Connect with us

Hi, what are you looking for?

News

ပုလဲမြို့နယ်တွင် စစ်​ကောင်စီတပ်ကို ​လေးကြိမ်မိုင်းဆွဲတိုက်ခိုက်ရာ ၃၀ဦးခန့်​သေနိုင်ဟု PPDFဦး​ဆောင်သူ ဗိုလ်နဂါး​ပြော

နံနက် ၉ နာရီက ကျောက်စလင်းတောင်၏ အောက်ဘက် မြစ်ကျတံတားအနီးအရောက် PDF များဆင်ထားသောပဒေသာမိုင်းတွဲများအား ရှင်းလင်းရန်ကြိုးစားနေစဉ် PPDFက ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်တပ်ဖွဲ့အချို့ သေဆုံးခဲ့သည်။

People's Spring
People's Spring

ပုလဲမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ကို လေးကြိမ်မိုင်းဆွဲရာ ၃၀ဦးခန့်​သေဆုံးနိုင်ပြီး ထိခိုက်ဒဏ်ရာရရှိသူ အများအပြားရှိသည်ဟု ပုလဲမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PPDF) ဦးဆောင်သူ ဗိုလ်နဂါးက PSသို့ ပြောသည်။

ယနေ့(နိုဝင်ဘာ ၁၅ ရက်)က နံနက် ၉နာရီကစ၍ ညနေ ၄ နာရီခွဲအထိ စစ်ကောင်စီတပ်လာသည့် နေရာသုံးခုကို မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း PPDFက ဆိုသည်။

နံနက် ၉ နာရီက ကျောက်စလင်းတောင်၏ အောက်ဘက် မြစ်ကျတံတားအနီးအရောက် PDF များဆင်ထားသောပဒေသာမိုင်းတွဲများအား ရှင်းလင်းရန်ကြိုးစားနေစဉ် PPDFက ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်တပ်ဖွဲ့အချို့ သေဆုံးခဲ့သည်။

ထို့နောက် နေ့လည် ၁၂ နာရီတွင် ပထမအကြိမ်တိုက်ခိုက်ခံရသည့် စစ်ကောင်စီ၏အကြမ်းဖက်တပ်ဖွဲ့ဝင်များသည် လမ်းဘေးဝဲယာမှ ပစ်ခတ်ချီတက်ရင်း ဆက်လက်ထွက်ခွာလာစဉ် ကျောက်ပုံကွေ့အနီး‌အရောက် ထပ်မံမိုင်းဆွဲတိုက်ခိုက်ခံခဲ့သည်။

Public Service Announcement

Public Service Announcement

ထိုဖြစ်စဥ်တွင် အကြမ်းဖက်တပ်ဖွဲ့ဝင်အချို့ထိခိုက်ဒဏ်ရာရ သေဆုံးမှုရှိခဲ့ပြီး ကျန်တပ်ဖွဲ့ဝင်များက လမ်းဘေးဝဲယာဖြန့်ဆင်း၍ ရမ်းသမ်းလိုက်လံပစ်ခတ်စဉ် အသင့်ထောင်ထားသော တိုက်မိုင်း‌ကွင်းအတွင်း ရောက်ရှိသွားကာ မိုင်းခြောက်လုံးထက်မနည်း ပေါက်ကွဲ၍ အများအပြားသေဆုံး ထိခိုက်နိုင်ဖွယ်ရှိသည်ဟု PPDF က သုံးသပ်သည်။

အလားတူ ညနေ ၄ နာရီခွဲက ပုလဲမြို့နယ် ကန့်ဒေါင့်ရွာအရှေ့ဘက် သရက်ကန်လမ်းခွဲအနီးအရောက် လမ်းဘေးဝဲယာများမှမိုင်းရှင်းလင်းရန်နှင့် မိုင်းဆွဲသူများအားရှာဖွေရန်ချီတက်လာသည့် စစ်ကောင်စီတပ်အား ရှေ့ဆက်တိုးမည့်နေရာများတွင် အသင့်ထောင်ထားသည့် ပဒေသာ မိုင်းများဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်တပ်ဖွဲ့ဝင်အများအပြားထိခိုက်သေဆုံးခဲ့သည်ဟု သိရသည်။

သပြေကုန်းရွာ အနီးတွင် ယနေ့ည ၆ နာရီကျော်က စစ်ကောင်စီယာဥ်တန်းကို ပဒေသာမိုင်း ၁၅ လုံးဖြင့် PPDF က ထပ်မံတိုက်ခိုက်ခဲ့ရာ စစ်ကားငါးစီးရပ်တန့်ခဲ့ရကြောင်း ဗိုလ်နဂါးက ဆိုသည်။

“ပုလဲတစ်မြို့လုံးကို သူတို့ တပ်အင်အားရာနဲ့ချီဖြန့် နေတယ်။အစ်ကိုတို့ကလည်း သူတို့ ဖြန့်တဲ့နေရာတိုင်း ဖြန့်ပြီး တိုက်နိုင်အောင်ကြိုးစားနေတာ။ဒီနေ့ ဖြစ်စဥ် လေးခုမှာ ဒုတိယအကြိမ်နဲ့ လေးကြိမ်မြောက်က တော်တော်ထိတယ်။ တိုက်မိုင်းကွင်းထဲ ရောက်လာတဲ့ စစ်သားကိုးဦး စလုံးသေတယ်။နောက် အခု ည ၆ နာရီကျော်က ယာဥ်တန်းဆွဲတာ ၁၅ဦးလောက် သေတယ်လို့ အတည်ပြုရတယ်”ဟု ၎င်းက ပြောသည်။

မိုင်းဆွဲတိုက်ခိုက်မှု ဖြစ်စဥ် လေးခုတွင် PPDF မှ ရဲဘော်တစ်ဦးသာအနည်းငယ်ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အကြမ်းဖက်စစ်ကောင်စီတပ်သည် လွန်ခဲ့သည့် တစ်ပတ်ခန့်ကစ၍ ပုလဲမြို့နယ်အတွင်းသို့ မုံရွာ၊ ပခုက္ကူနှင့် ယော-ဂန့်ဂေါစသည့် သုံးမျက်နှာမှ အင်အားဖြည့်တင်းလာခဲ့ရာ ယခုအခါ အင်အား ၅၀၀နှင့် ၁,၀၀၀အကြားရောက်ရှိနေပြီးဟုလည်း PPDF က အသိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ဆင်ရေးမှာ ကျဆုံးခဲ့ရတဲ့ ရဲဘော် ၃ဦး ဦးညွှတ်အလေးပြုကြောင်း ဖော်ပြ

Facebook