Connect with us

Hi, what are you looking for?

သတင်း

ချောင်းဦးနဲ့မုံရွာမှာ စစ်တပ်က ပါရာမိုတာနဲ့တိုက်ခိုက်လို့ ပြည်သူ ၄ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ချောင်းဦး နဲ့ မုံရွာမြို့နယ်မှာစစ်ကောင်စီတပ်က ပါရာမိုတာ စက်တပ်လေထီးနဲ့ ဗုံးကြဲတိုက်ခိုက်လို့ပြည်သူလေးဦးဒဏ်ရာရပြီး စိုးရိမ်ရကြောင်း ဒေသခံတွေက ပြောပါတယ်။

ပါရာမိုတာနဲ့တိုက်ခိုက်ခံရပြီးနောက် ဒဏ်ရာရသူ​တွေရဲ့ ​သွေးကွက်​တွေကိုတွေ့ရစဥ်။ဓာတ်ပုံ-MRI

သြဂုတ်-၁၊၂၀၂၅။​ဇေ​အောင်/People’s Spring

စစ်ကိုင်းတိုင်း၊ချောင်းဦး နဲ့ မုံရွာမြို့နယ်မှာစစ်ကောင်စီတပ်က ပါရာမိုတာ စက်တပ်လေထီးနဲ့ ဗုံးကြဲတိုက်ခိုက်လို့ပြည်သူလေးဦးဒဏ်ရာရပြီး စိုးရိမ်ရကြောင်း ဒေသခံတွေက ပြောပါတယ်။

သြဂုတ် ၁ ရက် မနက် ၉ နာရီ နာရီခွဲခန့်ကနေမနက် ၁၁ နာရီခန့်အတွင်း မုံရွာမြို့နယ်၊ တောင်ဘက်ခြမ်းနဲ့ ချောင်းဦးမြို့နယ် အနောက်မြောက်ခြမ်းနေရာတွေကို စစ်တပ်က ပါရာမိုတာ ​(ခေါ်) စက်တပ်လေထီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ဗုံးကြဲတိုက်ခိုက်မှုကြောင့် ချောင်းဆုံရွာက ပြည်သူ၂ဦး၊ ရွှေဒါးကျရွာက ပြည်သူ၂ဦး စိုးရိမ်ဒဏ်ရာများ ရရှိသွားကြောင်း ဒေသခံတွေက ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပါရာမိုတာက လာဗုံးကြဲခဲ့တာဖြစ်ကြောင်းမုံရွာနယ်က လမ်းအခြေအနေတွေကင်းထောက်ပေးနေတဲ့ Monywa Roads Information-MRI အဖွဲ့က အဖွဲ့ဝင်တဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

“မုံရွာဘက်ကတိုက်ခိုက်မှုကအိမ်ရဲ့အနောက်ဘက်လို့သိရပြီး ထိခိုက်သူ၂ယောက်က အသက်၆၆နှစ်နဲ့၄၇အရွယ်အမျိုးသား၂ယောက်လို့သိရပါတယ်”လို့ အထက်ပါအဖွဲ့ဝင်က ပြောပါတယ်။

အဲဒီပါရာမိုတာဟာ မုံရွာအနောက်မြောက်တိုင်း စစ်ဌာနချုပ်(နမခ)ထဲကနေ တက်လာတာဖြစ်တယ်လို့ဒေသခံတွေဆီက သိရပါတယ်။

ဇူလိုင်၂၉ ရက်နေ့ကလည်း စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ရမ်းသမ်းပစ်ခတ်လို့ ချောင်းဦးမြို့နယ်၊ကျီကုန်းရွာထဲကျရောက်ပြီးကလေးတစ်ဦးနဲ့အမျိုးသမီးတစ်ဦးတို့သေဆုံးခဲ့ပါသေးတယ်။

ဆက်စပ်သတင်းများ

သတင်း

ကျားမသောက်တပ်ရင်းထဲ AA ရဲလက်နက်ကြီးကျရောက်ပေါက်ကွဲလို့ အသေအပျောက်ရှိ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်းက မိုးကြီးပြီး ရေဘေးကြုံတွေ့နေတဲ့ မဘိမ်းမြို့ကို စစ်တပ်က လေကြောင်း ကနေ ဗုံးကြဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်၊ဖာပွန်ခရိုင်ကိုသြဂုတ်လ ၅ ရက်ညပိုင်းမှာအာဏာသိမ်းစစ်တပ်ရဲ့လေတပ်ကဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့်အမျိုးသမီးတစ်ဦးသေဆုံးပြီးလေးဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးမြို့၊ အမရပူရမြို့နယ်မှာ ပိုးထည်ဆိုင်ဖွင့်ပွဲပြီး ဇာတ်မင်းသား စမ်းရေမိုးတက်မယ်ဆိုပြီး စစ်ကိုင်း-မန္တလေးလမ်းကို စစ်တပ်က နာရီပိုင်းကြာအောင် ပိတ်ထားလိုက်တာကြောင့် ခရီးသွားပြည်သူတွေ ဒုက္ခရောက်ခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။