Connect with us

Hi, what are you looking for?

သတင်း

ဧရာဝတီမြစ်မှာတိုက်ခိုက်ခံရတဲ့စစ်သင်္ဘော​တွေ ပြန်လည်ဆန်တက်

မန္တလေးမြို့ကနေ ဗန်းမော်မြို့ကိုဆန်တက်နေတဲ့ စစ်သင်္ဘောတွေတိုက်ခိုက်ခံရပြီးတဲ့နောက်ဒဏ်ရာရသူအများအပြားရှိ​နေပြီး ဒီက​နေ့ ဗန်းမော်မြို့ကိုဆက်လက်ဆန်တက် နေပြီလို့ ဒေသခံ တချို့ကပြောပါတယ်။

​တော်လှန်​ရေးတပ်ဖွဲ့​တွေကစစ်သင်္ဘော​တွေကို တိုက်ခိုက်​​​နေစဥ်။ဓါတ်ပုံ-မန္တ​လေးPDF

ဇူလိုင်-၂၂၊၂၀၂၅။မေ/People’s Spring

မန္တလေးမြို့ကနေ ဗန်းမော်မြို့ကိုဆန်တက်နေတဲ့ စစ်သင်္ဘောတွေတိုက်ခိုက်ခံရပြီးတဲ့နောက်ဒဏ်ရာရသူအများအပြားရှိ​နေပြီး ဒီက​နေ့ ဗန်းမော်မြို့ကိုဆက်လက်ဆန်တက် နေပြီလို့ ဒေသခံ တချို့ကပြောပါတယ်။

သပိတ်ကျင်းမြို့နယ်‌ ​​မြောက်ပိုင်းက ပန်းပင်ရွာအနီးမှာ ဒဏ်ရာရစစ်သား​တွေကို ဆေးကုတာနဲ့ သင်္ဘောစက်ခန်း ပြင်ဆင်တာတွေပြုလုပ်ခဲ့ပြီး ဇူလိုင် ၂၂ ရက်​​နေ့မှာစတင်ဆန်တက်နေတာလို့သိရပါတယ်။

ဇူလိုင်လ၁၉ ရက်မှာ စစ်သင်္ဘော တွေကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်ခဲ့ပြီး သင်္ဘောတစီး မြှုပ်ကာ ၃စီး ပျက်စီးခဲ့တယ်လို့ မန္တ​လေးPDF ကထုတ်ပြန်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

“မနေ့က ဒဏ်ရာရတွေကိုဆေးကုပေးပြီး စက်ခန်းပြုပြင်တာတွေ လုပ်တယ်။ဒီမနက်စဆန်တက်နေပြီ”လို့ ဒေသခံတဦးက ပြောပါတယ်။

ဒီသင်္ဘော တွေတိုက်ခိုက်ခံရချိန်မှာ ဒဏ်ရာရတဲ့သူအများအပြားရှိပြီး သေဆုံးသူ တွေလည်း ရှိတယ်လို့ သိရပါတယ်။

စစ်သင်္ဘောအုပ်စုဟာဇူလိုင် ၂၂ ရက် မနက်ပိုင်းမှာအင်းတော်မြို့နယ်အတွင်းရောက်ရှိနေပြီးဗန်းမော်မြို့အထိ ဆန်တက်မှာဖြစ်တယ်လို့ သိရပါတယ်။

၂၀၂၄ ဒီဇင်ဘာလကစပြီးမြို့သိမ်းတိုက်ပွဲဆင်နွှဲ​နေတဲ့ ဗန်း​​မော်မြို့ကို စစ်ကူနဲ့ လက်နက်ခဲယမ်း၊စားနပ်ရိက္ခာ​တွေ ပို့​ပေးဖို့အတွက်စစ် သင်္ဘောတွေ ဟာ မန္တလေး မြို့ ‌‌၊ဂေါဝိန်ဆိပ်ကမ်းကဇူလိုင်လ၁၇ ရက်မှာစတင်ထွက်ခွာခဲ့တာပါ။

သပိတ်ကျင်းမြို့ကို ​PDF ​တွေ သိမ်းခဲ့တဲ့ ၂၀၂၄ စက်တင်ဘာလ ​နောက်ပိုင်း ​ဂေါဝိန်-သပိတ်ကျင်း-​ထီချိုင့်-​ရွှေကူ-ဗန်း​မော် ​ရေလမ်း​ကြောင်းကို စစ်တပ်ကပထမဆုံးအကြိမ်ပြန်အသုံးပြုတာဖြစ်ပါတယ်။

၂၀၂၄မိုးရာသီတုန်းလည်း ဗန်း​မော်မြို့ကစစ်တပ်စခန်း​တွေကို စစ်အင်အားနဲ့စက်လက်နက်ခဲယမ်း​တွေ၊ ရိက္ခာ​တွေဖြည့်တင်းဖို့ ရေကြောင်းကတက်လာတဲ့စစ်တပ်ရေယာဉ်အုပ်ကို KIA ဦး​ဆောင်တဲ့တော်လှန်​ရေးတပ်​တွေက တိုက်ခိုက်ခဲ့တာမှာစက်တင်ဘာတတိယပါတ်မှာ စစ်​ရေယာဥ် ၈ စီးခန့် မီး​လောင်​ပေါက်ကွဲပျက်စီးတာ၊နစ်မြုပ်တာ​တွေဖြစ်ခဲ့ပါတယ်။ဒါ​ကြောင့်စစ်​ရေယာဥ်အနည်းငယ်ပဲ ဗန်း​မော်ကို​ရောက်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

မနက်ခင်း ဒီရေတက်လာတဲ့အချိန်မှာ သူဟာ ရေထဲကနေ ခေါင်းလေးပေါ်လာတယ်။ ခဏလောက် အသက်ရှူပြီး ပြန်ငုပ်သွားတယ်။ ရေပြင်ပေါ်မှာတော့သူ့ကိုယ်ခန္ဓာရဲ့အရိပ်တစ်စင်း။

သတင်း

မြေပြင်တိုက်ပွဲနဲ့ သင်္ဘောအုပ်စုအထိနာတဲ့အပြင် တံတားကိုစိုးမိုးထိန်းချုပ်နိုင်မှုမရှိတဲ့အခြေအနေမှာ ဗုံးကြဲခြင်းဖြစ်

သတင်း

မန္တလေးမြို့က တဆင့် အာဏာသိမ်းစစ်တပ်ရဲ့ သင်္ဘောအုပ်စု အစီးရေ ၃၀ ခန့် ဧရာဝတီမြစ်ကြောင်းအတိုင်းအထက်ဘက်ဆီမနေ့ ( စက်တင် ဘာလ ၄ ရက်) ညပိုင်းမှာ စတင်ပြီး ဆန်တက်သွား တယ်လို့ သတင်းရင်းမြစ်အချို့ဆီကသိရပါတယ်။

သတင်း

ပျက်စီးပြီး ရေမျောသွားတဲ့ သင်္ဘောလာဆွဲတဲ့ စစ်သင်္ဘောလည်း တိုက်ခိုက်ခံရ၊ သေဆုံးတဲ့ စစ်သားအလောင်းအချို့ ရေထဲမျောပါ

Facebook