Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမှာ ကားနဲ့ လူငါးဦးပါအဖွဲ့က အမျိုးသားတစ်ဦးကို ရိုက်နှက်ပြီး လုယက်

မန္တလေးမြို့ ၊ ချမ်အေးသာစံမြို့နယ်မှာ ဒီနေ့ ( သြဂုတ် ၂၂ ရက် ) မနက်အစောပိုင်းကားနဲ့ လူငါးဦးအဖွဲ့က ဆိုင်ကယ်ဆီပြတ်လို့တွန်းလာတဲ့ အမျိုးသားကိုအုပ်စုဖွဲ့ရိုက်နှက်ပြီး ဆိုင်ကယ်နဲ့ ဖုန်း လုယက်သွားတယ်လို့ သိရပါတယ်။

သြဂုတ် – ၂၂ ၊၂၀၂၅ ၊ ဆိုင်းမင်း/People’s Spring

မန္တလေးမြို့ ၊ ချမ်အေးသာစံမြို့နယ်မှာ ဒီနေ့ ( သြဂုတ် ၂၂ ရက် ) မနက်အစောပိုင်းကားနဲ့ လူငါးဦးအဖွဲ့က ဆိုင်ကယ်ဆီပြတ်လို့တွန်းလာတဲ့ အမျိုးသားကိုအုပ်စုဖွဲ့ရိုက်နှက်ပြီး ဆိုင်ကယ်နဲ့ ဖုန်း လုယက်သွားတယ်လို့ သိရပါတယ်။

အဲဒီဖြစ်စဉ်ဟာ ချမ်းအေးသာစံမြို့နယ် ၊ ၃၅ လမ်း ၊ ၆၂ လမ်းထောင့်မှာ ဒီမနက်အစောပိုင်း ၃ နာရီခန့်က ဖြစ်ပွားခဲ့တာပါ။

“ဆီပြတ်လို့ ဆိုင်ကယ်ကိုတွန်းနေတာ ကားနဲ့ရောက်လာပြီး သူတို့ကားပေါ်ဆွဲတင်တယ် ၊ ဖုန်း Password တောင်းတယ် ၊ လူကိုလည်း ရိုက်တယ် ”လို့ လုယက်ခံရတဲ့ ကာယကံရှင်နဲ့ နီးစပ်သူတစ်ဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

လုယက်သူတွေ ဟာ ပျုစောထီးတွေ ဆောင်းလေ့ရှိတဲ့ မြန်မာနိုင်ငံ အလံ တံဆိပ်ပါ ပြောက်ကျား လျှာထိုး ဦးထုပ်တွေဆောင်းထားတယ်လို့သိရပါတယ်။

“ မင်းကိုဖမ်းမယ်၊ စစ်မှုထမ်းထဲထည့်မယ်၊ ရပ်ကွက်ရုံးခေါ်သွားမယ်ပြောတာ” လို့ လုယက်ခံရသူ ကာယကံရှင်နဲ့ နီးစပ်သူကပြောပါတယ်။

လုယက်ခံရသူတဲ့ အမျိုးသားက ဆိုင်ကယ်အရောင်းအဝယ်ပြုလုပ်သူပါ။ အိန္ဒိယထုတ် ဆိုင်ကယ် ၊ ဖုန်းနှစ်လုံး ၊ ငွေသား သိန်း ၂၀ နဲ့ ဆိုင်ကယ် အုံနာဘုတ် ငါး အုပ်ပါသွားတယ်လို့သိရပါတယ်။

အခုဖြစ်စဉ်မတိုင်ခင်ကတော့မန္တလေးမြို့မှာစစ်တပ်လက်ဝေခံပျုစောထီးအဖွဲ့တွေက ကားနဲ့ပတ်ပြီး လမ်းပေါ်မှာ သွားလာနေတဲ့ အမျိုးသားတွေကို စစ်ဆေးပြီး ငွေညှစ်တာ ၊ ဖုန်း လုယက်တာမျိုးတွေ ရှိခဲ့တယ်လို့ကိုယ်တိုင်ကြုံခဲ့ရသူအချို့ထံကသိရပါတယ်။

မန္တလေးမှာ အခုလိုဖြစ်စဉ်တွေ ဖြစ်ပွားနေပေမယ့် မြို့ကိုထိန်းချုပ်ထားတဲ့စစ်ကောင်စီက အရေးယူတာမျိုးမရှိပါဘူး။

မန္တလေး နန်းတွင်းအခြေစိုက် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှာပျုစောထီးတွေကို လက်နက်တပ်ဆင်ပေးပုံ ( ပုံဟောင်း) 

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့မှာ ဆိုင်ကယ်စီးနင်းလာသူ အမျိုးသားတစ်ဦး အုပ်စုဖွဲ့ ဆိုင်ကယ်လုယက် ခံလိုက်ရပါတယ်။

သတင်း

စစ်တပ်ထိန်းချုပ်ထားတဲ့လားရှိုးမြို့မှာ မနေ့က အမျိုးသမီးတစ်ဦးကိုပြန်ပေးဆွဲဖို့ကြိုးစားမှုဖြစ်ခဲ့သလို ဒီက​နေ့မှာလည်း လုယက်မှုဖြစ်ပွားခဲ့ပါတယ်။

ဆောင်းပါး

စာဖတ်သူဟာ ရန်ကုန်ဒေသခံဖြစ်ပြီး ခေတ္တအဝေးရောက်နေရင်ဖြစ်ဖြစ်၊ ဒါမှမဟုတ် ရန်ကုန်ဒေသခံမဟုတ်ပေမဲ့ ရန်ကုန် မရောက်တာကြာပြီဆိုရင်ဖြစ်ဖြစ် စာဖတ်သူ ပါးစပ်အဟောင်းသား ဖြစ်သွားစေနိုင်တဲ့ ရန်ကုန်မြို့ကြီးပေါ်က လုယက်မှု ဖြစ်စဥ်တွေအကြောင်း ပြောပြချင်ပါတယ်။

သတင်း

​မန္တလေးမြို့မှာ ဧပြီ၅ရက် ညက ဆိုင်ကယ်စီးလာတဲ့ လူငယ်တစ်ဦးကို စစ်အုပ်စုက ရိုက်နှက်ဖမ်းဆီးကာ လူငယ်ရဲ့ ဆိုင်ကယ်နဲ့ ဖုန်းကို လုယူသွားကြောင်း Voice Of Mandalay အဖွဲ့က ပြောပါတယ်။