Connect with us

Hi, what are you looking for?

သတင်း

ဝက်လက်မြို့နယ်မှာကား​တွေပိတ်မိ​နေချိန်စစ်တပ် လေကြောင်းတိုက်လို့ ​သေဆုံးဒဏ်ရာရသူများပြား

စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ်အရှေ့ခြမ်းကို ခရိုင်ချင်းဆက် အမှတ်(၃)လမ်း​ပေါ်ကအရပ်သား​တွေရဲ့ကား​တွေကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာ​ကြောင့်ပြည်သူ၆ဦး သေဆုံးပြီး သံဃာ တွေအပါအဝင်ပြည်သူ ၁၀ဦးခန့် ထိခိုက်ဒဏ်ရာတွေရခဲ့တယ်လို့ဒေသခံတွေက​ပြောပါတယ်။

ကားတန်းကို စစ်တပ်က ​လေ​ကြောင်းတိုက်ခိုက်ပြီး​နောက် မီး​လောင်​နေစဥ်။ဓါတ်ပုံ-CJ

ဩဂုတ်၁၁၊၂၀၂၅။မေ/People’s Spring

စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ်အရှေ့ခြမ်းကို ခရိုင်ချင်းဆက် အမှတ်(၃)လမ်း​ပေါ်ကအရပ်သား​တွေရဲ့ကား​တွေကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာ​ကြောင့်ပြည်သူ၆ဦး သေဆုံးပြီး သံဃာ တွေအပါအဝင်ပြည်သူ ၁၀ဦးခန့် ထိခိုက်ဒဏ်ရာတွေရခဲ့တယ်လို့ဒေသခံတွေက​ပြောပါတယ်။

ဩဂုတ်လ၁၀ ရက်နေ့၊မွန်းလွဲ ၂နာရီက နေ ၄နာရီအထိ မိတ္ထီလာလေတပ်က လေယာဉ်(၂)စီး၊တံတားဦး လေတပ်က လေယာဉ်(၃)စီးစုစုပေါင်း လေယာဉ်၅စီးနဲ့ စစ်ကိုင်းမြို့နယ် မြောက်ခြမ်း ၊တောင်ရင်းရွာအနီး ၊၁၄မိုင်လမ်းဆုံ ဘေးပတ်လည်ကို ဗုံးကြဲချခဲ့သလို စက်လက် တွေနဲ့ပါပစ်ခတ်ခဲ့တာလို့ သိရပါတယ်။

“ဘာတိုက်ပွဲမှကိုမရှိတာပါ။သပ်သပ်ကိုလာကြဲသွားတာ။ကျွန်တော်တို့ သေချာမစိစစ်‌‌နိုင်သေးဘူး။ရှင်းရှင်းလင်းလင်းနဲ့ ရှင်းလင်း ရေးမလုပ်ရ သေး တော့ ကနဦး တော့အဲ့လိုသိရတယ်”လို့ ဒေသခံတဦး ကပြောပါတယ်။

Public Service Announcement

Public Service Announcement

ကနဦး​​သေဆုံးသူ ၆ ဦးရှိတယ်လို့သတင်းရရှိထားတာက​နေ ​သြဂုတ် ၁၁ ရက်ညပိုင်းရရှိတဲ့စာရင်းအရသေဆုံးသူ ၆ဦးအထိတိုးလာတာဖြစ်ပါတယ်။​လေ​ကြောင်းတိုက်ခိုက်ခံရတာ​ကြောင့်ကား​ပေါ်မှာရုပ်ပျက်ဆင်းပျက်ဖြစ်​နေတဲ့ ရုပ်အ​လောင်းအချို့ရဲ့ သတင်းဓါတ်ပုံအချို့ကိုလည်း People’s Spring ကလက်ခံရရှိထားပါတယ် ။

စစ်တပ်စစ်ကြောင်းကြောင့် ကားလမ်း ပေါ်မှာ ကုန်တင်ကားနဲ့ ခရီးသည်တင်ကား တွေ ပိတ်မိနေတဲ့အချိန် လေကြောင်းတိုက်ခိုက်ခဲ့တာမို့ကုန်တင်ကား ၄ စီးလည်းမီး လောင်ပျက်စီးခဲ့တယ်လို့​ဒေသခံအချို့က​ပြောပါတယ်။

ဒီလမ်းဟာ မန္တလေး-‌ ရွှေဘို-မြစ်ကြီးနားကားတွေအသုံးပြုသလို မန္တလေး-စဉ့်ကူး- သပိတ်ကျင်း-မိုးကုတ် မြိုကိုသွားတဲ့ ကားတွေ အဓိကအသုံးပြုကုတဲ့လမ်းဖြစ်ပါတယ်။

ဒီနေရာရဲ့ အ ရှေ့ဘက်မှာလည်း စစ်ကောင်စီက ခြေလျင်စစ် ကြောင်းထိုးနေပြီး မန္တလေးမြို့ဘက်က နေ အင်အားဖြည့်တင်းတာ တွေလည်းပြုလုပ် နေတယ်လို့သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ်အနောက်ခြမ်းက ကျေးရွာ ၄ရွာကို စစ်တပ်က ၂နာရီကြာ လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသား ၃ဦး သေဆုံးပြီး ၁၂ဦးဒဏ်ရာရကာ ဒဏ်ရာပြင်းထန်သူတွေလည်းရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း ၊ဝက်လက်မြို့နယ်အရှေ့မြောက်ဘက်ကို အာဏာသိမ်းစစ်တပ်ကအောက်တိုဘာလ ၄ ရက်မှာလေကြောင်းတိုက်ခိုက်တာကြောင့် အရပ်သား တစ်ဦး သေဆုံးပြီး နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသတွင်း စစ်ရေး သတင်းအရင်းအမြစ် တစ်ဦးကပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်အတွင်းက အဝေးပြေးလမ်းမကြီးတွေပေါ်မှာ သပိတ်တိုက်ပွဲဦးဆောင်ကော်မတီက ပြည်သူ့အသံနဲ့ ပြည်သူ့သဘောထားကို ဦးစားပေးရပ်တည်ပေးနေတဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းရဲ့ ရုပ်ပုံပါ ဆိုင်းဘုတ်တွေ စိုက်ထူပြီး ဒီကနေ့ (အောက်တိုဘာ ၂) လှုပ်ရှားမှု ပြုလုပ်ခဲ့ကြပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ၀က်လက်မြို့နယ်အရှေ့ခြမ်းနဲ့ ဧရာဝတီမြစ်ရိုးတလျောက်တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်ထံက ဂျန်ဘာကားအပါအ၀င် စစ်ကား ၅စီး၊ဒရုန်းတွေနဲ့လက်နက်တွေ သိမ်းဆည်းရရှိတယ်လို့ရွှေဘိုခရိုင် အမှတ် (၂)တပ်ရင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။