Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်တိုက်ပွဲ ဆက်ပြင်းထန်၊ စစ်ကောင်စီ လေကြောင်း ထပ်မံတိုက်ခိုက်

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် ကချင် လွတ်လပ်ရေးတပ်မတော်(KIA)၊KPDF ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဆက်လက် ဖြစ်ပွားနေပြီး ယနေ့(ဇူလိုင် ၁၆)တွင်လည်း စစ်ကောင်စီက လေကြောင်းမှ အပြင်အထန်ဗုံးကြဲတိုက်ခိုက်နေသည်။

ဖားကန့်ဒေသအား စစ်ကောင်စီက ယနေ့ လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်နေစဉ်။ ဓာတ်ပုံ - Tarlin Mg

ဇူလိုင်-၁၆၊၂၀၂၅။ဇော်ရမ်း/People’s Spring

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် ကချင် လွတ်လပ်ရေးတပ်မတော်(KIA)၊KPDF ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဆက်လက် ဖြစ်ပွားနေပြီး ယနေ့(ဇူလိုင် ၁၆)တွင်လည်း စစ်ကောင်စီက လေကြောင်းမှ အပြင်အထန်ဗုံးကြဲတိုက်ခိုက်နေသည်။

ယနေ့ (ဇူလိုင် ၁၆ရက်) နေ့လယ် ၁၂နာရီခန့်တွင် ဖားကန့်မြို့နယ်၊ မှော်မောင်းလျှံကျေးရွာနှင့် အမှိုက်ပုံကျေးရွာကို ဗုံးကြဲပြီး စက်သေနတ်ဖြင့်ပါ ပစ်ခတ်သွားကြောင်း မြေပြင်စစ်‌ရေးသတင်းရင်းမြစ်များက ပြောသည်။

” အပေါ်ကလည်း ပစ်တယ်။ အောက်ကလည်း ပစ်တယ်။ လေကြောင်းပစ်ပြီးတော့ လက်နက်ကြီးတွေပါ ဆက်တိုက်ပစ်နေတယ်။ တိုက်ပွဲကပိုပြင်းထန်လာတာ”ဟု ဖားကန့်ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်သည် မှော်မောင်းလျှံရွာအနီးကို ဗုံးကြဲပြီး အမှိုက်ပုံကျေးရွာဘက်ကို စက်သေနတ်ဖြင့် ပစ်သွားခြင်းဟု သတင်းရရှိသည်။ တိုက်ပွဲဖြစ်နေသည့်ရွာများမှ ဒေသခံအများစု ထွက်‌ပြေးတိမ်းရှောင်နေကြရသည်။

ယမန်နေ့ ဇူလိုင် ၁၅ရက် နံနက်ပိုင်းကလည်း KIA၊KPDF ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ် တို့ အနီးကပ်တိုက်ပွဲဖြစ်နေစဉ် စစ်ကောင်စီဂျက်ဖိုက်တာက ဗုံးကြဲပြီး စက်သေနတ်ဖြင့်ပါ ပစ်ခတ်ခဲ့သည်။

ထိုပစ်ခတ်မှု၌ မြေပြင်မှ စစ်ကောင်စီစစ်ကြောင်းကို မှားယွင်းပစ်ခတ်မိကြောင်း စစ်ရေးသတင်းရင်းမြစ်များနှင့် ဒေသခံများက ပြောသည်။သို့သော် အဆိုပါဖြစ်စဉ်ကို လူထုနွေဦးက အတည်မပြုနိုင်ပေ။

စစ်ကောင်စီတပ်သည် ဖားကန့်ဗျူဟာကုန်းအတွက် စစ်ရေးအရအရေးပါသည့် လမောင်းကုန်းနှင့် မှော်မောင်းကုန်းကို ပြန်လည်ရရှိရေးအတွက် ထိုးစစ်ဆင်နေပြီး တိုက်ပွဲများ ပြင်းပြင်ထန်ထန်ဖြစ်ပွားနေခြင်းဖြစ်သည်။

လမောင်းကုန်းနှင့် မှော်မောင်းကုန်းကို သွားသည့်လမ်းပိုင်းမှ မှော်မောင်းလျှံ၊ မှော်ဝမ်းလေး၊ အမှိုက်ပုံကျေးရွာတို့၌ KIA၊KPDFပူးပေါင်းတပ်က ကြားဖြတ်တိုက်ခိုက်နေသည်။

မြေပြင်တိုက်ပွဲတွင် စစ်ကောင်စီတပ် ထိခိုက်သေဆုံးမှုများပြားနေပြီး ဇူလိုင်လ ၁၃ရက်ည‌နေ ၅နာရီ ၃၅ မိနစ်ခန့်တွင်လည်း အမှိုက်ပုံကျေးရွာနှင့် မှော်မောင်းကုန်းကိုလေကြောင်းမှ ဗုံးကြဲခဲ့သည်။ လူထိခိုက်မှု မရှိခဲ့သော်လည်း မော်မောင်းကုန်းကျေးရွာ အထက (ခွဲ) စာသင်ကျောင်း ပျက်စီးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ ယနေ့ ဩဂုတ် ၄ရက် မနက်ပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေဆင်းလာလို့ ရေဘေးနဲ့ မြေပြိုမှု‌ဘေး ထပ်မံကြုံတွေ့နေပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

ဩဂုတ်လ၁ရက် မနက်၉နာရီခွဲခန့်က ဖားကန့်မြို့၊ လုံးခင်းဆေးရုံကုန်းအနီးမှာအိမ်တစ်အိမ် ဓားပြတိုက်ခံနေရတာကိုသတင်းရတဲ့KIAနဲ့ KPDFကပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။