Connect with us

Hi, what are you looking for?

နိုင်ငံတကာ

လွှတ်တော်ထဲ ဝင်ခွင့်မရလို့ ရွက်ဖျင်တဲထိုးပြီး ကျမ်းသစ္စာ ကျိန်ဆိုခဲ့ရတဲ့ ဝန်ကြီးချုပ်

ဝန်ကြီးချုပ်ဟောင်းကို ထောက်ခံတဲ့ အင်အားစုတွေက လွှတ်တော်ကို စီးနင်းထားတာကြောင့် ဆာမိုအာ ဝန်ကြီးချုပ်သစ်ဟာ လွှတ်တော် အပြင်ဖက်မှာ ရွက်ဖျင်တဲထိုးပြီး ကျမ်းသစ္စာ ကျိန်ဆိုခဲ့ရပါတယ်။

ဆာမိုအာရဲ့ ပထမဆုံး အမျိုးသမီး ဝန်ကြီးချုပ်သစ်အဖြစ် မှတ်တမ်းဝင်ခဲ့တဲ့ ဖီယာမီ နာအိုမီ မာတာအက်ဖာရဲ့ ကျမ်းကျိန်ပွဲကတော့ ခမ်းခမ်းနားနား မရှိခဲ့ပါဘူး။ ပစိဖိတ် သမုဒ္ဒရာထဲက ကျွန်းနိုင်ငံငယ်မှာ ၂၂ နှစ်ကြာ ဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့တဲ့ တူလက်ပါ ဆိုင်လီလီ မာလိုင်လီဂိုင်ယိုက ရွေးကောက်ပွဲမှာ နာအိုမီရဲ့Fast ပါတီ အနိုင်ရခဲ့မှုကို အသိအမှတ်ပြုဖို့ ငြင်းဆန်ထားပါတယ်။

တူလက်ပါဟာ ဝန်ကြီးချုပ် ရာထူးစွန့်ပြီး နာအိုမီဆီ အာဏာ လွှဲပြောင်းပေးဖို့ တရားရုံး ညွှန်ကြားချက်ကိုလည်း ပယ်ချထားပါတယ်။ ဒုတိယ ဝန်ကြီးချုပ်ဟောင်း တစ်ဦးဖြစ်တဲ့ နာအိုမီဟာ မေလ ၂၄ ရက်က လွှတ်တော်ကို တရားသူကြီးချုပ် အပါအဝင် နိုင်ငံရေး၊ တရားရေး အဆင့်မြင့် အရာရှိတွေနဲ့အတူ ရောက်ရှိလာခဲ့ပါတယ်။

ဒါပေမဲ့ တူလက်ပါရဲ့ အပေါင်းအပါတွေက လွှတ်တော်ထဲကနေ ပိတ်ဆို့ထားပြီး နာအိုမီတို့ အဖွဲ့ကို ဝင်ခွင့်မပြုခဲ့ပါဘူး။ နောက်ဆုံးတော့ နာအိုမီက လွှတ်တော်ရဲ့ ဥယျာဉ်ထဲမှာပဲ ရွက်ဖျင်တဲထိုးပြီး ကျမ်းသစ္စာ ကျိန်ဆိုဖို့ ဆုံးဖြတ်ခဲ့ရပါတယ်။ လက်ရှိ အရှုပ်အထွေးတွေကြောင့် နိုင်ငံကို ဘယ်အစိုးရက တရားဝင် ဆက်ပြီး အုပ်ချုပ်မလဲ ဆိုတာလည်း မရေမရာ ဖြစ်လာပါတယ်။

နာအိုမီရဲ့ Fastပါတီက ကြေညာချက်တစ်စောင် ထုတ်ပြန်ရာမှာ ဒီမိုကရေစီဟာ ထာဝရ တည်တံ့ဖို့ လိုကြောင်း၊ ရွေးကောက်ပွဲရဲ့ အခြေခံ စည်းမျဉ်းတွေကနေ ဘယ်သူမှ ခြွင်းချက်ထား အခွင့်အရေး ယူပိုင်ခွင့် မရှိကြောင်း၊ တစ်ဖက်က အဖွဲ့အစည်းဟာ မီးနဲ့ ဆော့ကစားသလို ဖြစ်နေကြောင်း ဖော်ပြထားပါတယ်။

Public Service Announcement

Public Service Announcement

လွန်ခဲ့တဲ့ တစ်လလောက်က ပြီးစီးခဲ့တဲ့ ရွေးကောက်ပွဲဟာ ဆာမိုအာနိုင်ငံ သမိုင်းမှာ အကြိတ်အနယ် အရှိဆုံးအဖြစ် မှတ်တမ်း ဝင်ခဲ့ပြီး Fastပါတီက အာဏာရ လူ့အခွင့်အရေး ကာကွယ်မှု ပါတီကို ကပ်အနိုင်ရခဲ့ပါတယ်။ ရွေးကောက်ပွဲ အပြီးမှာ တရားရေး ပြိုင်ဆိုင်မှုတွေ ဆက်ရှိခဲ့ပေမယ့် တရားရုံးကတော့ Fastပါတီကို အာဏာအပ်နှင်းဖို့ အမိန့်ချခဲ့ပါတယ်။

ရွေးကောက်ပွဲမှာ ပါတီ နှစ်ခုစလုံးက အမတ်နေရာ ၂၅ ခုစီ အနိုင်ရခဲ့ကြပြီး တစ်ဦးတည်းသော တစ်သီးပုဂ္ဂလ အနိုင်ရ အမတ်က Fastပါတီနဲ့ ပူးပေါင်းဖို့ ဆုံးဖြတ်လိုက်တဲ့အတွက် နာအိုမီဖက်က အလေးသာသွားခဲ့တာပါ။ အသက် ၆၄ နှစ်အရွယ် နာအိုမီဟာ ပထမဆုံး ဆာမိုအာ ဝန်ကြီးချုပ်ရဲ့ သမီးလည်းဖြစ်ပြီး ၁၉၈၀ ပြည့်လွန် နှစ်တွေကတည်းက နိုင်ငံရေး နယ်ပယ်ထဲ ဝင်ရောက် လှုပ်ရှားနေခဲ့တာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

LGBT ၁ဦးလည်း ဖမ်းဆီးခံရပြီး ထွက်ပြေးလွတ်မြောက်လာ

သတင်း

ရန်ကုန်-နေပြည်တော်အမြန်လမ်း၊ မိုင်တိုင် ၃၂ အနီးမှာ ဒီနေ့ မနက် ၉နာရီခန့်က TikTokရိုက်နေတဲ့ အမျိုးသမီးတစ်ဦး ကားတိုက်ခံရတယ်လို့ သတင်းရရှ်ိပါတယ်။

သတင်း

ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာဈေးဝယ်သွားရင်း ပျောက်ဆုံးခဲ့တဲ့ မိခင်ဖြစ်သူရဲ့ ရုပ်အလောင်းကို ၁၀ရက်အကြာမှာ တွေ့ရှိခဲ့တာကြောင့် စစ်ဆေးမှုတွေပြုလုပ်ပြီး မီးသဂြိုလ်ခဲ့တယ်လို့ သမီးဖြစ်သူက အသိပေးထားပါတယ်။

နိုင်ငံတကာ

လက်ဆောင် သခွားမွှေးသီးတွေအကြောင်း ဩစတြေးလျ ဝန်ကြီးချုပ်က ပြောပြခဲ့ချိန်မှာ ဂျပန် ဝန်ကြီးချုပ်ရဲ့ အမျိုးသမီး ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို စော်ကားလှောင်ပြောင်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ယုံကြည် လက်ခံထားခြင်း မရှိဘူးလို့ ဂျပန် အစိုးရက ထုတ်ပြန်ခဲ့ပါတယ်။