Connect with us

Hi, what are you looking for?

သတင်း

စစ်​ကောင်စီ ကျောက်မဲမြို့ကို ၆ရက်အတွင်း ၃ကြိမ်မြောက်ဗုံးကြဲ၊ ပြည်သူအချို့ထိခိုက်​သေဆုံးမှုရှိ

စစ်​ကောင်စီက TNLA သိမ်းပိုက်ထိန်းချုပ်ထား​သော​ကျောက်မဲမြို့ကို ယ​နေ့ နံနက်အစောပိုင်း၌ လေကြောင်းမှဗုံးကြဲခဲ့ရာ အရပ်သားထိခိုက်သေဆုံးမှုများရှိခဲ့သည်။

စစ်​ကောင်စီက ပြီးခဲ့သည့်ဇွန်လဆန်းက ​ကျောက်မဲမြို့ကို ဗုံးကြဲ​ပြီး​နောက် ​တွေ့ရစဥ်။ဓါတ်ပုံ-CJ

ဇူလိုင်-၁၁၊၂၀၂၅။ဇော်ရမ်း/People’s Spring

စစ်​ကောင်စီက TNLA သိမ်းပိုက်ထိန်းချုပ်ထား​သော​ကျောက်မဲမြို့ကို ယ​နေ့ နံနက်အစောပိုင်း၌ လေကြောင်းမှဗုံးကြဲခဲ့ရာ အရပ်သားထိခိုက်သေဆုံးမှုများရှိခဲ့သည်။

ကျောက်မဲမြို့ပေါ်ရှိ ကောလီဟိုတယ် နှင့် ခရိုင်ရဲတပ်ဖွဲ့မှူးရုံးကို ဇူလိုင် ၁၁ ရက်နံနက်၃နာရီ ၉မိနစ်၊ ‌၃နာရီ၁၄မိနစ်နှင့် ၃နာရီ၁၃မိနစ်တို့တွင် ဂျက်ဖိုက်တာဖြင့်ဗုံးသုံးလုံးကြဲသွားခြင်းဖြစ်သည်။

“ဟိုတယ်ကိုပစ်သွားတာမှာလူသေတယ်။ အခုဆိုရင်မြို့ကနေသက်ကြီးရွယ်အိုတွေ ရှောင်ရပြန်ပြီ။ ဒီလိုတွေလာလာပစ်နေတာကိုဘယ်သူကမှမတားဆီးနိုင်ဘူးဖြစ်နေပြီ”ဟုကျောက်မဲမြို့ခံတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

ကောလီဟိုတယ်အား စစ်ပ်ကလေကြောင်းမှတိုက်ခိုက်မှုတွင် အရပ်သားတစ်ဦးသေဆုံးပြီး ဒဏ်ရာရသူလည်းရှိကြောင်း ၎င်းကပြောသည်။ ခရိုင်ရဲတပ်ဖွဲ့မှူးရုံးအား ဗုံးကြဲမှုနှင့်ပတ်သက်၍ ထိခိုက်မှုအခြေနေကိုမသိရသေးပေ။

စစ်ကောင်စီသည် တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)ထိန်းချုပ်‌သိမ်းပိုက်ထားသော ကျောက်မဲ၊သီပေါနှင့် မိုးကုတ်မြို့နယ်တို့ကို လေကြောင်းမှ မကြာခဏ ဗုံးကြဲနေသည်။ ကျောက်မဲမြို့ကို ဇွန်လ ၂၄ရက်၊ ဇွန်လ ၂၇ရက်၊ ဇွန်လ၂၉ရက်၊ ဇူလိုင်လ ၆ရက် နှင့် ဇူလိုင်လ ၈ရက်ကလည်း ဗုံးကြဲတိုက်ခိုက်ရာ အရပ်သား ၆ ဦးသေဆုံးခဲ့သည်။ ကျောက်မဲမြို့ကို ဇူလိုင်လတွင် ၆ ရက်အတွင်း ၃ကြိမ်ဗုံးကြဲခြင်းဖြစ်သည်။

စစ်ကောင်စီ နှင့် TNLAသည် နောင်ချိုမြို့တွင်တိုက်ပွဲပြင်းထန်နေပြီး ကျောက်မဲ-နောင်ချို ပြည်‌ ထောင်စုလမ်းပိုင်းကိုTNLAက ဖြတ်သန်းခွင့်ပိတ်ထားလိုက်ပြီဖြစ်သည်။

စစ်ကောင်စီသည် ရှမ်းပြည်နယ်မြောက်ပိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ စစ်ကိုင်းတိုင်းနှင့် ဧရာဝတီတိုင်းတို့မှ မြို့နယ်အချို့ကိုလည်း လေကြောင်းတိုက်ခိုက်မှုများဆက်တိုက်လုပ်နေသည်။

ဇူလိုင် ၁၁ ရက်နံနက် ၁ နာရီခန့်၌ စစ်ကိုင်းမြို့နယ်၊ လင်းတလူးကျေးရွာစစ်ဘေးရှောင်ဘုန်းကြီးကျောင်းကို လေကြောင်းမှဗုံးကြဲရာစစ်ဘေးရှောင် ၃၀ ဦးထက်မနည်းသေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းတော်လှန်ရေးပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲ ပြင်းထန်နေတဲ့ ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ကို စစ်တပ်က ၃ရက်အတွင်း လေကြောင်းဗုံးကြဲတိုက်ခိုက်မှု အကြိမ်ပေါင်းများစွာ ပြုလုပ်ခဲ့ကြောင်း ဒေသခံက အသိပေးထားပါတယ်။

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသား ၁ဦး သေဆုံးပြီးသူ့ရဲ့ ဇနီးဖြစ်သူ ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ ရေးမြို့နယ် ရေးချောင်းဖျားဒေသမှာ ဂျန်ပန်နိုင်ငံ နိပွန်ဖောင်ဒေးရှင်း အကူအညီနဲ့ ဆောက်လုပ်ထားတဲ့ ဒုက္ခသည်စခန်းနေရာကို စစ်တပ်က ဒီကနေ့ ဇွန်လ ၁၈ရက်မနက်အစောမှာ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့တယ်လို့ မွန် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ပြည်သူ ၂၀ နီးပါးဒဏ်ရာရ၊ သေဆုံးသူ ထပ်တိုးနိုင်ဟုဆို