Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်တွင်တိုက်ပွဲပြင်းထန်နေ၊ မြစ်ကြီးနားနှင့် မိုးကုတ်မြို့ကို စစ်ကောင်စီက ​လေ​ကြောင်းနှင့် လက်နက်ကြီးသုံးတိုက်ခိုက်

ဖားကန့်တွင် ယနေ့(ဇွန်လ ၂၆ရက်) အစောပိုင်း၌ တိုက်ပွဲပြင်းထန်နေပြီး ယမန်နေ့ ညတွင်လည်း စစ်​ကောင်စီက မြစ်ကြီးနား နှင့် မိုးကုတ်မြို့တို့ကို ​လေ​ကြောင်းမှ ဗုံးကြဲပြီး လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့သည်။

KIA နှင့် KPDF တပ်ဖွဲ့ဝင်များ

ဇွန်-၂၆၊၂၀၂၅။ဇော်ရမ်း/People’s Spring

ဖားကန့်တွင် ယနေ့(ဇွန်လ ၂၆ရက်) အစောပိုင်း၌ တိုက်ပွဲပြင်းထန်နေပြီး ယမန်နေ့ ညတွင်လည်း စစ်​ကောင်စီက မြစ်ကြီးနား နှင့် မိုးကုတ်မြို့တို့ကို ​လေ​ကြောင်းမှ ဗုံးကြဲပြီး လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့သည်။

ဖားကန့်မြို့နယ်၊ အင်မားယာန်သုသာန်အနီးနှင့် ရတနာပုံလုပ်ကွက်မြေစာပုံအနီး၌ ဇွန် ၂၆ ရက် နံနက်အစောပိုင်းမှစ၍ တိုက်ပွဲပြင်းထန်နေသည်ဟု ဒေသခံတစ်ဦးကပြောာသည်။

” မနေ့ကတည်းက ချတာ။ ဒီမနက်လည်း အရမ်းပြင်းထန်နေပါတယ်။ အင်မားယာန်နံ့ရတနာပုံလုပ်ကွက်ဖက် လုံးဝ စိတ်မချရဘူး။ မနေ့ညကဆို အပြေးမြန်လို့ မသေတာ”ဟု ၎င်းကပြောသည်။

Public Service Announcement

Public Service Announcement

အင်မားယာန်သုသာန်အနီးနှင့် ရတနာပုံလုပ်ကွက်မြေစာပုံအနီး၌ စစ်ရေးသတိပြကြရန် KIA နှင့် KPDF ရဲဘော်များက ဇွန်လ ၂၅ရက်နေ့မှစ၍ လူမှုကွန်ရက်မှတဆင့် သတိပေးခဲ့သည်။

” မဖြစ်ခင်ကြိုရှောင်၊ ဖြစ်ရင်တော့ ဗုံးခိုးကျင်းထဲပဲနေကြပါ။ ဖြစ်မှရှောင်ရင် အန္တရာယ်များတယ်”ဟု KPDF နှင့် နီးစပ်သူကပြောသည်။

မြစ်ကြီးနားမြို့တွင်လည်း ဇွန် ၂၅ ရက် ည၁၁ နာရီခန့်တွင်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ထဲမှနေ၍ စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်ခဲ့သည်ဟု ဒေသခံများကပြောသည်။

ထို့အပြင် TNLA ထိန်းချုပ်ထားသည့် မိုးကုတ်မြို့ကိုလည်း ဇွန် ၂၅ ရက် ည၁၁နာရီခွဲခန့်တွင် လေကြောင်းမှ ဂျက်ဖိုက်တာဖြင့်ဗုံးကြဲပြီးစက်သေနတ်ဖြင့်ပါပစ်ခတ်သွားသည်ဟု သတင်းရရှိသည်။ မိုးကုတ်မြို့ အုန်းကိုင်းဘုန်းကြီးကျောင်းအနီးကို ဗုံးကြဲခဲ့ခြင်းဖြစ်သည်။

“စစချင်းနိမ့်နိမ့်လေးပြန်သွားတာ တခြားနေရာသွားကြဲမယ်ထင်တာ အသံပျောက်ပြီးမကြာဖူး ကွေ့ပြီးလာကြဲသွားတာဗျ” ဟု​ဒေသခံတစ်ဦးက​ပြောသည်။

ထပ်မံရရှိ​သောသတင်းအရ ဒဏ်ရာရ​သူ ပြည်သူ ၃၊ ၄ ဦးရှိ​ကြောင်းပြီး ​နေအိမ်အချို့ပျက်စီးခဲ့​ကြောင်း ​ဒေသခံအချို့က​ပြောသည်။

လက်ရှိစစ်ရေးအ‌ခြေအနေများမှာ ဖားကန့်၌ တိုက်ပွဲဖြစ်​နေပြီး ကာမိုင်း-ဖားကန့်လမ်းပိုင်းရှိ နမ့်ယားရွာအနီးတွင်လည်း ဇွန်လ ၂၄ရက် နံနက်မှစ၍ စစ်ရေးတင်းမာနေသည်။ မြစ်ကြီးနားမြို့တွင်မူ စစ်ကောင်စီက လက်နက်ကြီးဖြင့် ရမ်းပစ်နေခြင်းဟု ဒေသခံများကပြောသည်။

မြစ်ကြီးနားမြို့အနီး ဝိုင်းမော်မြို့နယ်၊လမြန်ရွာ၌မူ စစ်တပ် နှင့် KIA၊KPDF တိုက်ပွဲဖြစ်နေပြီး မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ လက်နက်ကြီးများပစ်ကူပေးနေသည်။

မိုးကုတ်မြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားခြင်းမရှိသော်လည်း စစ်ကောင်စီနှင့် TNLAသည် နောင်ချိုမြို့တွင် တိုက်ပွဲပြင်းထန်နေသည်။ TNLA ထိန်းချုပ်ထားသည့် ကျောက်မဲမြို့ကိုဇွန်လ ၂၄ရက်၌ စစ်ကောင်စီက လေကြောင်းမှဗုံးကြဲခဲ့ရာ အရပ်သားလေးဦးသေဆုံးပြီး ၁၀ဦးထက်မနည်း ဒဏ်ရာရခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ ယနေ့ ဩဂုတ် ၄ရက် မနက်ပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေဆင်းလာလို့ ရေဘေးနဲ့ မြေပြိုမှု‌ဘေး ထပ်မံကြုံတွေ့နေပါတယ်။

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

ကျောက်ဖြူမြို့နယ်၊တောင်မော်ဦး(​တောင်​မော်ကြီး )ရေတပ်စခန်းရဲ့ ကာကင်းတွေအပါအဝင် ရှေ့တန်းစစ်မျက်နှာသုံးခုထက် မနည်းမှာ အာရက္ခတပ်တော်(AA) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြားတိုက်ပွဲပြင်းထန်နေလို့ စစ်​ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။