Connect with us

Hi, what are you looking for?

သတင်း

ရိုဟင်ဂျာမျိုးတုန်းသတ်ဖြတ်မှုတွင် ဘဏ္ဍာငွေပံ့ပိုးခဲ့သည့် ကုမ္ပဏီများကို အရေးယူပေးရန် JFM တောင်းဆို

စစ်ကောင်စီ၏ ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှုတွင် ဘဏ္ဍာငွေပံ့ပိုးခဲ့သည့် ကုမ္ပဏီများအနေဖြင့် တာဝန်ယူမှု၊ တာဝန်ခံမှုရှိရမည်ဟု ယင်းဖြစ်စဉ် ၈နှစ်ပြည့်တွင် Justice for Myanmar က ထုတ်ပြန်လိုက်သည်။

ဩဂုတ်-၂၅၊၂၀၂၅။ People’s Spring

စစ်ကောင်စီ၏ ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှုတွင် ဘဏ္ဍာငွေပံ့ပိုးခဲ့သည့် ကုမ္ပဏီများအနေဖြင့် တာဝန်ယူမှု၊ တာဝန်ခံမှုရှိရမည်ဟု ယင်းဖြစ်စဉ် ၈နှစ်ပြည့်တွင် Justice for Myanmar က ထုတ်ပြန်လိုက်သည်။

၂၀၁၇ ခုနှစ်တွင် ကုမ္ပဏီနှင့် အဖွဲ့အစည်းပေါင်းများစွာသည် မြန်မာစစ်အုပ်စု၏ နယ်မြေရှင်းလင်းစစ်ဆင်ရေးအတွက် ပံ့ပိုးကူညီရန် ဒေါ်လာသန်းပေါင်းများစွာကို စစ်အုပ်စုထံ တိုက်ရိုက်လှူဒါန်းခဲ့ကြကြောင်း JFM က ဖော်ပြသည်။ ယင်းကုမ္ပဏီများနှင့် အဖွဲ့အစည်းများအား ကုလသမဂ္ဂ၏ အချက်အလက်ရှာဖွေရေးမစ်ရှင်(FFM)က မှတ်တမ်းတင်ထားရှိခဲ့ပြီး၊ ယင်းတို့အား ရာဇဝတ်ကြောင်းအရ စုံစမ်းစစ်ဆေးမှုတစ်ရပ် လုပ်ဆောင်ရန် တောင်းဆိုခဲ့သည်ဟု JFM က ဆိုသည်။

စစ်တပ်အား ပံ့ပိုးသူများတွင် ခရိုနီကုမ္ပဏီများဖြစ်သည့် ကမ္ဘောဇ နှင့် Max ကုမ္ပဏီတို့လည်းပါဝင်ပြီး ယင်းကုမ္ပဏီများသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေး တိမ်းရှောင်ခဲ့သည့် ရိုဟင်ဂျာဒုက္ခသည်များအား မိမိနေအိမ်များထံ ပြန်လာနိုင်ခြင်းမရှိစေရန် နယ်စပ်ခြံစည်းရိုး ဆောက်လုပ်ရေးအတွက် ငွေကြေးလှူဒါန်းမှုတွင်ပါဝင်ခဲ့သောကြောင့် အားပေးအားမြှောက် ပြုလုပ်သည်ဟု ယူဆကြောင်း JFM က ဖော်ပြသည်။

Public Service Announcement

Public Service Announcement

KBZ နှင့် Max ကုမ္ပဏီတို့သည် အခြားလူမဆန်သည့် ပြစ်မှုကြီးများတွင် ပါဝင်သည့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများ ကျူးလွန်ရာတွင် ကြီးကြီးမားမားတိုက်ရိုက်ပံ့ပိုးပေးခဲ့ကြောင်း ကုလသမဂ္ဂအချက်အလက်ရှာဖွေရေးအဖွဲ့-FFM က သုံးသပ်ခဲ့သည်။ ယင်းကုမ္ပဏီတို့ကို တရားစွဲဆိုရန် FFM က တိုက်တွန်းတောင်းဆိုခဲ့သည်။

သို့ရာတွင် ယင်းကုမ္ပဏီများအား အပြစ်ပေးအရေးယူတာဝန်ခံစေခြင်း မရှိသည့်အပြင် အဆိုပါ ကျူးလွန်သူများပင် ကျူးလွန်လျက်ရှိသည့် လက်ရှိနိုင်ငံတကာရာဇဝတ်မှုများမှ အကျိုးအမြတ်များ ဆက်လက် ရရှိနေကြသည်ဟု JFMက ထုတ်ပြန်သည်။

တရားမျှတမှုသည် ၈ နှစ်ကြာ မျက်ကွယ်ပြုငြင်းပယ်ခံထားရကြောင်း၊ ပြစ်ဒဏ်ကင်းလွတ်ခွင့်ရရှိနေခြင်းသည် ရာဇဝတ်မှုကြီးများ ကျူးလွန်သည့် စစ်အုပ်စုနှင့် ငွေကြေးထောက်ပံ့သည့် ခရိုနီများအား ပိုမိုရဲတင်းစေခဲ့သည်သာ ဖြစ်ကြောင်း JFM က ထောက်ပြထားသည်။

ကြံရာပါကုမ္ပဏီများနှင့် အဖွဲ့အစည်းများအား ရာဇဝတ်ကြောင်းအရ စုံစမ်းစစ်ဆေးမှုများပြုလုပ်ပြီး တရားစွဲဆိုရမည်ဟု JFM က တိုက်တွန်းသည်။

နိုင်ငံတကာရာဇဝတ်ခုံရုံး(ICC)အနေဖြင့် စစ်ခေါင်းဆောင်မင်းအောင်လှိုင်အား ဖမ်းဝရမ်းထုတ်ရမည်ဟုလည်း JFM က တောင်းဆိုသည်။

ထို့အပြင် နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် ရိုဟင်ဂျာများအပေါ် အကာအကွယ်ပေးရေး၊ မြန်မာစစ်အုပ်စုနှင့် အာရက္ခတပ်တော်တို့မှ ကျူးလွန်သူအားလုံးအား အရေးယူအပြစ်ပေးနိုင်ရေး လုပ်ဆောင်ရမည်ဟု JFM က ဆက်လက်တောင်းဆိုသည်။

ရိုဟင်ဂျာများသည် မြန်မာစစ်အုပ်စုနှင့် အာရက္ခတပ်တော်တို့၏ ဆိုးဆိုးရွားရွား နိုင်ငံတကာရာဇဝတ်မှု ကျူးလွန်မှုများကို ရင်ဆိုင်နေရဆဲဖြစ်ကြောင်း လူအခွင့်အရေးဆိုင်ရာကုလသမဂ္ဂမဟာမင်းကြီးက ပြောကြားထားသည်ဟု JFM က ဖော်ပြသည်။

ဆက်စပ်သတင်းများ

သတင်း

မြန်မာလေတပ်အမှုမှာ အရပ်ဘက်သုံးလေယာဉ်တွေကို စစ်ရေးအတွက် အသုံးပြုနိုင်တယ်လို့ ထုတ်ဖော်ပြောကြားခဲ့တဲ့ အီးယူဥပဒေအကြံပေးချက်ရဲ့ သဘောထားမှတ်ချက်ကို ကြိုဆိုတယ်လို့ Justice For Myanmar-JFM က အသိပေးထားပါတယ်။

သတင်း

မြန်မာဖက်ကနေ ဝင်ရောက်လာတဲ့ ရိုဟင်ဂျာ ဒုက္ခသည် ၁.၂ သန်းကျော်ကြောင့် သူ့နိုင်ငံက ဖိစီးမှုတွေ အကြီးအကျယ် ကြုံတွေ့နေကြောင်း ကုလသမဂ္ဂ (UN) အထွေထွေ ညီလာခံ မိန့်ခွန်းမှာ ပြောကြားခဲ့ပါတယ်။

သတင်း

သုံးပတ်အတွင်းစစ်တပ်ကြောင့် ရခိုင်မှာ​ပြည်သူ ၉ဦး​ သေဆုံးပြီး ၁၇ ဦးဒဏ်ရာရ

သတင်း

ရိုဟင်ဂျာများအပါအဝင် မြန်မာနိုင်ငံရှိ အကြမ်းဖက်မှုတွေကနေ ထွက်ပြေးလွတ်မြောက်လာသူများကို နေရပ်သို့ပြန် မပို့ခင်မှာ ရာဇဝတ်မှုများနဲ့ အကြမ်းဖက်မှုများ ရပ်တန့်ရမယ်လို့ မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား(IIMM)က ဒီနေ့ ထုတ်ပြန်ပါတယ်။