Connect with us

Hi, what are you looking for?

သတင်း

မြင်းခြံနဲ့ နွားထိုးကြီးအစပ်က ရွာတွေမှာ ပြည်သူ ၂၆ ဦးစစ်ကောင်စီတပ်လက်ချက်နဲ့သေဆုံး

မန္တလေးတိုင်း ၊ မြင်းခြံ နဲ့နွားထိုးကြီးမြို့နယ်က ရွာတွေမှာ စစ်ကောင်စီတပ်လက်ချက်နဲ့ အခုလအတွင်း အရပ်သားပြည်သူ သေဆုံးမှု ၂၆ ဦးထိရှိလာပြီလို့ မြင်းခြံလူထုလှုပ်ရှားမှုကော်မတီက ကောက်ယူထားတဲ့စာရင်းအရသိရပါတယ်။

မြင်းခြံနယ်မှာစစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့ဝင် အချို့ ဓာတ်ပုံ - စစ်တပ်ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်

သြဂုတ် – ၂၆ ၊၂၀၂၅ ၊ဆိုင်းမင်း/People’s Spring

မန္တလေးတိုင်း ၊ မြင်းခြံ နဲ့နွားထိုးကြီးမြို့နယ်က ရွာတွေမှာ စစ်ကောင်စီတပ်လက်ချက်နဲ့ အခုလအတွင်း အရပ်သားပြည်သူ သေဆုံးမှု ၂၆ ဦးထိရှိလာပြီလို့ မြင်းခြံလူထုလှုပ်ရှားမှုကော်မတီက ကောက်ယူထားတဲ့စာရင်းအရသိရပါတယ်။

အခု သြဂုတ် လဆန်းပိုင်းကစတင်ပြီးမြင်းခြံနယ်ကို စစ်ကြောင်းထိုးတာဖြစ်ပြီး အဲဒီစစ်ကြောင်းဟာ နွားထိုးကြီးဘက်ကိုတော့ လလယ်ပိုင်းမှာ ရောက်ရှိခဲ့တာပါ။

အဲဒီလိုစစ်ကြောင်းထိုးချိန် စစ်ကောင်စီတပ်လက်ချက်နဲ့ မြင်းခြံနယ်မှာ ၁၀ ဦး ၊ နွားထိုးကြီး မှာ ၁၆ ဦး အရပ်သားတွေ သေဆုံးခဲ့ရပါတယ်။ သေဆုံးသူတွေထဲမှာကလေး တစ်ဦးပါဝင်ပြီး ကျာ ၁၁ ဦး နဲ့ မ ၁၅ ဦးဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

“စစ်ကြောင်းလာနေတဲ့အချိန် လက်နက်မရှိတဲ့ပြည်သူက ရှောင်ဖို့ ၊တိမ်းဖို့လုပ်နေတာကို ပြည်သူမှန်းသိရက်နဲ့ ပစ်သတ်သွားတာ”လို့ ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

အများစုဟာ သေနတ်နဲ့ပစ်ခတ်ခံရလို့ သေဆုံးတာဖြစ်ပြီး လက်နက်ကြီးပစ်ခတ်ခံရမှု ၊လေကြောင်းတိုက်ခိုက်ခံရမှုကြောင့်သေဆုံးရသူတွေလည်းပါဝင်တယ်လို့ မြင်းခြံလူထုလှုပ်ရှားမှုကော်မတီ က ဖော်ပြပါတယ်။

အရပ်သားတွေသေဆုံးမှုဖြစ်ခဲ့တဲ့ရွာတွေကတော့ ရွာကြီး၊မြောက်ကုန်း၊ပျော်ဘွယ်၊သမုန်းကိုင်း၊ဗလုံ၊ကန်ဆင့်၊တစိုး၊ သဲတော၊ ကျောက်ဆည် တို့ဖစ်ပါတယ်။

ဒါအပြင် ဗလုံရွာကို စစ်ကောင်စီတပ်က မီးတင်ရှို့ခဲ့တယ်လို့ မြင်းခြံလူထုလှုပ်ရှားမှုကော်မတီ အသိပေးပါတယ်။

လက်ရှိမှာ စစ်ကောင်စီတပ်စစ်ကြောင်းဟာ မြင်းခြံအရှေ့ဘက် ကန်ဆင့်၊ ခင်မကန်၊ ကျောက်ပြုတ်ကျေးရွာတွေမှာ အထိုင်ချထားတယ်လို့ သိရပါတယ်။

မြင်းခြံမြို့ရဲ့အရှေ့ခြမ်းကျေးရွာတွေနဲ့ နွားထိုးကြီးမြို့နယ် အနောက်ခြမ်း ရွာတွေကို စစ်ကောင်စီတပ်ကစစ်ကြောင်းထိုးတာကြောင့်ကျေးရွာ ၃၀နီး ပါးက ပြည်သူ တစ်သောင်းကျော်ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။

ဧရာဝတီမြစ်အရှေ့ခြမ်းမှာ ရှိတဲ့ မြင်းခြံ ဟာ တောင်သာ ၊နွားထိုးကြီးမြို့နယ်တွေနဲ့ ထိစပ်နေပြီး အာဏာသိမ်းစစ်ကောင်စီကို လက်နက်စွဲကိုင်တော်လှန်မှု အားကောင်းရာဒေသတွေ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကျူးလွန်ခဲ့တဲ့စစ်ကြောင်း နွားထိုးကြီးမြို့တွင်းပြန်ဝင်သွား

သတင်း

မန္တလေးတိုင်း၊နွားထိုးကြီးမြို့နယ်အတွင်းစစ်​ကြောင်းထိုးနေတဲ့စစ်တပ်စစ်ကြောင်းက အသက်မပြည့်သေးတဲ့ စစ်ရှောင်အမျိုးသမီးငယ်တွေအပါအဝင် ၅ဦးကို ဖမ်းဆီးပြီးအုပ်စုဖွဲ့အဓမ္မပြုကျင့်ခဲ့တယ်လို့ဒေသခံ​တွေက​ပြောပါတယ် ။

သတင်း

မန္တလေးတိုင်း၊ မြင်းခြံမြို့၊ မီးသတ်ရုံးဘေးက အေးမြသီတာစျေး မီးလောင်ကျွမ်းမှုမှာ ပွဲရုံ ၄ ရုံနဲ့ ဆိုင်ခန်း ၂၄ ခန်း မီးလောင်ဆုံးရှုံးသွားခဲ့ကြောင်း မြို့ခံတွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ မြင်းခြံမြို့၊ မီးသတ်ရုံးဘေးက အေးမြသီတာစျေး မီးလောင်မှုဖြစ်ပွားခဲ့ရာ ဆိုင်ခန်းနဲ့ ပွဲရုံတွေ မီးထဲပါသွားကြောင်း ဒေသခံတွေက ပြောပါတယ်။

Facebook