Connect with us

Hi, what are you looking for?

သတင်း

၁၁၁၁ စစ်ဆင်ရေးနောက်ပိုင်း ဒီးမော့ဆိုမြို့နယ်၌ တိုက်ပွဲပြန်ဖြစ်

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၌ စစ်ကောင်စီတပ်စစ်ကြောင်းထိုးလာ၍ တိုက်ပွဲများဖြစ်နေကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ယနေ့(ဩဂုတ်၁၀ရက်)ထုတ်ပြန်သည်။

ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - KNDF

သြဂုတ်-၁၀၊၂၀၂၅။ရဲခေါင်/Peoples Spring

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၌ စစ်ကောင်စီတပ်စစ်ကြောင်းထိုးလာ၍ တိုက်ပွဲများဖြစ်နေကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ယနေ့(ဩဂုတ်၁၀ရက်)ထုတ်ပြန်သည်။

ယခုတိုက်ပွဲသည် ကရင်နီတပ်ပေါင်းစု၏ ၂၀၂၃ နိုဝင်ဘာကစတင်သည့် ၁၁၁၁စစ်ဆင်ရေးနောက်ပိုင်း ပြန်လည်ထိတွေ့မှုဖြစ်ခြင်းဟု ဒီးမော့ဆိုမြို့နယ်စစ်ရေးသတင်းရင်းမြစ်က ဆိုသည်။

ထို့အပြင် လက်ရှိစစ်ရေးအခြေအနေအရ လွိုင်ကော် – ဒီးမော့ဆို -ဖရူဆို လမ်းမကြီးကို ယနေ့(သြဂုတ် ၁၀ ရက်)ကစ၍ သွားလာခြင်းမပြုရန်နှင့် ရက်အကန့်အသတ်မရှိ ပိတ်ထားမည်ဖြစ်ကြောင်းလည်း ဖော်ပြသည်။

Public Service Announcement

Public Service Announcement

“လမ်းကြောင်းကို ပြန်ထိန်းချုပ်ဖို့ပြီးတော့ ပြတ်တောက်နေတဲ့ ထောက်ပို့လမ်းကြောင်းတွေ ပြန်ချိတ်ဆက်ဖို့ဖြစ်နိုင်တယ်”ဟု KNDFတာဝန်ရှိသူက စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာမှုအခြေအနေအပေါ် ရှင်းပြသည်။

ဩဂုတ် ၈ ရက်ကစ၍ ဒီးမော့ဆိုမြို့အတွင်းသို့ စစ်ကောင်စီတပ်မှ စစ်ကြောင်းထိုးလှုပ်ရှားမှုများ စတင်ခဲ့ပြီးနောက် တော်လှန်ရေးတပ်များနှင့် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေကာ ဖရူဆိုမြို့နယ်အခြေစိုက် စစ်ကောင်စီတပ်ကလည်း ဒီးမော့ဆို-ဖရူဆိုလမ်းတစ်လျှောက်သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်နေကြောင်း အသိပေးသည်။

“အခုက တပ်ထဲကနေထွက်လာပြီး နယ်မြေပြန်ချဲ့ချင်လာတဲ့သဘောမျိုးလည်း ဖြစ်တယ်။အခုက စစ်ကြောင်းထိုးလာနေတဲ့ အဖွဲ့နဲ့ပြန်ခုခံတဲ့ တိုက်ပွဲမျိုး”ဟု ၎င်းက ပြောသည်။

ဒီးမော့ဆိုမြို့နယ်တွင် စစ်ကောင်စီ၏ မြို့စောင့်တပ်ရင်းနှစ်ခုဖြစ်သော ခလရ(၁၀၂)နှင့် ခမရ (၄၂၇)တပ်ရင်းမှအပ မြို့နယ်၏ ဧရိယာအများစုကို ကရင်နီတပ်ပေါင်းစုက ထိန်းချုပ်ထားခြင်းဖြစ်သည်။

“သူတို့ရည်ရွယ်ချက်ကတော့ ပြည်ထောင်စုလမ်းမကြီးကို ပြန်ထိန်းချုပ်ထားနိုင်ဖို့ပဲဖြစ်လိမ့်မယ် ။ လောလောဆယ်တော့ ဒီးမော့ဆိုနဲ့ ဖရူဆို လမ်းမကြီးက ပိတ်ထားတာကြာပြီဆိုတော့ သူတို့ လမ်းကြောင်းပြန်ထိုးဖောက်ချင်တာမျိုး”ဟု ကရင်နီစစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ခလရ(၁၀၂)နှင့် ခမရ(၄၂၇)တပ်ရင်း ပူးပေါင်းစစ်ကြောင်းသည် မြို့တွင်းသို့ စစ်ကြောင်းထိုးလာစဥ် စစ်ရှောင်ပြည်သူများပါသည် ကားတစ်စီးကို ဖမ်းဆီးထားပြီး ပစ်သတ်ခံရသည့် ပြည်သူအချို့ပါရှိနေသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ဖာပွန်ခရိုင်ထဲမှာစစ်ကြောင်းထိုးနေတဲ့အာဏာသိမ်းစစ်တပ်နဲ့ ကရင်အမျိုးသားအစည်းအရုံး( KNU )တပ်တွေကြားတိုက်ပွဲဆက်ဖြစ်နေပြီးစစ်တပ်ကလေကြောင်းကိုပါသုံးပြီး တိုက်ခိုက်နေတယ်လို့ KNU တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူပဒိုစောထိုရော်ဘင်က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး ဩဂုတ် ၂၄ရက် တိုက်ပွဲမှာ စစ်တပ်ဘက်က အထိနာကာ လက်နက်ခဲယမ်းတွေ ရရှိတယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ဇာတိကို အလောင်းပြန်မသယ်နိုင်ခဲ့ဘဲ ၉၆ ပါးရောဂါကြောင့်သေဆုံးတာလို့ မိသားစုက နာရေးကြော်ငြာ

သတင်း

ဧရာဝတီတိုင်း၊ရေကြည်မြို့နယ်ထဲက အမြောက်တပ် အမတ(၃၄၄)အနီးမှာ ယနေ့ည တိုက်ပွဲပြင်းထန်နေပြီးစစ်တပ်ကလေကြောင်းကရော ၊လက်နက်ကြီးနဲ့ပါ ပစ်ကူ​ပေးပစ်ခတ်နေတယ်လို့ မြို့ခံတွေကပြောပါတယ်။