Connect with us

Hi, what are you looking for?

သတင်း

ပုလောမြို့နယ်တွင် စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှု ပြည်သူ ၁၁ဦးသေဆုံး

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်ရှိ ဇရပ်ဆိပ်ရွာနှင့် လက်ပံပြင်ကျေးရွာကို စစ်ကောင်စီတပ်ကလေကြောင်းတိုက်ခိုက်ခဲ့ရာပြည်သူအစုလိုက်၊အပြုံ လိုက်သေဆုံးခဲ့သည်ဟု ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်-ထားဝယ်ခရိုင်က ယနေ့(ဇူလိုင်၃၀ရက်) သတင်းထုတ်ပြန်သည်။

ဓာတ်ပုံ - KNU - Mergui-Tavoy District

ဇူလိုင်-၃၀၊ ၂၀၂၅။ ထားမြတ်/People’s Spring

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်ရှိ ဇရပ်ဆိပ်ရွာနှင့် လက်ပံပြင်ကျေးရွာကို စစ်ကောင်စီတပ်ကလေကြောင်းတိုက်ခိုက်ခဲ့ရာပြည်သူအစုလိုက်၊အပြုံ လိုက်သေဆုံးခဲ့သည်ဟု ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်-ထားဝယ်ခရိုင်က ယနေ့(ဇူလိုင်၃၀ရက်) သတင်းထုတ်ပြန်သည်။

ဇူလိုင် ၂၆ရက်က ဇရပ်ဆိပ်ကျေးရွာကို တိုက်လေယာဉ်ဖြင့် ဗုံးကြဲရာ ပြည်သူ(၁၀)ဦး အစုလိုက်၊အပြုံလိုက် သေဆုံးပြီး ၆ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြသည်။

” လေယာဉ်လာကြဲတဲ့နေရာ ၃နေရာရှိတယ်။ လူသေဆုံးမှုတွေရှိတယ်။ဘာသာရေး အဆောက်အအုံတွေထိခိုက်တာရှိတယ်။ ခရစ်ယာန်ဘုရားကျောင်းလည်းထိတယ်။ စေတီဘုရားလည်းထိတယ်။ လူဦးရေ သေဆုံးမှုလည်းရှိတယ်။ အစုလိုက် အပြုံလိုက် သေတာ။ ဒါကတော့လူ့အခွင့်အရေး ချိုးဖောက်တဲ့ဟာပေါ့” ဟု ကရင်သတင်းရင်းမြစ်က ဇူလိုင် ၂၆ရက်တွင် စစ်ကောင်စီက ပုလောနယ်ကို လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့မှု အပေါ် ပြောသည်။

Public Service Announcement

Public Service Announcement

ဇူလိုင် ၂၆ရက် နေ့လည်ပိုင်းကလည်း စစ်ကောင်စီသည် လက်ပံပြင်ကျေးရွာကို လေကြောင်း တိုက်ခိုက်ခဲ့ရာ ကျေးရွာအတွင်းရှိ ခရစ်ယာန်ဘာသာရေးခန်းမဆောင် အဆောက်အအုံတစ်လုံးပျက်စီးပြီး၊ လက်ပံ့ပြင်ကျေးရွာရှိ မိသားစုဝင် ၄ဦး ဗုံးစထိမှန်ကာ ဖခင်ဖြစ်သူ သေဆုံးပြီး ကလေးငယ် ၂ဦးနှင့် မိခင်ဖြစ်သူတို့ ဒဏ်ရာရခဲ့ဟု KNU မြိတ်-ထားဝယ်ခရိုင်က အသိပေးသည်။

လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးသော ခရစ်ယာန်ဘာသာရေးခန်းမဆောင်သည် ကလေးငယ်များ စာသင်ရာ နေရာဖြစ်သည်ဟု ကရင်သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

“အဲဒီမှာ သွားပစ်တာ။ ကံကောင်းတယ် ကလေးတွေမထိလို့။ ကျောင်းပိတ်တဲ့ရက်ဖြစ်နေလို့ မဟုတ်ရင် အကုန်လုံးအစုလိုက်အပြုံလိုက် ကလေးတွေပါ ဆုံးမှာ။” ဟု ၎င်းက ပြောသည်။

စစ်ကောင်စီတပ်သည် ပုလောမြို့နယ်ကို မြေပြင်မှ ထိုးစစ်ဆင်နေပြီး လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိကြောင်း ဒေသတွင်းပြည်သူကာကွယ်ရေးတပ်(PDF) မြိတ်ခရိုင် အမှတ်(၁) တပ်ရင်းက အသိပေးထားသည်။

စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှု၊ ဒရုန်းနှင့် လက်နက်ကြီး တိုက် ခိုက်မှုများကြောင့် ခရီးသွားများ အပါအဝင် ပြည်သူသေဆုံးထိခိုက်မှုများစွာရှိခဲ့ကြောင်းနှင့် ဇူလိုင် ၂၃ရက်နောက်ပိုင်း တပတ်အတွင်း ပုလောဒေသခံ ၂၀ကျော် သေဆုံးထိခိုက်မှုရှိနိုင်သည်ဟု ဒေသစစ်ရေးသတင်းရင်းမြစ်က ပြောထားသည်။

စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် လက်ပံပြင်ကျေးရွာအတွင်းရှိ ခရစ်ယာန်ဘာသာရေးခန်းမဆောင် ထိမှန်ပျက်စီးနေသည်ကို တွေ့ရစဉ်

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်ထားတဲ့ နယ်မြေ များလာပြီး စစ်တပ် ဆုံးရှုံးမှုများလာလို့ အများပြည်သူ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

ဆောင်းပါး

PDF တွေရဲ့ဒရုန်း​လေတပ်ကိုထိုး​ဖောက်ဝင်​ရောက်တိုက်ခိုက်လာနိုင်တာကစစ်တပ်အတွက်အကြီးမားဆုံးစိန်​ခေါ်မှုဖြစ်လာမလား။

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအ၀င် ‌‌ပြည်သူ ၆ဦးသေဆုံးပြီး ၅ဦး ဒဏ်ရာရရှိတယ်လို့ သရက်ခရိုင်အမှတ်(၄) တပ်ရင်း တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

Facebook