Connect with us

Hi, what are you looking for?

သတင်း

ညောင်လေးပင်ခရိုင်တိုက်ပွဲအတွင်း ဖမ်းမိစစ်သုံ့ပန်း၂၆ဦးအနက် အိမ်ပြန်လိုသူများအား KNUပြန်လွှတ်ပေး

မပြန်နိုင်သေးသူများကို အလုပ်အကိုင်ရှာပေး

ဖမ်းမိထားသော စစ်သုံ့ပန်းများအား KNUက ကောင်းမွန်စွာထားရှိစဉ်။ ဓာတ်ပုံ - KNU

ဩဂုတ်-၃၊ ၂၀၂၅။ ထားမြတ်/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU)ညောင်လေးပင်ခရိုင်အတွင်းဖြစ်ပွားခဲ့သည့် တိုက်ပွဲ၌ ဖမ်းမိခဲ့သော စစ်သုံ့ပန်း၂၆ဦးအနက် အိမ်ပြန်လိုသူများကို နေရပ်ပြန်ခွင့်ပြုခဲ့ပြီး မပြန်နိုင်သေးသည့်သူများအား အလုပ်အကိုင် ရှာဖွေပေးကာ ထိန်းသိမ်းထားရှိကြောင်း KNU ညောင်လေးပင်ခရိုင်က သတင်းထုတ်ပြန်သည်။

ဇွန်လ၂၅ရက်ကညောင်လေးပင်ခရိုင်အတွင်း KNU အုပ်ချုပ်နယ်မြေသတ်မှတ်ချက်အရ မူးမြို့နယ်အတွင်းရှိ တောင်စုနှင့် လယ်ဒိုမြို့နယ် တော်ဝိရွာတိုက်ပွဲတွင် တော်လှန်ရေးပူးပေါင်းတပ်က စစ်သုံ့ပန်းများ ဖမ်းမိခဲ့ခြင်းဖြစ်သည်။

KNU တပ်မဟာ(၃)နယ်မြေ တောင်စုရွာ၌ စစ်ကြောင်းထိုး အထိုင်ချထားသည့် စစ်ကောင်စီတပ်များကို KNLA ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရာ စစ်သုံ့ပန်း၂၃ဦး ဖမ်းမိခဲံပြီး တော်ဝိရွာတိုက်ပွဲတွင် စစ်သုံ့ပမ်း ၃ဦးဖမ်းမိခဲ့သည်။ လက်နက်ခဲယမ်းများလည်း သိမ်းပိုက်ရရှိခဲ့သည်။

Public Service Announcement

Public Service Announcement

စစ်သုံ့ပန်းများအား စစ်စည်းကမ်းဥပဒေနှင့်အညီ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း(၉)ထံတွင်ထိန်းသိမ်းထားပြီး ပြန်လိုသူများကို ယခုကဲ့သို့ ပြန်လွှတ်ပေးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ဖမ်းဆီးခံရသည့်စစ်သုံ့ပန်းများသည် အများအားဖြင့် စစ်ကောင်စီက အတင်းအဓမ္မ စစ်သား စုဆောင်းခဲ့၍ မတရားစစ်မူထမ်း ခံရသည့်သူများဖြစ်ကြပြီး အချို့မှာမူ စစ်မှုမထမ်းလိုတော့သည့်စစ်မှုထမ်းသက်တမ်းပြည့် စစ်သားများလည်း ပါဝင်ကြောင်း အသိပေးသည်။

KNU အနေဖြင့် ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းများကို ကောင်းမွန်စွာ ထိန်းသိမ်းကာ ကိုယ်ရေးအချက်အလက်များကို မှတ်တမ်းများကောက်ယူပြီး နေရပ်သို့ပြန်လိုသူများကို ပြန်လည်ပို့ဆောင်ခြင်း၊ မပြန်လိုသူများအား အလုပ်အကိုင်ရှာပေးခြင်းများကို စီစဥ်ဆောင်ရွက်ပေးခဲ့သော်လည်း တဖက်တွင် စစ်ကောင်စီအနေဖြင့် လူမှုကွန်ရက်ပေါ်တွင် ဝါဒဖြန့်သတင်းအမှားများဖြန့်ဝေလျှက်ရှိသည်ကို သတိထားရန် အသိပေးသည်။

စစ်ကောင်စီသည် တော်လှန်ရေးတပ်ဖွဲ့များက အရပ်သားများကို သတ်ဖြတ်သည်ဟု ဝါဒဖြန့်မှုများရှိသကဲ့သို့ ဖမ်းမိစစ်သုံ့ပန်းများကိုလည်း သတ်ဖြတ်သည်ဟု စစ်တပ်တွင်းလိမ်ညာဝါဒဖြန့်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကော်သူးလေအဆင့်မြင့်ပညာရေးကောင်စီကို အဆင့်မြင့်ပညာရေးအဖွဲ့အစည်းများ၊ အဆင့်မြင့်ပညာရေးဗျူရို ခေါင်းဆောင်များနဲ့ လွတ်လပ်သော ပညာရှင်များ ကိုယ်စားပြုတဲ့ အဖွဲ့ဝင် ၂၁ဦးနဲ့ ဖွဲ့စည်းလိုက်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က စက်တင်ဘာ ၂၁ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

သတင်း

စစ်တွေ-ပုဏ္ဏားကျွန်းမြို့အစပ်မှာ စက်တင်ဘာလဆန်းကစပြီးဖြစ်ပွားနေတဲ့တိုက်ပွဲ​တွေအတွင်းမှာ သိမ်းဆည်းရရှိတဲ့ လက်နက်ခဲယမ်း​တွေနဲ့ ဖမ်းဆီးထားတဲ့ စစ်သုံ့ပန်း​တွေကို အာရက္ခတပ်​တော်က ဒီ​​နေ့တရာဝင်ထုတ်ပြန်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

တော်လှန်ရေးရဲဘော်တွေက အားပေးသလို နှိပ်စက်တာမရှိ၊ တန်းတူစားရဟု ပြော

Facebook