Connect with us

Hi, what are you looking for?

သတင်း

ဝက်လက်မြို့နယ်လေကြောင်းတိုက်ခံရမှု ပြည်သူ ၄ ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ်၊ရုံးပင်ကုန်း ကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်တာကြောင့် အမျိုးသမီး ၁ ဦး အပါအဝင် ၄ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဗုံးကြဲခံရတဲ့ ရုံးပင်ကုန်းကျေးရွာကို Google Earth က တွေ့ရပုံ

ဩဂုတ်-၂၈၊၂၀၂၅၊မေ/People’s Spring

စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ်၊ရုံးပင်ကုန်း ကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်တာကြောင့် အမျိုးသမီး ၁ ဦး အပါအဝင် ၄ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဩဂုတ် ၂၇ ရက် ၊ညနေ ၅နာရီကျော်က တံတားဦး လေတပ်ကနေတက်လာတဲ့ ဂျက်ဖိုက်တာက ရုံးပင်ကုန်းရွာ ရေကန်အနီး အရှေ့ဘက်နဲ့ ဆေးရုံတို့ကို ဗုံးကြဲ ခဲ့တာလို့ သိရပါတယ်။

“အဓိက ပစ်တာ ရော့ကတ်အကြီးနဲ့ပစ်တယ် ၊စက်လက်လည်း ကုတ်တယ်၊ အဲတာအပြီး မတ္တရာမြို့ဘက်ကနေ လည်း ဟောင်ဝစ်ဆာ တွေပစ်တယ်”လို့ ဒေသခံတဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

‌ပစ်ခတ်ခံရမှုမှာရုံးပင်ကုန်းရွာထဲကအသက်၅၀ ကျော်အရွယ်အမျိုးသမီး ၁ ဦး၊တပ်ရင်း ၁ ခု ရဲ့ ထမင်းချက်အမျိုးသား၁ဦးနဲ့နောက်ထပ်အမျိုး သား၂ဦး စုစုပေါင်း၄ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ထိခိုက်ဒဏ်ရာရသူ ၆ ဦးလည်းရှိတယ်လို့ သိရပါတယ်။

ဒါ့အပြင်အဲဒီ လေယာဉ်ကပစ်ခတ်သွားတဲ့ရော့ကတ် လည်း ရုံးပင်ကုန်းရွာ ကွေ့အနီးမှာ မပေါက်ကွဲပဲ ကျန်နေခဲ့ သေးတယ်လို့သိရပါတယ်။

စစ်တပ်က ယခုလအတွင်း ဝက်လက်မြို့နယ်ကို လေကြောင်းတိုက်ခိုက်မှု တွေဆက်တိုက်ပြုလုပ် နေပြီး ဩဂုတ်လအတွင်း လေကြောင်းတိုက်ခိုက်မှု ၁၅ ကြိမ် ထက်မနည်းပြုလုပ်ခဲ့တယ်လို့သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

တိုင်း​လေးခုမှာ​ရေ​ဘေးသင့်ပြည်သူ ၄၅၀,၀၀၀ ကျော် ရှိပြီး ၊စစ်ကိုင်းမှာပဲ ၂၂၀,၀၀၀ ကျော်

သတင်း

မြန်မာနိုင်ငံအလယ်ပိုင်းအညာဒေသစစ်ကိုင်းတိုင်းထဲကရွှေဘို ၊ခင်ဦး၊ ဒီပဲယင်းနဲ့ ရေဦးမြို့နယ်တွေရှိ မူးမြစ်ဘေးတလျှောက်ရှိရေဘေးသင့်နေတဲ့ ရွာတွေကို သြဂုတ်လ ၁၀ ရက် ညနေပိုင်းကတွေ့မြင်ရတာပါ။

သတင်း

ကရင်နီပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအတွင်းက တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေဟာ (၃၈) နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံနေ့ အထိမ်းအမှတ်အဖြစ် လှုပ်ရှားမှုတွေ ဒီကနေ့ (သြဂုတ် ၈) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းနဲ့ ဧရာဝတီတိုင်းက မြို့နယ်ပေါင်း ၁၀ ခုမှာ ရေလွှမ်းမိုးမှုဖြစ်နေပြီး လူဦးရေ ၂သိန်းကျော် ရေဘေးသင့်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။