Connect with us

Hi, what are you looking for?

နိုင်ငံတကာ

Al Jazeera ဂျာနယ်လစ်တွေကို အစ္စရေး သတ်ဖြတ်မှု ကုလသမဂ္ဂ ရှုတ်ချ

အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် Al Jazeera သတင်းဌာန ဂျာနယ်လစ်တွေ သေဆုံးခဲ့တဲ့ ဖြစ်ရပ်အပေါ် ကုလသမဂ္ဂက အပြင်းအထန် ရှုတ်ချခဲ့ပါတယ်။

Reuters

အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် Al Jazeera သတင်းဌာန ဂျာနယ်လစ်တွေ သေဆုံးခဲ့တဲ့ ဖြစ်ရပ်အပေါ် ကုလသမဂ္ဂက အပြင်းအထန် ရှုတ်ချခဲ့ပါတယ်။

ဂါဇာစီးတီး မြို့ရဲ့ အရှေ့ဖက်မှာရှိတဲ့ ရှီဖာဆေးရုံနားမှာ သတင်းထောက်တွေ အလုပ်လုပ်နေတဲ့ နေရာကို ဩဂုတ် ၁၀ ရက်နေ့မှာ အစ္စရေးက တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ အစောပိုင်းကတော့ Al Jazeeraရဲ့ သတင်းထောက် ၄ ဦးနဲ့ အလုပ်သင် ၁ ဦး သေဆုံးတယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့် ကာတာအခြေစိုက် သတင်းဌာနရဲ့ နောက်ဆုံး အတည်ပြု ထုတ်ပြန်ချက်မှာတော့ ဂျာနယ်လစ် ၅ ဦး၊ အလွတ်တမ်း သတင်းထောက် ၁ ဦးနဲ့ တခြားတစ်ဦး၊ စုစုပေါင်း ၇ ဦး အသက်ဆုံးရှုံးခဲ့ကြောင်း သိရပါတယ်။

အစ္စရေးရဲ့ တိုက်ခိုက်မှုဟာ မတော်တဆ မဟုတ်ဘဲ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့တာ ဖြစ်သလို အဓိက ပစ်မှတ်ထားခဲ့တာက Al Jazeera သတင်းထောက် အန်နက်စ် အယ်လ်ရှာရစ်ဖ် ဖြစ်ပါတယ်။ အသက် ၂၈ နှစ်အရွယ် ရှာရစ်ဖ်ဟာ ဂါဇာ အခြေစိုက် ပါလက်စတိုင်း ပြောက်ကျားအဖွဲ့ ဟားမားစ်ရဲ့ စစ်ဘက်ဆိုင်ရာ ဦးစီး အရာရှိ တစ်ယောက်လို့ အစ္စရေးက စွပ်စွဲထားပါတယ်။

အစ္စရေး စစ်တပ်ဟာ ရှာရစ်ဖ်ကို ပစ်မှတ်ထား လုပ်ကြံရမယ့်သူတွေ စာရင်းထဲ လွန်ခဲ့တဲ့ တစ်နှစ်လောက် ကတည်းက ထည့်ထားခဲ့တယ်လို့ ယုံကြည်ရပါတယ်။ အရင်ကတည်းက ရှာရစ်ဖ်အနေနဲ့ အသက်အန္တရာယ် ခြိမ်းခြောက်ခံရနိုင်ခြေ ကြီးကြီးမားမား ရှိနေတယ်လို့ ဂါဇာအရေး လေ့လာသူတွေ၊ ဂျာနယ်လစ် အဖွဲ့အစည်းတွေက သူ့ကို သတိပေးထားခဲ့ကြပါတယ်။

Public Service Announcement

Public Service Announcement

အစ္စရေးကတော့ ရှာရစ်ဖ်ဟာ ဟားမားစ် ဆဲလ်တစ်ခုရဲ့ အကြမ်းဖက် ခေါင်းဆောင် ဖြစ်နေတာကြောင့် သူ့ကို လုပ်ကြံသတ်ဖြတ်မှုဟာ မှန်ကန်တယ်လို့ ကာကွယ် ပြောကြားထားပါတယ်။ ဒါပေမဲ့ အဲဒီစွပ်စွဲချက်ကို သက်သေပြဖို့ အထောက်အထားမျိုးတော့ အစ္စရေး ခိုင်ခိုင်မာမာ ထုတ်မပြနိုင်ခဲ့ပါဘူး။ ရှာရစ်ဖ်ဟာ လက်ရှိ ဂါဇာစစ်ပွဲ မတိုင်ခင် ကတည်းက ဟားမားစ်တွေရဲ့ သတင်းပြန်ကြားရေး အဖွဲ့တစ်ခုနဲ့ ချိတ်ဆက် အလုပ်လုပ်ခဲ့တဲ့ အထောက်အထားမျိုးတွေတော့ ရှိနေတယ်လို့ ဆိုပါတယ်။

Al Jazeera ဂျာနယ်လစ်တွေ သေဆုံးခဲ့ရတဲ့ အစ္စရေး တိုက်ခိုက်မှုနဲ့ ပတ်သက်လို့ ကာတာ ဂျာနယ်လစ်များ အဖွဲ့ချုပ်က ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့သလို နိုင်ငံတကာ ဂျာနယ်လစ် အစုအဖွဲ့တွေကလည်း ဝေဖန်ခဲ့ကြပါတယ်။

ဩဂုတ် ၁၁ ရက်နေ့မှာတော့ ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးကလည်း ဂါဇာမှာ ဂျာနယ်လစ်တွေ သေဆုံးမှုနဲ့ ပတ်သက်လို့ အစ္စရေးရဲ့ တိုက်ခိုက်မှုကို အကြီးအကျယ် ရှုတ်ချခဲ့သလို နိုင်ငံတကာ စည်းမျဉ်း ဥပဒေတွေကို အတိအလင်း ချိုးဖောက်တဲ့ လုပ်ရပ်အဖြစ် စွပ်စွဲသွားခဲ့ပါတယ်။

အစ္စရေးဟာ ဂျာနယ်လစ်တွေ အပါအဝင် အရပ်သား အားလုံးကို လေးလေးစားစား အကာအကွယ် ပေးရမှာဖြစ်ကြောင်း၊ ဂါဇာကို သတင်းထောက်အားလုံး အန္တရာယ်ကင်းကင်း၊ အနှောင့်အယှက်ကင်းကင်း ဝင်ရောက် အလုပ်လုပ်ခွင့်ရဖို့ တောင်းဆိုကြောင်း မဟာမင်းကြီးရုံးက လူမှုကွန်ရက် မီဒီယာ Xမှာ ရေးသား ထုတ်ပြန်ခဲ့ပါတယ်။

အစ္စရေးဟာ ဂါဇာမှာ ဖြစ်ပျက်နေတဲ့ ကိစ္စတွေကို နိုင်ငံတကာ သတင်းဌာနကြီးတွေ ဝင်ရောက် သတင်းယူဖို့ ခွင့်ပြုမထားတာကြောင့် မြေပြင်မှာ လှုပ်ရှားနေတဲ့ ဂျာနယ်လစ် အများစုဟာ ဂါဇာ ဒေသခံ ပါလက်စတိုင်းတွေ၊ ဒေသတွင်း မီဒီယာ ဌာနတွေရဲ့ သတင်းထောက်တွေသာ ဖြစ်နေကြောင်း သိရပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အဖွဲ့ရဲ့ လက်နက်ဖျက်သိမ်းရေး သဘောတူညီမှုကို လက်တွေ့ အကောင်အထည် မဖော်ခင် အစ္စရေးဖက်က အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ကြိုတင်ထားရှိတဲ့ ကတိတွေကို တည်ပြဖို့ လိုလိမ့်မယ်လို့ ဟားမားစ် ပြောက်ကျားအဖွဲ့က သတိပေး ပြောကြားလိုက်ပါတယ်။

ဆောင်းပါး

ဟိုတယ်ဆိုတာ ဝန်ဆောင်မှုရယ်၊ အခန်းတခန်းချင်းစီရဲ့ facilities တွေနဲ့အတူ အခန်းကနေမြင်ရတဲ့ အပြင်ဖက်မြင်ကွင်းတွေရဲ့ သာယာလှပ ကြည့်ချင်စဖွယ်တွေကို လိုက်ပြီး တည်းခိုခ ဈေးနှုန်းအမျိုးမျိုးနဲ့ ရောင်းကြတာပါ။ ဝန်ဆောင်မှုတွေ ကောင်းဖို့လိုသလို ဟိုတယ်ခန်းကနေ မြင်တွေ့ရတဲ့ view က လည်း အရေးကြီးတယ်ဆိုတာ သိကြပါတယ်။

နိုင်ငံတကာ

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ ယူကရိန်း၊ အစ္စရေး ခေါင်းဆောင်တွေကို တစ်နေ့တည်း သီးခြားစီ လက်ခံတွေ့ဆုံခဲ့ပါတယ်။

သတင်း

ကုလသမဂ္ဂဟာ သမိုင်းတလျှောက် မြန်မာပြည်သူများအတွက် ထိရောက်သောအရေးယူဆောင် ရွက်မှုများ လုပ်ဆောင်ရန် ပျက်ကွက်ခဲ့ကြောင်း ကရင်လူ့အခွင့်အရးအဖွဲ့(KHRG)ရဲ့ အစီရင်ခံစာမှာဖော်ပြထားပြီး ဒါကို ပြုပြင်တည့်မတ်ရေးအတွက် အရပ်ဘက်လူမှု အဖွဲ့အစည်းများ၊ မြန်မာပြည်သူလူထုတစ်ရပ်လုံးနဲ့ ပိုမိုနက်ရှိုင်းပြီး တန်းတူညီမျှသော ပူးပေါင်းဆောင်ရွက်မှုများပြုလုပ်ဖို့ တိုက်တွန်းခဲ့ပါတယ်။