Connect with us

Hi, what are you looking for?

နိုင်ငံတကာ

နေတန်ညာဟုကို တရားစွဲထားတာတွေ ရုပ်သိမ်းဖို့ အစ္စရေးကို ထရမ့် တိုက်တွန်း

ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုကို တရားစွဲဆိုထားတာတွေ ပယ်ဖျက်လိုက်ဖို့၊ ဒါမှမဟုတ် အပြီးတိုင် လွတ်ငြိမ်း ချမ်းသာခွင့် ပေးလိုက်ဖို့ အစ္စရေးကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က တိုက်တွန်းလိုက်ပါတယ်။

The New York Times

ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုကို တရားစွဲဆိုထားတာတွေ ပယ်ဖျက်လိုက်ဖို့၊ ဒါမှမဟုတ် အပြီးတိုင် လွတ်ငြိမ်း ချမ်းသာခွင့် ပေးလိုက်ဖို့ အစ္စရေးကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က တိုက်တွန်းလိုက်ပါတယ်။

နေတန်ညာဟုဟာ လာဘ်စားမှု၊ အဂတိမှု၊ ယုံကြည်မှုကို ချိုးဖောက်မှုတွေအတွက် ၂၀၁၉ မှာ စွဲချက်တင်ခံရပြီး ၂၀၂၀ ပြည့်နှစ်မှာ စတင် တရားရင်ဆိုင်နေရပါတယ်။ ရာဇဝတ်ကြောင်းဆိုင်ရာ စွဲချက် ၃ ခုနဲ့ ကြုံနေတဲ့ နေတန်ညာဟုကတော့ သူဟာ ဘာအမှားအယွင်းမှ ကျူးလွန်မထားဘူးလို့ အခိုင်အမာ ပြောပါတယ်။

ထရမ့်ကတော့ အစ္စရေး အနေနဲ့ နိုင်ငံရဲ့ အထင်ကရ သူရဲကောင်း တစ်ဦးဖြစ်တဲ့ နေတန်ညာဟုအပေါ် စွဲချက်တင်ထားတာတွေကို ပယ်ဖျက်ဖို့၊ ဒါမှမဟုတ် ပြစ်ဒဏ်ကနေ လွတ်ငြိမ်းချမ်းသွာခွင့် ပြုလိုက်ဖို့ ချက်ချင်း လုပ်သင့်ကြောင်း လူမှုကွန်ရက် မီဒီယာမှာ ရေးသားပြီး တိုက်တွန်းခဲ့ပါတယ်။

နေတန်ညာဟုအတွက် တရားစီရင် စစ်ဆေးနေတာတွေကို ချက်ချင်း ပယ်ဖျက်သင့်ကြောင်း၊ ဒါမှမဟုတ်လည်း သူ့နိုင်ငံအတွက် အများကြီး အလုပ်လုပ်ပေးထားတဲ့ အထင်ကရ သူရဲကောင်း တစ်ဦးအတွက် လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်သင့်ကြောင်း ထရမ့်က သူ့ကိုယ်ပိုင် လူမှုကွန်ရက် ပလက်ဖောင်းဖြစ်တဲ့ Truthမှာ ဇွန်လ ၂၅ ရက်နေ့က ရေးသားထားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

နေတန်ညာဟုအပေါ် စွဲချက်တွေနဲ့ ပတ်သက်လို့ ဇွန်လ ၃ ရက်နေ့မှာ အပြန်အလှန် လျှောက်လဲချက် တင်သွင်းတာတွေ စတင်ခဲ့ပြီး အဲဒီ လုပ်ငန်းစဉ်ဟာ တစ်နှစ်လောက် ကြာမြင့်နိုင်တယ်လို့ အစ္စရေး မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

စည်းမျဉ်းတွေအရ အစ္စရေး သမ္မတ အိုက်ဆက် ဟားဇော့ဂ်ဟာ နေတန်ညာဟုကို ပြစ်ဒဏ်ကနေ ကင်းလွတ်အောင် လွတ်ငြိမ်းချမ်းသာခွင့် ပေးနိုင်ပေမယ့်လည်း လတ်တလောမှာတော့ အဲဒီလို အစီအစဉ်မျိုး မရှိသေးကြောင်း သတင်းတွေက ဆိုပါတယ်။

ထရမ့်က သူ့ရဲ့ အမာခံ နိုင်ငံရေး မဟာမိတ်လည်းဖြစ်တဲ့ နေတန်ညာဟုကို စစ်သူရဲ တစ်ဦးလို့လည်း တင်စားခဲ့ပါသေးတယ်။ အမေရိကန်ဟာ အစ္စရေးကို ကူညီ ကယ်ဆယ်ဖူးကြောင်း၊ အခုတော့ အမေရိကန်ဟာ နေတန်ညာဟုကိုလည်း ကူညီ ကယ်ဆယ်ရမှာဖြစ်ကြောင်း ထရမ့်က ဆိုပါတယ်။ အဲဒီ အဓိပ္ပါယ်ဟာ အစ္စရေးဖက်က ပါဝင်ကူညီ တိုက်ခိုက်ပြီး အီရန် နျူကလီးယား အဆောက်အအုံတွေကို အမေရိကန်က ဗုံးကြဲ ဖျက်ဆီးခဲ့တာကို ထရမ့်က ရည်ညွှန်းဟန် ရှိပါတယ်။

နေတန်ညာဟု လက်ရှိ ကြုံတွေ့ ရင်ဆိုင်နေရတဲ့ တရားရေး အကျပ်အတည်းမှာ အမေရိကန်က ဘယ်လို အကူအညီ ပေးနိုင်မလဲ ဆိုတာကိုတော့ ထရမ့်က ရှင်းရှင်းလင်းလင်း ပြောမထားပါဘူး။

သူက နေတန်ညာဟု လက်ရှိကြုံနေရတဲ့ အခြေအနေဟာ ပြိုင်ဘက်တွေရဲ့ နိုင်ငံရေးအရ လုပ်ကြံထိုးနှက်ဖို့ ပစ်မှတ်ထား အားထုတ်မှုမျိုးလို့ ဝေဖန်ထားပါတယ်။ အမေရိကန်မှာ သူကိုယ်တိုင်လည်း တရားရေးအရ စွဲချက်တွေ ကြုံတွေ့ခဲ့ရချိန်မှာ ထရမ့်ဟာ အဲဒီ စကားလုံးကို မကြာခဏ အသုံးပြုခဲ့ဖူးပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်နိုင်ငံ ခရီးစဉ် ပြီးဆုံးတဲ့နောက် တရုတ် သမ္မတ ရှီကျင့်ဖျင်ဟာ စက်တင်ဘာ ၂၅ ရက် ညနေပိုင်းမှာ ပြန်လည် ထွက်ခွာခဲ့ကြောင်း တရုတ် အစိုးရ မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

နိုင်ငံတကာ

ဂါဇာကမ်းမြှောင် ဒေသမှာ အကြီးစား တိုက်ခိုက်မှုကြီး ဖြစ်လာနိုင်ခြေ သတင်းကို ကြိုတင်ရရှိခဲ့ပေမယ့် အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုက လုံခြုံရေးဆိုင်ရာ အကြီးအကဲတွေဆီ လက်ဆင့်ကမ်းမပေးခဲ့ကြောင်း စွပ်စွဲမှုတွေ ထွက်ပေါ်လာပါတယ်။

နိုင်ငံတကာ

အမေရိကန် သမ္မတဟောင်းတွေရဲ့ ဓာတ်ပုံတွေ ထားရှိရာ လျှောက်လမ်းမှာ သမ္မတဟောင်း ဂျိုးဘိုင်ဒန်အစား အလိုအလျောက် လက်မှတ်ထိုးစက် (autopen)ပုံ ချိတ်ထားတာကို ဒေါ်နယ်လ်ထရမ့်က ဧည့်သည် တရုတ် သမ္မတ ရှီကျင့်ဖျင်ကို ပြသခဲ့ပါတယ်။

နိုင်ငံတကာ

ကုလသမဂ္ဂ (UN) အထွေထွေ ညီလာခံမှာ ပြောကြားတဲ့ မိန့်ခွန်းမှာ အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုဟာ ရန်သူတွေကိုသာ မကဘဲ မိတ်ဖက် နိုင်ငံတွေကိုပါ ဝေဖန် ထိုးနှက်သွားခဲ့ပါတယ်။

Facebook