Connect with us

Hi, what are you looking for?

သတင်း

ကလောမြို့တွင်ရေဘေးထပ်ကြုံ ၊ရှမ်းပြည််ရှိ​ဒေသအချို့တွင်​ရေ​ကြီး​နေ

မုတ်သုံအား​ကောင်း​နေ၍ ​ဒေသအများစုတွင်မိုး​ကောင်းဦးမည်ဟု NUG သတိ​ပေး

မိုးကြီးပြီး​တောင်ကျ​ချောင်း​ရေများ​ကြောင့် က​လောမြို့တွင် ​ရေကြီး​နေစဥ်။ဓါတ်ပုံ-CJ

ဇော်ရမ်း/People’s Spring

မိုးသည်းထန်စွာရွာပြီးနောက်ကလောမြို့တွင် ရေဘေးထပ်မံကြုံတွေ့နေပြီး ရှမ်းပြည်နယ်ရှိမြို့နယ် ငါးခုထက်မနည်းရေ​ဘေးကြုံနေသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်း နှင့် တောင်ပိုင်း၌ ဇူလိုင်လ၂၀ရက်မှစ၍ မိုးဆက်တိုက်ကောင်းခဲ့ပြီးနောက် တာချီလိတ်၊ မိုင်းဆတ်၊ ဝဒေသမှ မိုင်းပေါက်နှင့် ပန်ခမ်းမြို့တွင် ရေဘေးကြုံနေပြီး ယခုအခါ ကလောမြို့နှင့် ဘေးပတ်ဝန်းကျင်မြို့နယ်အချို့ ရေကြီးနေခြင်းဖြစ်သည်။

“ရေက တက်လာတာမြန်တယ်။ နဝင်းချောင်းက ရေ အရမ်းများနေပြီ။ တရိပ်ရိပ်တက်နေပြီး မိုးကဆက်ရွာနေပါတယ်”ဟု ကလောမြို့ခံတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

လက်ရှိတွင် ကလောမြို့ပေါ်ရပ်ကွက်အချို့၌ ရေ ၃ ပေခန့်မြင့်တက်နေပြီး တောင်ကျရေများ စီးနေကြောင်း​ဒေသခံအချို့က​ပြောသည်။ ထို့အပြင် ညောင်ရွှေမြို့၌လည်းမြေနိမ့်ပိုင်းရပ်ကွက်အချို့၌ရေကြီးနေသည်။

ကလောမြို့သည် ပြီးခဲ့ပြီး ၂၀၂၄ ခုနှစ် စက်တင်ဘာလက ရာဂီမုန်တိုင်း အကြွင်းအကျန်တိမ်စိုင်များကြောင့် ဆိုးရွားသည့် ရေဘေးကြုံခဲ့သည်။ရာဂီမုန်တိုင်းကြောင့် ထိခိုက်မှုများကို ပြန်လည်ထူထောင်ရေး မလုပ်နိုင်သေးခင် မတ်လ၂၈ရက်ကလှုပ်ခတ်ခဲ့​သော စစ်ကိုင်းငလျင်ကြီးကြောင့်လည်းထိခိုက်ပျက်စီးမှုရှိခဲ့သည်။

လက်ရှိတွင် တာချီလိတ်မြို့တွင်လည်း မြို့ပေါ်ရပ်ကွက်များရေကြီးနေသည်။ပုန်းထွန်၊တာလော့နှင့် မကာဟိုခမ်းရပ်ကွက်၌ ရေကြီးနေပြီး ဒေသခံများ ရေဘေးရင်ဆိုင်နေရသည်။အလားတူဝဒေသမှ မိုင်းပေါက် နှင့် ပန်ခမ်းမြို့တွင် ရေဘေးကြုံနေပြီး လူထိခိုက်သေဆုံးမှုများရှ်ိနေသည်။

ထို့အပြင် ကရင်ပြည်နယ်၊ မြဝတီ၊ ကော့ကရိတ်၊ ဘားအံမြို့များနှင့်ပဲခူးတိုင်းတောင်ငူမြို့တွင်လည်း ရေကြီးနေ၍ စစ်တောင်းမြစ်ဘေးကျေးရွာအချို့မှဒေသခံများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းနေရကြောင်း သတင်းရရှိသည်။

ရေဘေးကြုံတွေ့နေစဉ် ဇူလိုင်လ ၂၈ရက်မှ ဩဂုတ်လ ၃ရက်အတွင်း ဒေသအများအပြား မိုးဆက်ကြီးနိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန (MOHADM)က သတိပေးထားသည်။ မုတ်သုံလေအားကောင်းနေ၍နေပြည်တော်၊စစ်ကိုင်းတိုင်း(အထက်ပိုင်း)၊ မန္တလေးတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း (အရှေ့ပိုင်း)၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်သည်ဟု MOHADMက သတိပေးထားသည်။

ယခုရက်ပိုင်း၌ တာချီလိတ်မြို့တွင် မယ်ဆိုင်ချောင်း၊ မြဝတီမြို့တွင် သောင်ရင်းမြစ်၊ ဘားအံမြို့တွင် သံလွင်မြစ်၊ တောင်ငူမြို့တွင် စစ်တောင်းမြစ်တို့ စိုးရိမ်ရေမှတ်အထက်၌ မြင့်တက်နေသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တိဘက် ကုန်းမြင့်ဒေသနဲ့ ထိစပ်ရာ နယ်မြေတွေမှာ ရုတ်တရက် ဖြစ်ပွားခဲ့တဲ့ တောင်ပေါ် ရေကြီးမှုအတွင်း ပျောက်ဆုံးနေသူ အရေအတွက်ကို နီပေါအာဏာပိုင်တွေက ၁၀၀၀ ဝန်းကျင်လောက် တိုးမြှင့် သတ်မှတ်လိုက်ပါတယ်။

အတွေးအမြင်

UFC ဖိုက်တာဂျိုရှာဗန် နဲ့ ပန်တိုဂျာတို့ရဲ့ မ​ကျေပွဲ ချန်ပီယံခါးပတ်လုပွဲဒီတစ်ပါတ်ကြိုးဝိုင်းထဲမှာ ထိုးသတ်ဖို့ရှိပြီး ချန်ပီယံအစစ်က ဘယ်သူလဲဆိုတာ မကြာမီ အဖြေပေါ်ပါလိမ့်မယ်။ပြည်တွင်း နိုင်ငံရေးစင်မြင့်ပေါ်မှာတော့ ရေဘေးအကြောင်းပြုပြီး အမျိုးသားညီညွတ်​ရေးအစိုးရ-NUGနဲ့ အာဏာသိမ်းစစ်ကောင်စီတို့ကြား ဩဂုတ်လဆန်းက‌နေ စက်တင်ဘာလဆန်းအထိ ထိပ်တိုက်တွေ့ခဲ့ပါတယ်။

နိုင်ငံတကာ

တိဘက်ကုန်းမြင့်နဲ့ နယ်စပ်မှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုကြီးအတွင်း သေဆုံး၊ ပျောက်ဆုံးခဲ့သူတွေအတွက် နိုင်ငံတော်အဆင့် ဝမ်းနည်းကြေကွဲမှု နေ့တစ်နေ့ကို နီပေါ အစိုးရက သတ်မှတ်ခဲ့ပါတယ်။

ဆောင်းပါး

နိပေါ ရေဘေးကနေ တိဘက်ရဲ့ မဟာဆည်၊ အိန္ဒိယရဲ့ တန်ပြန်စီမံကိန်းနဲ့ ဘင်္ဂလားဒေ့ရှ်ရဲ့ ရေအနာဂတ်