Connect with us

Hi, what are you looking for?

News

သာကေတမြို့နယ် နေရာနှစ်ခုတွင် ပေါက်ကွဲမှုများဖြစ်၊ ပေါက်ကွဲမှုများဖြစ်ပြီးနောက် ဖမ်းဆီးစစ်ဆေးမှုများရှိနေ

“ပေါက်ကွဲသံ နှစ်ခါကြားရတယ်။ အသံတော်တော်ကျယ်တယ်”ဟု ည ၈ နာရီကျော်က ပေါက်ကွဲမှုနှင့် စပ်လျဉ်းပြီး ဒေသခံတစ်ဦးက ပြောသည်။

(ပုံဟောင်း - သာကေတအမှတ်(၁)ဈေးအနီး ဗုံးထောင် ထားသည်ဆိုကာ စစ်ကောင်စီတပ်မှ ယာဉ်များရောက်ရှိလာစဉ်)

သာကေတမြို့နယ်တွင် ယနေ့(နိုဝင်ဘာ ၁၇)ညပိုင်းက နေရာနှစ်ခု၌ ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ကြောင်း သတင်း ရရှိသည်။

အဆိုပါပေါက်ကွဲမှုများအနက် ညနေ ၆ နာရီခွဲက မြင်တော်သာလမ်းနှင့် ရှုခင်းသာလမ်းရှိ အ.လ.က(၄) ကျောင်းဝန်းအတွင်း ပေါက်ကွဲမှု နှစ်ကြိမ်ဖြစ်ပွားကာ ည ၈ နာရီကျော်တွင်မှု မြင်တော်သာလမ်းနှင့် သုမနလမ်းရှိ တရားရုံးအနီး ပေါက်ကွဲမှုနှစ်ကြိမ် ဖြစ်ပွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

“ပေါက်ကွဲသံ နှစ်ခါကြားရတယ်။ အသံတော်တော်ကျယ်တယ်”ဟု ည ၈ နာရီကျော်က ပေါက်ကွဲမှုနှင့် စပ်လျဉ်းပြီး ဒေသခံတစ်ဦးက ပြောသည်။

ပေါက်ကွဲမှုများဖြစ်ပွားပြီးနောက် မြင်တော်သာလမ်းနှင့် သုမနလမ်းဆုံအနီး စစ်ကောင်စီတပ်များရောက်ရှိလာပြီး ဆိုင်ကယ်ဖြင့်သွားလာနေသူများကို ရိုက်နှက်ဖမ်းဆီးမှုများရှိနေသည်ဟု ယင်းနေရာအနီးနေထိုင်သည့်မျက်မြင်တွေ့ရှိသူကို ကိုးကားပြီး ဒေသခံနောက်တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

အလားတူ ထူပါရုံလမ်းများအပါအဝင် သာကေတမြို့နယ် (၇/၈/၉)စသည့်ရပ်ကွက်လမ်းများတွင် နေအိမ်များအား လျှပ်စစ်မီးများပိတ်ခိုင်းကာ လိုက်လံရှာဖွေစစ်ဆေးမှုများ လုပ်ဆောင်လျက်ရှိကြောင်း ဒေသခံများက ပြောသည်။

ပေါက်ကွဲမှုဖြစ်စဉ်များကြောင့် ထိခိုက်သေဆုံးမှုရှိ၊မရှိဆိုသည်ကို People’s Springက ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကာမိုင်းဒေသမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဒုတပ်ရင်းမှူး ၁ဦးကို စစ်တပ် လက်အောက်ခံ ရှမ်းနီတပ် SNA ရဲ့ ဖမ်းဆီးခြင်းခံရမှုမဟုတ်ဘဲ သတင်းအမှားသာဖြစ်ကြောင်း KIA စစ်ဘက်တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့ရဲ့ မြို့နယ်တွေမှာ စက်တင်ဘာ ၂ပတ်အတွင်း မတရားဖမ်းဆီးပေါ်တာဆွဲခံရသူ ၉၀ ကျော် ရှိတယ်လို့ မြေပြင်ကင်းထောက်အဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ဝေါမြို့နယ်ထဲကညောင်ခါးရှည်စစ်ဆေးရေးဂိတ်မှာ လက်ရှိ စက်တင်ဘာလ ပထမအပတ်ကစပြီး ထိုင်းကုန်ပစ္စည်းသယ်ဆောင်လာတဲ့ ကားအစီးရေ ၁၀၀ ခန့်ကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်ဆေးရေးအဖွဲ့က ဖမ်းဆီးသိမ်းဆည်းလိုက်တယ်လို့ ကားသမားသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှာ ဒီနေ့ စက်တင်ဘာလ ၉ရက် ညနေ ၆နာရီခန့်က ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့တယ်လို့ အဆိုပါ မြို့ခံတွေက ပြောပါတယ်။