Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန်-မန္တလေးလမ်းဟောင်းရှိ စစ်တပ်စခန်း ၉ခုကို PDF နှင့် KNLA ပူးပေါင်းတပ်တပြိုင်တည်းတိုက်ခိုက်

စစ်ကောင်စီတပ်ဖွဲ့ဝင်၂၀ဦးထက်မနည်းသေဆုံး ရဲအုပ်ပါအဝင် ၃ဦး ဖမ်းမိ၊ လက်နက် ၁၆လက်ရ

PDF ၊ KNLA ပူး​ပေါင်းတပ်/ သိမ်းဆည်းရရှိ​သော လက်နက်ခဲယမ်း ၊စစ်သုံးပစ္စည်းများ နှင့်စစ်သုံ့ပန်းများ။ ။ဓါတ်ပုံ-NUG-MOD

ဇွန်-၂၅၊၂၀၂၅။ထားမြတ်/People’s Spring

ရန်ကုန် – မန္တလေးလမ်းဟောင်းပေါ်ရှိ စစ်ကောင်စီစခန်း (၉)ခုကို တပြိုင်နက် ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနကသတင်းထုတ်ပြန်သည်။

ပဲခူးတိုင်း၊ ညောင်လေးပင်၊ ကျောက်တံခါး၊ ဖြူးမြိုနယ်အတွင်း ရန်ကုန် – မန္တလေး လမ်းဟောင်းပေါ်ရှိ စစ်ကောင်စီတပ်ဖွဲများ အခြေချတပ်စွဲထားသည့်စခန်းများကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) စစ်ဆင်ရေးနယ်မြေ (၂) ကွပ်ကဲမှုအောက်ရှိ တပ်များ နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ဖွဲများက ယနေ့ ဇွန်လ ၂၅ရက်မနက်အစောတွင် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီတပ်ဖွဲဝင်(၂၀)ဦးထက်မနည်း သေဆုံးကာ ထိခိုက်ဒဏ်ရာရသူများစွာ ရှိခဲ့ဟုသိရသည်။

Public Service Announcement

Public Service Announcement

ထိုအပြင် ရဲအုပ်တစ်ဦး အပါအဝင် စစ်သုံ့ပန်း(၃)ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ထုတ်ပြန်ခဲ့ပြီး စစ်သုံ့ပန်းနှင့် လက်နက်ခဲယမ်းများ သိမ်းပိုက်ရရှိမှုကို ဓါတ်ပုံမှတ်တမ်းနှင့်တကွဖော်ပြသည်။

တိုက်ပွဲအတွင်းလက်နက်ကြီး၊ လက်နက်ငယ်အစုံ (၁၆)လက် နှင့် ခဲယမ်းများ၊ စစ်သုံးပစ္စည်း အမြောက်အများကိုလည်း သိမ်းဆည်းရရှိခဲ့ကြောင်း ထုတ်ပြန်သည်။

တိုက်ခိုက်မှုအတွင်း တော်လှန်ရေးတပ်ဖွဲများဘက်မှ ရဲဘော်(၁)ဦး ကျဆုံးခဲ့ရပြီး (၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟုသိရသည်။

စစ်ကောင်စီတပ်စခန်းများကို အမှတ်(၂) စစ်ဆင်ရေးနယ်မြေ၊ တိုင်းစစ်ဌာန(ပဲခူး)၊ဗျူဟာ(၂၄) နဂါးနီစစ်ကြောင်း၊ အာဠာဝကတပ်ရင်း၊အမှတ်(၃၅၀၃)တပ်ရင်း၊ဖြူး(ပကဖ)၊ဗျူဟာ(၂၅) ၊ အမှတ်(၃၇၀၂)တပ်ရင်း၊ Spring Warriors Column၊ KNLA တပ်ရင်း(၉)၊ ဗျူဟာ(၂၆)၊ တော်ဝင်ဒေါင်းတပ်ရင်း၊ တောကျီးကန်းတပ်ရင်း တိုပူးပေါင်း၍ တိုက်ခိုက်ခဲ့ကြခြင်းဖြစ်သည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ တိုင်းစစ်ဌာန(ပဲခူး) မှ ပဲခူးတိုင်းအတွင်း စစ်ဆင်ရေးများကို တိုးမြှင့်ဆောင်ရွက်လျှက်ရှိ၍ပြည်သူများပူးပေါင်းပါဝင်ကြရန်လည်း မေတ္တာရပ်ခံထားသည်။

PDF နှင့် KNLA ပူးပေါင်းတပ်များသည် ယခုနှစ် ဖေဖော်ဝါရီ လကုန်ပိုင်းက ပဲခူးတိုင်း၊ကျောက်တံခါးမြို့နယ်၊ ဖြူးမြို့နယ်အတွင်း ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်ရှိ စစ်ကောင်စီတပ်စွဲရာဂိတ်စခန်း ၇ခုကို တိုက်ခိုက်ဖျက်ဆီးခဲ့ရာ ထိုစဉ်ကလည်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ဦးသေဆုံးခဲ့သည်။

မတ်လတွင်လည်း ကျောက်တံခါးမြို့နယ် စဉ့်အိုးလဟာရွာ၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို PDF/KNLA ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ၁၂ဦး သေဆုံးကာ လက်နက်အချို့ရရှိခဲ့ဟု NUG ကာကွယ်ရေးဝန်ကြီးဌာန တောင်ပိုင်းစစ်ဒေသ အမှတ်(၂) စစ်ဒေသခွဲက အသိပေးထားသည်။မတ်လကုန်ပိုင်းတွင်လည်းရန်ကုန်-မန္တလေး အမြန်လမ်းရှိ ရဲစခန်းများ နှင့် ပေါက်ခေါင်း-အုတ်တွင်း အမြန်လမ်းပိုင်းအတွင်း ဝင်လာသည့် စစ်သားများကို PDF ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့သည်။

ဧပြီလကုန်ပိုင်းတွင်လည်းပဲခူးတိုင်းအနောက်ခြမ်း သာယာ၀တီခရိုင်၊မင်းလှမြို့နယ်အတွင်း စစ်တပ် စစ်ကြောင်းကို PDF ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရာ သား ၁၀ဦး သေဆုံးကာ လက်နက် ၁၂လက် သိမ်းရခဲ့သည်။ အလားတူဧပြီလကုန်ပိုင်း၌ပင် ပဲခူးတိုင်းကျောက်ကြီးမြို့နယ်ရှိ ကျွန်းကုန်း၊ ရင်းတိုက်ကုန်း၊ တောင်စု၊ ရန်မျိုးအောင်၊ တမာခေါရွာများ နှင့် နောင်ကုန်းတံတား၌ တပ်စွဲထားသည့် စစ်တပ်စခန်းများကို PDFနှင့် KNLA ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က ဒုတပ်ရင်းမှူး အပါအဝင် ၂၀ကျော်သေဆုံးကာ လက်နက်မျိုးစုံ အလက် ၃၀ကျော် သိမ်းပိုက်ရရှိခဲ့သည်။

မေလဆန်းကလည်းပဲခူးတိုင်း၊နတ်တလင်းမြို့နယ် ဒမငယ်ရွာ ရှိ စစ်တပ်နှင့် ပျူစောထီး ပူးပေါင်းတပ်စွဲထားသည့် ကင်းစခန်းကို PDF ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ဦးသေဆုံးကာ လက်နက် ၆လက်နှင့် ကျည်၊ ခဲယမ်းများ သိမ်းပိုက်ရရှိခဲ့သည်။

ပဲခူးတိုင်းအတွင်း ယခုနှစ်တိုက်ခိုက်မှုများတွင် အကြီးမားဆုံးစစ်ဆင်​ရေးအဖြစ်မေလ ၈ ရက်နေ့က ရွှေကျင်မြို့နယ်အခြေစိုက်စစ်တပ်၏ ခမရ(၅၉၈) တပ်ရင်းဌာနချုပ်ကိုPDF/KNLA ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ လက်နက်မျိုးစုံ အလက် ၈၀ ကျော် သိမ်းပိုက်ရရှိခဲ့သည်။ စစ်ကောင်စီ ၃၀ကျော်သေဆုံးကာ စစ်သုံံ့ပမ်းအချို့လည်း ဖမ်းမိခဲ့သည်။

ထို့အပြင်မေလ ၁၈ရက်လည်းပဲခူးတိုင်း၊ပဲခူးမြို့နယ် ဇီးတောရွာ စစ်ကောင်စီ ကာကင်းစခန်းကို PDFများက တိုက်ခိုက်ခဲ့ရာ လက်နက် ၁၀ လက်ကျော်သိမ်းရခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ခေါင်လန်ဖူးမြို့နယ် မြန်မာ-တရုတ်နယ်စပ် နယ်ခြားမှတ်တိုင် ၃၀ ဒေသက စစ်တပ်နဲ့ ပြည်သူ့စစ် ပူးပေါင်းတပ်စွဲထားတဲ့ရဟတ်ယာဉ်ကွင်းပါ တပ်စခန်းဟာ စစ်ရေးအရ အရေးပါတာကြောင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်ဟာ ၃ကြိမ်တိုင်ထိုးစစ်ဆင်ခဲ့ရကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။