Connect with us

Hi, what are you looking for?

သတင်း

ထီးခီးနယ်စပ်ဂိတ် ပြန်မဖွင့်သေး၊ ဒေသခံများ၏စျေးကားများသာ သွားလာခွင့်ရဟု KNU ပြော

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်-ထားဝယ်ခရိုင် တပ်မဟာ(၄)နှင့် တော်လှန်ရေးပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်ထားသည့် ထီးခီးနယ်စပ်ဂိတ်တွင် ကုန်သွယ်ခွင့် ပြုလိုက်ပြီဆိုသည်မှာ မဟုတ်ဘဲ ယခင်အတိုင်း ပိတ်ထားဆဲဖြစ်ဟု KNU မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက ပြောသည်။

ထီးခီးနယ်စပ်ဂိတ်အား မြန်မာဘက်ခြမ်းက မြင်တွေ့ရစဉ်။ ဓာတ်ပုံ - CJ။ ပုံအဟောင်းအသုံးပြုထားပါသည်။

ဇွန်၉၊၂၀၂၅။ထားမြတ်/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်-ထားဝယ်ခရိုင် တပ်မဟာ(၄)နှင့် တော်လှန်ရေးပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်ထားသည့် ထီးခီးနယ်စပ်ဂိတ်တွင် ကုန်သွယ်ခွင့် ပြုလိုက်ပြီဆိုသည်မှာ မဟုတ်ဘဲ ယခင်အတိုင်း ပိတ်ထားဆဲဖြစ်ဟု KNU မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက ပြောသည်။

ထီးခီးဂိတ်ကုန်သွယ်ခွင့်ပြုလိုက်ပြီဆိုသည့် ရေးသားချက်များ လူမှုကွန်ရက်၌ ဖော်ပြလာမှုအပေါ် ပဒိုစောအယ်နားက ယခုကဲ့သို့ ရှင်းပြခြင်းဖြစ်သည်။

” ထီးခီးနယ်စပ်ဂိတ်က ကုန်သွယ်ရေး အဝင်၊ အထွက် မဖွင့်သေးဘူး။ အခုမှ ရွာသူရွာသားရဲ့ စျေးကားတွေပဲ ခွင့်ပြုတယ်။ လူအဝင်အထွက် မရဘူး။ အရင်လိုအတိုင်းပဲ။ကုန်သွယ်ရေးပိတ်နေတယ်” ဟု ပဒိုစောအယ်နားက ပြောသည်။

Public Service Announcement

Public Service Announcement

ထီးခီးနယ်စပ်ဂိတ်ကို တရားဝင်ဖွင့်လှစ်ခြင်းမရှိသော်လည်း နယ်စပ်ဒေသခံများ၏ စျေးကားများအား ယခင်ကတည်းက ခွင့်ပြုပေးထားခြင်းဖြစ်သည်။ သို့သော် ယခုနှစ် မေလတွင် KNUက နယ်စပ်ဂိတ်ကို တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။ထို့ကြောင့် ထိုင်းနိုင်ငံဘက်က ဂိတ်လုံး၀ပိတ်ပင်ထားရာမှ ယခု ဇူလိုင်ပထမပတ်တွင် ဒေသခံများ၏ စျေးကားများ ပြန်လည်သွားလာခွင့်ပေးခြင်းဖြစ်သည်ဟု ကရင်သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

” ဂိတ်တော့ ဖွင့်ထားပြီ။ တပတ် ၂ခါ။ ကုန်ပစ္စည်း ဝင်လို့ရတာ။ လူကတော့ ဝင်မရဘူးထင်တယ်။ အရင်ကလည်း ဖွင့်တယ် ကုန်ပစ္စည်းအတွက်။ စခန်းစတိုက်တော့ပိတ်လိုက်တာ ထိုင်းက”ဟု ကရင်သတင်းရင်းမြစ်က ထီးခီးစခန်းတိုက်ခိုက်စဉ် ထိုင်းဘက်က အဝင်၊ အထွက်ပိတ်ပင်ခဲ့မှုနှင့် ယခုတွင် ကုန်ပစ္စည်းများ အဝင်၊အထွက် ခွင့်ပြုမှုအခြေအနေကို ပြောသည်။

KNU တပ်မဟာ(၄) ပူးပေါင်းတပ်သည် ထီးထစစ်ကောင်စီ စခန်းကို ယခုနှစ်ဧပြီတွင် တိုက်ခိုက်သိမ်းပိုက်ပြီးနောက် မေလတွင် ထီးခီးနယ်စပ်စခန်းကို သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။ ထို့ပြင် ဘောဒီ၊ ငါးရံ့နီ၊ သုခစသည့် စစ်ကောင်စီ၏ နယ်စပ်စခန်းများကိုလည်း KNU ပူးပေါင်းတပ်က ဆက်လက်သိမ်းပိုက်ခဲ့ပြီး ထီးခီးဒေသ နယ်စပ်တကြောလုံးကို ထိန်းချုပ်ထားနိုင်ပြီဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်တပ်က စစ်မှုထမ်း‎တပ်သားတစ်ဦး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၄) တပ်‌ရင်း(၂၀၃)ထံ အလင်းဝင်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်အုပ်စုရဲ့ဟန်ပြလုပ်ရပ်တွေ စိစစ်ပြီး ကျားဖြန့်လုပ်ငန်း အမှန်တကယ် တိုက်ဖျက်နေတဲ့ မြေပြင်အဖွဲ့တွေနဲ့ လက်တွဲပူးပေါင်းဖို့ အိမ်နီးချင်းနဲ့ နိုင်ငံတကာထံ တောင်းဆို

သတင်း

အာဏာသိမ်းစစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ ရာဇဝတ်မှု ကျူးလွန်ခြင်းတွေကြောင့် ကရင်ပြည်နယ်အတွင်း အစုလိုက်၊အပြုံလိုက် နေရပ်စွန့်ခွာရတာ ပိုများလာကြောင်း ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က ထုတ်ပြန်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၄)နယ်မြေ မြိတ်-ထားဝယ် ခရိုင်ဘုတ်ပြင်းမြို့နယ်ကို စစ်တပ်က လေကြောင်း ထပ်မံတိုက်ခိုက်ခဲ့လို့ ပြည်သူ ၁ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က သတင်းထုတ်ပြန်ပါတယ်။