Connect with us

Hi, what are you looking for?

သတင်း

ဖောင်းပြင်မြို့နယ်တွင်​တော်လှန်ပြည်သူများက အမှတ် ၁ တပ်ရင်းအတွက်ကာကွယ်ရေးပစ္စည်းများထောက်ပံ့

ကျဆုံးရဲဘော်များ၏ မိသားစုဝင်များကိုလည်းထောက်ပံ့ငွေပေးအပ်

ဓါတ်ပုံ-​​ပေးပို့

ဇွန်-၂၁၊၂၀၂၅။တေဇ/People’s Spring

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်ရှိတော်လှန်ပြည်သူများက အမှတ် ၁ တပ်ရင်းအတွက်လက်နက်နှင့် ကာကွယ်ရေးပစ္စည်းများပေးအပ်ခြင်းအပါအဝင် ကျဆုံးရဲဘော်များ၏မိသားစုဝင်များအတွက် ထောက်ပံ့ငွေပေးအပ်ပွဲကိုဇွန်၂၀ရက်ကပြုလုပ်ခဲ့သည်။

ဖောင်းပြင်မြို့နယ်အမှတ် ၁ တပ်ရင်းမှရဲဘော်များအတွက်ကျည်ကာ ၊အင်ကွပ် ၊ဦးထုပ်နှင့်စစ်လက်နက် ပစ္စည်းများကို ပေးအပ်ခဲ့ခြင်းဖြစ်ပြီး ကျဆုံးရဲဘော်များ၏မိသားစုများအတွက်လည်းထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်းယင်းတပ်ရင်းက အသိပေးထားသည်။

တော်လှန်ပြည်သူများမှ တပ်ရင်းအတွက်လိုအပ်သည့် ပံ့ပိုးမှုများ ပြုလုပ်ပေးသည့်အပေါ် ကျေးဇူးတင်ကြောင်း မော်လိုက်ခရိုင်ကွပ်ကွဲရေးမှုးက ပြောသည်။

Public Service Announcement

Public Service Announcement

ယင်းအခမ်းအနားသို့မော်လိုက်ခရိုင်မှတာဝန်ရှိသူများအပါအဝင်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ၊ မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊တောင်ပိုင်းပေါင်းစပ်ညှိနှိုင်းအဖွဲ့ဝင်များ၊ ကျဆုံးရဲဘော်မိသားစုဝင်များ၊ကျေးရွာ၊အုပ်စုရေးရာတာဝန်ခံများ၊PDFတပ်ခွဲမှခွဲမှူးများ၊ တော်လှန်ပြည်သူများ နှင့် အမာခံထောက့်ပို့ လုပ်ငန်းရှင်များတတ်ရောက်ခဲ့ကြသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ အနီးကပ်စစ်ဆိုင်ထားတဲ့ စစ်တပ်က တပ်ကြပ်တစ်ဦး လက်နက်ယူပြီး အလင်းဝင်လာတယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းတာဝန်ရှိသူက ပြောပါတယ်။

သတင်း

PDF ပူးပေါင်းမဟာမိတ်တပ်များနှင့် စစ်ကောင်စီ၊ စစ်ကောင်စီ လက်အောက်ခံ ရှမ်းနီတပ်(SNA) ပူးပေါင်းအဖွဲ့များအကြား တိုက်ပွဲများဆက်တိုက်ဖြစ်နေသည်ဟု ဆိုသည်။

သတင်း

ယမန်နေ့(နိုဝင်ဘာ ၁ရက်) နံနက် ၄နာရီခန့်က ဖောင်းပြင်မြို့နယ်၊ ရေအောက်တောင်းကျေးရွာရှိ စစ်ကောင်စီတပ်သား၊ ရဲများ၏ စခန်းကို ဒေသခံကာကွယ်ရေးအဖွဲ့များက သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သတင်း

စစ်ကောင်စီရေယာဥ်များပေါ်၌ သစ်များအပြင် ပြည်သူများထံမှ လုယူလာသောပစ္စည်းများ၊ နွားများလည်း တင်ဆောင်သွားကြောင်း ဒေသခံများက ပြောသည်။