Connect with us

Hi, what are you looking for?

News

ပျော်ဘွယ်တွင်ကုန်တင်ရထားတိမ်​မှောက်ပြီး Non- CDMမီးရထားဝန်ထမ်းသုံးဦး​သေ၊ မိုင်းခွဲခံရခြင်းဟု​ဒေသခံများ​ပြောပြီးနွားအုပ်တိုက်မိ၍ဟုစစ်​ကောင်စီဘက်မှဝါဒဖြန့်

“နွားတွေက အဲဒီအချိန်ကြီး မရှိတော့ပါဘူး။ ခုဟာက တစ်တွဲပေါ်ကို နောက်တစ်တွဲမြှောက်တက်သွားပြီးမှောက်တာ။”ဟု ဒေသခံတစ်ဦးက ​ပြောသည်။

မန္တလေးတိုင်း ပျော်ဘွယ်မြို့တွင် ကုန်တင်မီးရထားတစ်စင်း တိမ်းမှောက်ပြီး မိုင်းဆွဲခံရ၍ တိမ်းမှောက်သ​ည်ဟု သတင်းများထွက်ပေါ်နေပြီး အဆိုပါ​ဖြစ်စဥ်ကြောင့် စစ်ကောင်စီလက်အောက်ခံ မီးရထား Non-CDM ဝန်ထမ်း သုံးဦးသေဆုံးကြောင်း ဒေသခံများက ​ပြောသည်။

ယမန်နေ့ နိုဝင်ဘာလ ၁၇ ရက်၊ ညနေ ၅း၃ဝ ဝန်းကျင်က ပျော်ဘွယ်မြို့နယ်၊မင်းလမ်းအုပ်စု၊ ကျောင်းကုန်းကျေးရွာအနီးမိုင်တိုင်အမှတ် ၂၈၅နှင့်၂၈၆ကြားတွင် ကုန်တင် မီးရထားတစ်စင်း တိမ်းမှောက်ခဲ့ပြီး စက်ခေါင်းမှူး(၁)ဦးနှင့် လျှပ်စစ်စက်ပြင်(၁)ဦးတို နေရာတွင် သေဆုံးပြီး ကျန်သည့် စက်ခေါင်းမောင်း (၁)ဦးမှာ ဒဏ်ရာဖြင့် ဆေးရုံတွင် သေဆုံးသွားကြောင်း ဒေသခံများက ပြောသည်။

နွားအုပ်အားတိုက်မိ၍ ရထားတိမ်းမှောက်ခဲ့သည်ဟု စစ်ကောင်စီလက်အောက်ခံ ဒေသခံမီးသတ်တပ်ဖွဲ့ကဆိုထား​သော်လည်းမီးရထားနှင့်နီးစပ်သူအချို့ကမူ အဆိုပါရထားသည် မိုင်းဆွဲခံရ၍ တိမ်းမှောက်ခြင်းဖြစ်နိုင်ကြောင်း ပြောကြားသည်။

“နွားတွေက အဲဒီအချိန်ကြီး မရှိတော့ပါဘူး။ ခုဟာက တစ်တွဲပေါ်ကို နောက်တစ်တွဲမြှောက်တက်သွားပြီးမှောက်တာ။”ဟု ဒေသခံတစ်ဦးက ​ပြောသည်။

Public Service Announcement

Public Service Announcement

ရထားစက်ခေါင်းအနောက်ရှိ စက်ခေါင်းမောင်း နားနေသည့်တွဲတွင် ပေါက်ကွဲခြင်းဖြစ်ပြီး ပေါက်ကွဲမှုကြောင့် ရထားတွဲမှာ မြောက်တက်သွားကာ နောက်အတွဲပေါ် သွားထပ်ပြီး တိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း မြို့ခံအချို့က ပြောသည်။ စစ်​ကောင်စီအတွက်ရိက္ခာများသယ်​ဆောင်လာ​သောရထားဖြစ်၍ မိုင်းခွဲတိုက်ခိုက်ခံရခြင်းဖြစ်​ကြောင်း​ဒေသခံအချို့ကလည်း​ပြောသည်။ မီးရထားတိမ်း​မှောက်ပြီးပျက်စီး​မှု များပြာသည်ကို ဓါတ်ပုံများတွင်​မြင်​တွေ့ရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။

သတင်း

​မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့နယ်၊ ရှမ်းပွဲရပ်ကွက်မှာ စစ်ကောင်စီ လက်အောက်ခံ ရပ်ကွက်အုပ်ချုပ်ရေးမှူးရွေးချယ်ပွဲ ပြုလုပ်ရာ ပြည်သူတွေမလာလို့ ပွဲပျက်သွားကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ရဲ့ လူဝင်မှုကြီးကြပ်ရေးသင်တန်းကျောင်းဆင်းပွဲကို ဌာနချုပ် လိုင်ဇာမြို့မှာ မနေ့က ကျင်းပခဲ့တယ်လို့ ကချင်သတင်းရင်းမြစ်က ပြောပါတယ်။