Connect with us

Hi, what are you looking for?

သတင်း

ဆိုင်ကယ်လိုင်စင်မရှိ၍ ဖမ်းဆီးခံရပြီးစစ်သားသစ်စုဆောင်းခံရသူက လက်နက်များယူပြီး KNLA ထံအလင်းဝင်

ပဲခူးတိုင်း အုတ်တွင်းမြို့နယ်အတွင်းစစ်ကောင်စီတပ်က ဖမ်းဆီးပြီး စစ်သားစုဆောင်းခံရသည့် တပ်သားကိုဝေယံထွန်းသည်ကရင်ပြည်နယ် အောင်ဇေယျစစ်ဆင်ရေးမှ ထွက်ပြေးပြီးကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)ထံ အလင်းဝင်ခဲ့ကြောင်း KNLA ဗဟိုဌာနချုပ်က ယနေ့ထုတ်ပြန်သည်။

စစ်သားသစ်အဖြစ် အဓမ္မစု​ဆောင်းခံရပြီး စစ်သင်တန်းတက်ခိုင်းပြီး ​အောင်​ဇေယျစစ်​ကြောင်းပို့၍ စစ်တိုက်ခိုင်းခံရ​သော ​ဝေယံထွန်းကသူ၏ အ​တွေ့အကြုံကို​ပြောကြားစဥ်။ ဓါတ်ပုံ-KNLA

ဇွန်-၂၀၊၂၀၂၅။ထားမြတ်/People’s Spring

ပဲခူးတိုင်း အုတ်တွင်းမြို့နယ်အတွင်းစစ်ကောင်စီတပ်က ဖမ်းဆီးပြီး စစ်သားစုဆောင်းခံရသည့် တပ်သားကိုဝေယံထွန်းသည်ကရင်ပြည်နယ် အောင်ဇေယျစစ်ဆင်ရေးမှ ထွက်ပြေးပြီးကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)ထံ အလင်းဝင်ခဲ့ကြောင်း KNLA ဗဟိုဌာနချုပ်က ယနေ့ထုတ်ပြန်သည်။

အမှတ် (၃၃၈)​ခြေမြန်တပ်ရင်း(ခမရ-၃၃၈)မှ တပ်သားသစ် ဝေယံထွန်းသည် အုတ်တွင်းမြို့နယ်တွင် သူငယ်ချင်းနှင့်အတူ စစ်ကောင်စီတပ်က ဖမ်းဆီးပြီးစစ်သားစုဆောင်းခဲ့ခြင်းဖြစ်သည်။

“ဆိုင်ကယ်လိုင်စင်ဖမ်းတာလိုင်စင်မရှိလို့။ သူငယ်ချင်း ၁ ယောက်ကို ပြန်လွှတ်လိုက်တယ်။ ကျနော့်ကို အချုပ်ထဲမှာ ၂ရက်ထားတယ်။” ဟု တပ်သား ဝေယံထွန်းက ပြောပြသည်။

Public Service Announcement

Public Service Announcement

အချုပ်မှ တောင်ငူ စုဆောင်းရေးသို့ ပို့ဆောင်ခဲ့ပြီး ထိုမှတဆင့် အမှတ်(၉) လေ့ကျင့်ရေးကျောင်း (သထုံ)သို့ ပို့ဆောင်ခဲ့ကြောင်း ၊ သင်တန်းသုံးလတပ်ပြီး နောက် ခမရ(၃၃၈)ကို ပို့ဆောင်ခံရခြင်းဖြစ်ကြောင်း၎င်း၏ အ​တွေ့အကြုံကို​ပြောသည်။

စစ်ကောင်စီတပ်တွင်း၌ ညဘက် ကင်းစောင့်ခိုင်းပြီး နေ့ဘက် အနားမပေးကြောင်း ထမင်း၀​အောင် မစားရကြောင်း၊ အိပ်ငိုက်ပါက လေးခွဖြင့် ပစ်ခတ်ခံခဲ့ရကြောင်း၎င်းကပြောသည်။

စစ်တပ်ထဲမှ ထွက်ပြေးရန် အကြိမ်ကြိမ်ကြိုးစားခဲ့သော်လည်း အခွင့်အရေးမရခဲ့ကြောင်း၊ အခွင့်အရေးရချိန်၌ သူငယ်ချင်းများနှင့်အတူ ထွက်ပြေးလာခဲ့ခြင်းဖြစ်ကြောင်း ပြောပြသည်။

“သူငယ်ချင်းသုံးယောက်ထွက်ပြေးလာတာ။ လက်နက် တယောက်တလက်စီပါတယ်။ ခဲယမ်းတွေပါပါတယ်။” ဟု တပ်သား ဝေယံထွန်းက ပြောသည်။

ကျန်နေသည့် စစ်ကောင်စီတပ်သားများ တော်လှန်ရေးဘက်အလင်းဝင်ရန်၎င်းကဖိတ်ခေါ်သည်။တော်လှန်ရေးတပ်များအနေဖြင့် စစ်ကောင်စီဘက်ကကဲ့သို့ညှင်းပမ်းနှိပ်စက်ခြင်းမရှိကြောင်း၊ အလင်းဝင်ပါက သတ်ဖြတ်ခံရမည်ဆိုသည်မှာ မဟုတ်ဘဲ စစ်ကောင်စီဘက်က ခြိမ်းခြောက်မှုကို ကြောက်ရန်မလိုကြောင်း တပ်သား ဝေယံထွန်းက ပြောသည်။ တော်လှန်ရေးပြီးပါက မိသားစုနှင့်အတူ ပြန်နေမည်ဟု ပြောသည်။

“ အဖေနဲ့အမေနဲ့ကျန်းမာရေးဂရုစိုက်။ သားလည်း လွတ်လွတ်လပ်လပ်နယ်မြေရောက်နေပြီ။ အရင်လို ဟိုသူတောင်းစားတွေ(စစ်ကောင်စီတပ်)လက်ထဲမှာလည်းမဟုတ်တော့ဘူး”ဟု တပ်သား ဝေယံထွန်းက ပြောသည်။

စစ်ကောင်စီသည် နိုင်ငံတဝန်းလူငယ်အများအပြားကို နည်းမျိုးစုံဖြင့် စစ်သားစုဆောင်းပြီး အချိန်တို သင်တန်းများပေးကာရှေ့တန်းစစ်မြေပြင်များသို့ ပို့ပြီးစစ်တိုက်ခိုင်း​နေ​သော​ကြောင့် တပ်သားသစ်များ သေဆုံးထိခိုက်မှုများစွာရှိသည်။ ထိုအပြင် ​တော်လှန်​ရေးအဖွဲ့များခိုလှုံသူ၊ ပူးပေါင်းသူ ၊လက်နက်ချသူ ၊ထွက်​ပြေးသူများလည်းရှိသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

အရာရှိအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် အချို့ထိခိုက်

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

Facebook