Connect with us

Hi, what are you looking for?

News

ချင်းနှင့်ယောဒေသ တော်လှန်ရေးတပ်ဖွဲ့ ​လေးဖွဲ့ပူးပေါင်းတိုက်ခိုက်၍ စစ်ကောင်စီတပ်မှအနည်းဆုံး ၄၀သေဟု ထုတ်ပြန်

နေ့လည် ၁နာရီအချိန်ခန့်မှစပြီး ကန်ပက်လက်မြို့တွင်းတွင်လည်း CDF(Kanpetlet)အဖွဲ့နှင့် အကြမ်းဖက်စစ်ကောင်စီအဖွဲ့အပြန်အလှန်ပစ်ခတ်မှုများရှိခဲ့ကြောင်း၊ အဆိုပါ မြို့တွင်းတိုက်ပွဲ၌ စစ်ကောင်စီတပ်မှ သုံးဦးသေဆုံးခဲ့ကြောင်း ထုတ်ပြန်သည်။

မကွေးတိုင်းနှင့် ချင်းပြည်နယ်အစပ် ဆောမြို့နယ်တွင် စစ်ကောင်စီတပ်ကို ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ (CDF)နှင့် ယောဒေသကာကွယ်ရေးတပ်ဖွဲ့ ​လေးဖွဲ့ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ အနည်းဆုံး ၄၀ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူများပြားကြောင်း တိုက်ပွဲတွင်ပါဝင်ခဲ့သည့် ကန်ပက်လက် CDFက သတင်းထုတ်ပြန်သည်။

ယနေ့ (နိုဝင်ဘာလ ၁၉ ရက်)နံနက် ၈နာရီမှစ၍ ဆောမြို့နယ်အတွင်းရှိ ကျင်းလိန်ရွာနှင့်တောမရွာအကြားတွင်CDF (Kanpetlet)၊CDF(Mindat)၊YDFနှင့် PDF.Saw ပူးပေါင်းပြီး အကြမ်းဖက်စစ်ကောင်စီအဖွဲ့ကို တိုက်ခိုက်ခဲ့ရာ တိုက်ပွဲပြင်းထန်ခဲ့သည်ဟု ဆိုသည်။

တိုက်ပွဲတွင် အထိနာနေသည့် အကြမ်းဖက်စစ်ကောင်စီသည် မွန်းလွှဲ၁၂ နာရီခန့်တွင် လေကြောင်းမှ ရဟတ်ယာဥ် နှစ်စီးအသုံးပြုပြီး တစ်နာရီကြာခန့် တစ်လှည့်စီ ပစ် ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ထိုသို့ လေကြောင်းတိုက်ခိုက်မှုကြောင့် CDF ရဲဘော်များနှင့်YDFရဲဘော်များသည်တစ်စုံတစ်ရာထိလိုက်မှုမရှိသော်လည်း PDF.Sawအဖွဲ့မှ တစ်ဦးဒဏ်ရာပြင်းထန်ပြီး တစ်ဦးကျဆုံးခဲ့ကြောင်း ဖော်ပြထားသည်။

နေ့လည် ၁နာရီအချိန်ခန့်မှစပြီး ကန်ပက်လက်မြို့တွင်းတွင်လည်း CDF(Kanpetlet)အဖွဲ့နှင့် အကြမ်းဖက်စစ်ကောင်စီအဖွဲ့အပြန်အလှန်ပစ်ခတ်မှုများရှိခဲ့ကြောင်း၊ အဆိုပါ မြို့တွင်းတိုက်ပွဲ၌ စစ်ကောင်စီတပ်မှ သုံးဦးသေဆုံးခဲ့ကြောင်း ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ပြီးခဲ့သည့် နိုဝင်ဘာ ၁၅ရက်ကလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးကို ကန်ပက်လက် CDF ရဲဘော်တစ်ဦးမှ ဆိုင်ကယ်ဖြင့်အရှိန်ပြင်းစွာဝင်တိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် တစ်ဦးပွဲချင်းပြီး သေဆုံးခဲ့သည်ဟု ဖော်ပြထား သည်။

ထို့အပြင် ဆောမြို့နယ်တိုက်ပွဲမှာ စစ်ကောင်စီ စစ် ကြောင်းကို နိုဝင်ဘာ ၁၈ရက်ကတည်းက ချင်းနှင့်ယောဒေသ ကာကွယ်ရေးတပ်ဖွဲ့များက ၀ိုင်းပတ်ပိတ်ဆို့ပြီး​နောက် ယနေ့ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဆော PDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်က လေကြောင်းပစ်ကူဖြင့် တုံ့ပြန်လာ၍ ပိတ်ဆို့ထားသည့် စစ်ကြောင်းကို လမ်းကြောင်း ပြန်ဖွင့်ပေးခဲ့ရသည်ဟု ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ရေးအောင်မြင်မှုတွေ ဘယ်လောက်ပဲရရှိနေပါစေ၊ ပြည်သူ့မေတ္တာနဲ့ ယုံကြည်မှုကို ဆုံးရှုံးသွားရင် တော်လှန်ရေးဟာ အဓိပ္ပာယ်မဲ့သွားမှာဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက သတိပေးလိုက်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ငြိမ်းချမ်းရေးဟာ ငြိမ်းချမ်းရေးမဟုတ်၊ ဆွေးနွေးရေးကိစ္စ SCEF ရဲ့မူအတိုင်း အခိုင်အမာရပ်တည်ဟု ထုတ်ပြန်

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

Facebook