ဇွန်-၂၉၊၂၀၂၅။ဇော်ရမ်း/People’s Spring
ဖားကန့်မြို့နယ်တွင် ကျောက်စိမ်းလုပ်ကွက်အတွင်း တောင်ကမ်းပါးယံပဲ့ကျပြီးကျောက်ရှာနေသူနှစ်ဦးပြုတ်ကျကာ တစ်ဦး သေဆုံးခဲ့သည်။
ကုဋေမှော်ရပ်ကွက်မှကျောက်စိမ်းလုပ်ကွက်အတွင်း တောင်ကမ်းပါးယံပဲ့ကျမှု ဇွန်လ၂၇ရက်က ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ရုပ်အလောင်းကိုဇွန်လ ၂၉ရက်နံနက်တွင် ဆယ်ယူနိုင်ခဲ့သည်။

“လူငယ်နှစ်ယောက်ပြုတ်ကျသွားတာ။တစ်ယောက်က ဒဏ်ရာရလို့ ဆေးရုံမှာ။ တစ်ယောက်ကတော့အလောင်းပြန်ရပါပြီ”ဟုရေမဆေးကျောက်ရှာ ဖွေသူတဦးကပြောသည်။

Public Service Announcement
ဖားကန့်တွင် ယခုရက်ပိုင်း မိုးကောင်းနေပြီး ဇွန်လ၂၃ရက်ကလည မှော်စီစာရွာတွင် တောင်ကမ်းပါးယံပဲ့ကျပြီး ရေမဆေးတစ်ဦး ရေကန်အတွင်းပြုတ်ကျခဲ့သည်။ အချိန်မီကယ်ဆယ်နိုင်ခဲ့၍ အသက်မသေခဲ့ပေ။
ဖားကန့်တွင်ဇွန်လ ၂၀ရက်ကလည်း ဆိပ်မူကျေးရွာအုပ်စု၊ မှော်ရှန်ကျေးရွာမှစွန့်ပစ်မြေစာပုံဟောင်းပြိုကျပြီး နှစ်ဦးသေဆုံးခဲ့သည်။ဖားကန့် မြို့နယ်အတွင်း စစ်ကောင်စီစစ်ကြောင်းများရှိနေ၍ စစ်ရေးတင်းမာနေသောကြောင့်ဒေသခံများ၊ရေမဆေးကျောက်ရှာဖွေသူများလုံခြုံရေးသတိပြုကြရန် KIA၊PDFက သတိပေးထားသည်။

















































