြောင်းဒေသခံသတင်းရင်းမြစ်များကလူထုနွေဦးသို့ပြောသည်။

ဇွန်-၁၈၊၂၀၂၅။ရဲခေါင်/People’s Spring

မကွေးတိုင်း၊ထီးလင်းမြို့အချုပ်ခန်း၌ စစ်​ကောင်စီက ဖမ်းဆီးချုပ်​နှောင်ထားသောပြည်သူ ၁၃ ဦး ထွက်ပြေးလွတ် မြောက်လာကြောင်းဒေသခံသတင်းရင်းမြစ်များကလူထုနွေဦးသို့ပြောသည်။

ယမန်နေ့(ဇွန်လ ၁၇ ရက်)ညပိုင်းက ထွက်ပြေးလာသူများသည် စစ်တပ်စစ်ကြောင်းထိုးစဥ် ပေါ်တာဆွဲခံရသူများ နှင့် တော်လှန်ရေးခံယူချက်ကြောင့် စစ်ကောင်စီ၏ ဖမ်းဆီးခံရသူများဟုသိရသည်။

“ခံယူချက်ကြောင့်ဖမ်းဆီးခံရတာတွေနဲ့စစ်ကြောင်းနဲ့ ဖမ်းမိတဲ့သူတွေပါ။တလရ(တော်လှန်ရေး)အစပိုင်းကဖမ်းခံရတဲ့သူ အချို့လည်းပါတယ်”ဟု ထီးလင်းမြို့ခံတစ်ဦးက အချုပ်ခန်းမှထွက်ပြေးလွတ်မြောက်ခဲ့သူများအခြေအနေကိုရှင်းပြသည်။

Public Service Announcement

Public Service Announcement

ထီးလင်းမြို့မအချုပ်ခန်းမှ ပြည်သူများလွတ်မြောက် လာသည်ကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့၏တာဝန်ရှိသူတစ်ဦးကလည်းအတည်ပြုသည်။

“လုပ်ငန်းစဥ်တွေတော့ မပြီးသေးဘူးဗျ”ဟု ၎င်းက ပြောသည်။

၂၀၂၄ခုနှစ် ဇွန်လ ၂၄ ရက်ကလည်း ထီးလင်းမြို့ ထွေအုပ်ရုံး၌ ဖမ်းဆီးခံထားရသူငါးဦးထွက်ပြေးလွတ်မြောက်ခဲ့သည့်ဖြစ်စဥ်ရှိခဲ့ဖူးသည်။

ထီးလင်းမြို့ပေါ်ရှိ မြို့နယ်ထွေအုပ်ရုံး၊စိုက်ပျိုးရေးရုံး၊စိုက်ပျိုးရေးဘဏ်၊၊မြန်မာ့စီးပွားရေးဘဏ်၊မြို့အရှေ့ဖက် ရုပ်/သံကုန်း၊ မြို့မရဲစခန်းဝင်းနှင့် မြို့နယ် ရွှေထီးခန်းမ တို့တွင်စစ်ကောင်စီက အင်အားဖြန့်ကျက်ထားသည်။

ထီးလင်းမြို့နယ်၏ မြို့ပေါ်နေရာမှအပကျန်ရှိသည့်ဒေသများကို တော်လှန်ရေးအင်အားစုများက ထိန်းချုပ်ပိတ်ဆို့ထားသည်။

ထီးလင်းမြို့ပေါ်တွင်စစ်ကောင်စီနှင့်ပျူစောထီး အင်အား ၂၀၀ ဝန်းကျင် နှင့် ၎င်းတို့မိသားစုဝင်များ စုစုပေါင်း ၆၀၀ ခန့်ကို အမြန်ဆုံးအလင်းဝင်ဘက်ပြောင်းရန် ယခုနှစ်ဆန်းပိုင်းက ထီးလင်းမြို့နယ်ပြည်သူ့အုပ်ချုပ်​ရေးအဖွဲ့-ပအဖ က ကမ်း လှမ်းခဲ့သော်လည်း ထူးခြားမှုမရှိခဲ့ပေ။

စစ်ကောင်စီစွန့်လွှတ်လိုက်ရပြီးဖြစ်သောချင်းပြည်တောင်ပိုင်းမြို့များနှင့် နီးကပ်ပြီး မကွေးတိုင်း၏ အနောက်ဘက်ခြမ်းတွင်ရှိသည့် ထီးလင်းမြို့နယ်သည်ဂန့်ဂေါ၊ဆော၊ကျောက်ထု၊ကျော နှင့်အတူ ယောဒေသ အဖြစ်လူသိများသည်။

ထွေ/အုပ်စာရင်းများအရ ၂၀၂၃ ခုနှစ်မတ်လကုန်အထိ ထီးလင်းမြို​နယ်၌ လူဦးရေ ငါးသောင်းကျော်ရှိပြီးမြို့ပေါ်တွင် နေထိုင်သူ ငါးထောင်ခန့်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

မကွေးတိုင်း၊ ယောဒေသက ဆောမြို့နယ် နဲ့ထီးလင်းမြို့နယ်ကြားကို စစ်တပ်က လေကြောင်း တိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်နေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်း မြစ်တချို့က ပြောပါတယ်။