Connect with us

Hi, what are you looking for?

သတင်း

ရဲထောက်ခံစာပါမှ ထားဝယ်မြို့သို့ သွားခွင့်ရ၍ လောင်းလုံးဒေသခံများ သွားလာရေးအခက်တွေ့

ထားဝယ်မြို့အနီး စစ်ကောင်စီစစ်ဆေးရေးဂိတ်များက ရဲစခန်းထောက်ခံစာပါမှ ဂိတ်ဖြတ်ခွင့်ပြုသောကြောင့် လောင်းလုံးမြို့နယ်နေ ပြည်သူများ သွားလာရေးအခက်အခဲ ရင်ဆိုင်နေရကြောင်း ဒေသခံပြည်သူများက လူထုနွေဦးသို့ ပြောသည်။

ကမြောကင်းတံတားဂိတ်၌ ယာဥ်တစ်စီးကို စစ်ကောင်စီလက်အောက်ခံရဲများက စစ်ဆေးနေစဥ်။ ဓာတ်ပုံ - CJ

ဇူလိုင် – ၉၊ ၂၀၂၅။ ကျော်ဇော/People’s Spring

ထားဝယ်မြို့အနီး စစ်ကောင်စီစစ်ဆေးရေးဂိတ်များက ရဲစခန်းထောက်ခံစာပါမှ ဂိတ်ဖြတ်ခွင့်ပြုသောကြောင့် လောင်းလုံးမြို့နယ်နေ ပြည်သူများ သွားလာရေးအခက်အခဲ ရင်ဆိုင်နေရကြောင်း ဒေသခံပြည်သူများက လူထုနွေဦးသို့ ပြောသည်။

ယခုရက်ပိုင်းမှစတင်ကာ ထားဝယ်နှင့် လောင်းလုံးမြို့ကိုဆက်သွယ်ထားသည့် ထားဝယ်မြစ်ကူးတံတားတစ်စင်းဖြစ်သော ကမြောကင်းတံတား စစ်ဆေးရေးဂိတ်၌ စစ်ကောင်စီတပ် အင်အားအများအပြားချ၍ အစစ်အဆေးကြမ်းနေခြင်းဖြစ်ပြီး လူငယ်အချို့ဖမ်းဆီးခံမှုလည်းရှိနေကြောင်း ၎င်းဒေသခံများက ပြောသည်။

“ဟုတ်တယ်ဗျ။ သွားလာရေး ခက်ခဲနေပါတယ်။စစ်မှုထမ်းဖမ်းဆီးစုဆောင်းခံရတဲ့သူတွေလည်း ရှိပါတယ်”ဟု လောင်းလုံးမြို့နယ်မှ ဒေသခံပြည်သူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

Public Service Announcement

Public Service Announcement

အထက်ပါ ထားဝယ်မြစ်ကိုဖြတ်ထိုးထားသည့် ကမြောကင်းတံတား စစ်တပ်စစ်ဆေးရေးဂိတ်၌ ယခုရက်ပိုင်းအတွင်း ဖမ်းဆီးခံရသည့် ပြည်သူ ခုနစ်ဦးရှိပြီး ၎င်းတို့ကို စစ်မှုထမ်းသင်တန်းသို့ ပို့ဆောင်လိုက်ပြီဟု သိရကြောင်းလည်း ယင်းဒေသခံက ဆက်ပြောသည်။

“၇ ဦးဖမ်းခံထားရတယ်။ စစ်မှုထမ်းဖို့ ပို့လိုက်ပြီလို့ သိရတယ်ဗျ”ဟု ၎င်းက ပြောသည်။

ထို့ကြောင့် အကြောင်းကိစ္စရှိ၍ ထားဝယ်မြို့ပေါ်သို့သွားလိုလျှင် လောင်းလုံးမြို့နယ်ရဲစခန်းထောက်ခံချက်ယူရန်လိုအပ်ပြီး ထောက်ခံစာတစ်​​စောင်ကို ကျပ် ၅,၀၀၀မှ ကျပ် ၁၀,၀၀၀ အထိပေး ပြုလုပ်နေရကြောင်း ဒေသခံပြည်သူများက ပြောသည်။

“ပုံမှန်အတိုင်း အရင်ကလို ထောက်ခံစာပါပဲ။ အကျင့်စာရိတ္ တကောင်းမွန်သူဖြစ်ကြောင်းထောက်ခံပေးတာပေါ့ဗျ”ဟု လောင်းလုံးမြို့နယ်မှ ဒေသခံနောက်တစ်ဦးက ပြောသည်။

အဆိုပါ ကမြောကင်းတံတားဂိတ်သည် တော်လှန်ရေးတပ်ဖွဲ့များ၏ စစ်ရေးတိုက်ခိုက်ခြင်းများမကြာခဏရင်ဆိုင်ရလေ့ရှိပြီး ပြီးခဲ့သည့်မေလအတွင်းကလည်း ယင်းတံတားကဲ့သို့ ထားဝယ်မြစ်ကူးတံတားတစ်စင်းဖြစ်သည့် ပေါက်ကိုင်းတံတားစစ်တပ်ဂိတ်ကို တော်လှန် ရေးတပ်များက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် ကမြောကင်းတံတားတွင် အင်အားတိုးချဲ့၍ ဖမ်းဆီးစစ်ဆေးမှုများ ယခင်ထက်ပိုလုပ်လာခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄)ထံ KTLA ရဲဘော် ၃၇ဦး အလင်းဝင်လာကြောင်း KNU မြိတ်ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက အတည်ပြုပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ ထားဝယ်မြိုနယ်၊ မောင်မယ်ရှောင်ကျေးရွာ ထားဝယ်နည်းပညာတက္ကသိုလ် (GTC)ရှေ့က စစ်တပ်ကို တိုက်ခိုက်ခဲ့တဲ့ စစ်ဆင်ရေးရုပ်သံကို ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA)က ထုတ်ပြန်ပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ကျေးရွာ ထားဝယ်နည်းပညာတက္ကသိုလ်(GTC) ရှေ့မှာတပ်စွဲထားတဲ့ စစ်တပ်ကို မတ်လ၁ရက်က တိုက်ခိုက်ခဲ့ရာ စစ်သား ၃ဦး သေဆုံးပြီး လက်နက် ၃လက်သိမ်းရခဲ့ကြောင်း ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ထားဝယ်မြိုနယ် မောင်မယ်ရှောင်ရွာတိုက်ပွဲမှာ ထိခိုက်သေဆုံးများထားတဲ့ စစ်ကောင်စီတပ်က လက်ရှိမှာ အင်အားတွေ ဖြည့်တင်းထားလို့ စစ်ရေးတင်းမာနေကြောင်း ထားဝယ်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တာဝန်ရှိသူက ပြောပါတယ်။