Connect with us

Hi, what are you looking for?

သတင်း

ဘန်ကောက်ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင် မှာမြန်မာအပါအဝင်လူတစ်ဒါဇင်ဒဏ်ရာရ

ရေလှောင်ကန် တည်ဆောက်တဲ့ လုပ်ငန်းခွင် မတော်တဆမှုကြောင့် မြန်မာတွေ အပါအဝင် ၁၂ ဦး ဒဏ်ရာရထိုင်းနိုင်ငံမှာ ရေသိုလှောင်ကန်တစ်ခု တည်ဆောက်တဲ့ လုပ်ငန်းခွင်မှာ မတော်တဆမှု ဖြစ်ရာက မြန်မာတွေ အပါအဝင် ၁၂ ဦး ဒဏ်ရာရခဲ့ပါတယ်။

ဓာတ်ပုံ - Khaosod English

ဇူလိုင် -၇ ၊၂၀၂၅ /People’s Spring

ရေလှောင်ကန် တည်ဆောက်တဲ့ လုပ်ငန်းခွင် မတော်တဆမှုကြောင့် မြန်မာတွေ အပါအဝင် ၁၂ ဦး ဒဏ်ရာရထိုင်းနိုင်ငံမှာ ရေသိုလှောင်ကန်တစ်ခု တည်ဆောက်တဲ့ လုပ်ငန်းခွင်မှာ မတော်တဆမှု ဖြစ်ရာက မြန်မာတွေ အပါအဝင် ၁၂ ဦး ဒဏ်ရာရခဲ့ပါတယ်။

ဇူလိုင် ၆ ရက်နေ့ ညပိုင်းက ဘန်ကောက်ရဲ့ မင်ဘူရီ ဧရိယာမှာ မြို့တော် ရေဖြန့်ဝေရေး အာဏာပိုင် အဖွဲ့က တာဝန်ယူထားတဲ့ ဆောက်လုပ်ရေး လုပ်ငန်းခွင်မှာ သံမဏိချောင်းတွေ ပြိုလဲမှု ဖြစ်ခဲ့တာပါ။

ဒဏ်ရာရသူတွေဟာ မြန်မာ ၇ ဦး၊ ကမ္ဘောဒီးယား ၃ ဦးနဲ့ ထိုင်း ၂ ဦးတို့ဖြစ်ပြီး ခြေလက်တွေမှာ အဓိက ထိခိုက်မိခဲ့တယ်လို့ ထိုင်းသတင်းဌာန Khaosodက ဖော်ပြခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

သူတို့ကို အခင်းဖြစ်တဲ့ နေရာမှာ ရှေးဦး သူနာပြုနည်းတွေနဲ့ ကုသပေးပြီးတဲ့နောက် ဆေးရုံကို ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။

မတော်တဆမှု ဖြစ်တဲ့အချိန်က လုပ်ငန်းခွင်ထဲမှာ စုစုပေါင်း ဝန်ထမ်း ၁၂၀ ဝန်းကျင်လောက် ရှိနေခဲ့တယ်လို့ ဆိုပါတယ်။ ဖြစ်စဉ်နဲ့ ပတ်သက်လို့ အသေးစိတ် အချက်အလက်တွေကိုတော့ မသိရသေးပါဘူး။

မင်ဘူရီ ရဲတပ်ဖွဲ့ဟာ အခင်းဖြစ်ပွားရာ နေရာမှာ စုံစမ်းစစ်ဆေးနေပြီးအထောက်အထားတွေ ရှာယူစုဆောင်းနေတယ်လို့ ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

မြန်မာစစ်အုပ်စုဟာ ဟွန်ဒီငွေလွှဲလုပ်ငန်း လုပ်ကိုင်သူတွေကို နှိမ်နင်းမှု ပိုမိုအရှိန်မြှင့် လုပ်ဆောင်လာပြီး၊ အဲဒီလုပ်ရပ်ကို ငွေကြေးခဝါချမှု တိုက်ဖျက်ရေးအစီအမံတစ်ခုအဖြစ် ပုံဖော်ပြောဆိုနေပါတယ်။ ဒါပေမယ့် လက်တွေ့မှာတော့ ဟွန်ဒီကွန်ရက်တွေဟာ မြန်မာရွှေ့ပြောင်းလုပ်သားတွေရဲ့ မိသားစုဆီ ငွေလွှဲပို့တာ၊ ပုံမှန်ဘဏ်စနစ်နဲ့ မလုပ်နိုင်တဲ့ ကုန်သွယ်ရေးငွေပေးချေမှုတွေ၊ စစ်ပွဲဖြစ်ပွားနေတဲ့ ဒေသတွေကို လူသားချင်းစာနာထောက်ထားမှု အကူအညီပို့ဆောင်ရာမှာ အလွန်အရေးပါတဲ့...

နိုင်ငံတကာ

မိုးပျံရထားလမ်း တစ်နေရာမှာ မီးလောင်မှု ဖြစ်ပွားရာက ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ပြေးဆွဲနေတဲ့ MRT ရထားခရီးစဉ် တချို့ကို ဆိုင်းငံ့ခဲ့ရပါတယ်။

နိုင်ငံတကာ

ထောင်မကျချင်လို့ ထွက်ပြေးလာတဲ့ တရုတ် အမျိုးသမီး တစ်ဦးကို ထိုင်းအာဏာပိုင်တွေက ဘန်ကောက်မြို့တော်မှာ ဖမ်းဆီးရမိခဲ့ကြောင်း သိရပါတယ်။

သတင်း

ထိုင်းနိုင်ငံ၊ ချွန်ဘူရီခရိုင်မှာ မြန်မာလုပ်သားတွေ တင်ဆောင်လာတဲ့ကား ယာဉ်တိုက်မှုဖြစ်ပွားပြီး မြန်မာ ၁၀ ဦးဒဏ်ရာရရှိမှု ဒီကနေ့ စက်တင်ဘာ ၁ ရက် နံနက်က ဖြစ်ပွားခဲ့ပါတယ်။

Facebook