Connect with us

Hi, what are you looking for?

သတင်း

မိုင်းလုံမြို့ကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်၊ သီလရှင် တပါးနဲ့ အမျိုးသမီးတဦး သေဆုံး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ကျောက်မဲမြို့နယ်ရှိ မိုင်းလုံမြို့ကို စစ်ကောင်စီက လေကြောင်းမှ ဗုံးများကြဲတိုက်ခိုက်ရာ သီလရှင် တပါးနဲ့ အမျိုးသမီး တဦး သေဆုံးခဲ့ပြီး သံဃာတော် (၂)ပါး၊ ကိုရင်(၃)ပါးနဲ့ အမျိုးသား တဦးတို့ ထိမှန်ဒဏ်ရာရခဲ့တယ်လို့ တအာင်းတပ်မတော်(TNLA)က ထုတ်ပြန်ပါတယ်။

မိုင်းလုံမြို့ကို စစ်ကောင်စီက လေကြောင်းမှ ဗုံးများကြဲတိုက်ခိုက်အပြီး တွေ့ရစဉ်။ ဓာတ်ပုံ − TNLA

ဩဂုတ်-၃၀၊ ၂၀၂၅/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်း၊ကျောက်မဲမြို့နယ်ရှိ မိုင်းလုံမြို့ကို စစ်ကောင်စီက လေကြောင်းမှ ဗုံးများကြဲတိုက်ခိုက်ရာ သီလရှင် တပါးနဲ့ အမျိုးသမီး တဦး သေဆုံးခဲ့ပြီး သံဃာတော် (၂)ပါး၊ ကိုရင်(၃)ပါးနဲ့ အမျိုးသား တဦးတို့ ထိမှန်ဒဏ်ရာရခဲ့တယ်လို့ တအာင်းတပ်မတော်(TNLA)က ထုတ်ပြန်ပါတယ်။

စစ်ကောင်စီဟာ မနေ့ ည ၁၀နာရီခွဲအချိန်မှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ မိုင်းလုံမြို့၊ ပန်သပြေကျေးရွာအတွင်း ပေါင် (၂၅၀)ဗုံး လေးလုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ဗုံးကျရောက်ပေါက်ကွဲမှုကြောင့် သီလရှင်၊ သံဃာတော်နဲ့ ပြည်သူတွေ သေဆုံးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် (၄)လုံး၊ ကျောင်းဆောင် ၅ဆောင်နှင့် ဓမ္မာရုံ တရုံတို့ ထိခိုက်ပျက်စီးသွားခဲ့တယ်လို့လည်း TNLAက ထုတ်ပြန်ပါတယ်။

Public Service Announcement

Public Service Announcement

ပြီးခဲ့သည့် ဩဂုတ် ၂၆ရက်ကလည်း မိုးကုတ်မြို့နယ်ကို စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းကနေ ပေါင်(၂၅၀)ဗုံး နှစ်လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့ပါတယ်။

ပြည်သူများအနေနဲ့ စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေ ရှောင်ရှားနိုင်ဖို့ စစ်ရေးသတိအမြဲရှိရန်လိုအပ်ပြီး လေကြောင်းရန်က ကာကွယ်နိုင်ဖို့ လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနည်းလမ်းတွေ လိုက်နာဆောင်ရွက်ဖို့ လိုအပ်တယ်လို့လည်း TNLAက ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊မန်လည်ကျေးရွာကို စစ်တပ်က လေကြောင်းကနေ ‌ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အဘွားအို၂ဦး သေဆုံးပြီး ၃ဦးဒဏ်ရာရကာ ဆက်တိုက်ဗုံးကြဲနေဆဲဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

သတင်း

ကချင်ပြည်နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်ထားတဲ့ နယ်မြေ များလာပြီး စစ်တပ် ဆုံးရှုံးမှုများလာလို့ အများပြည်သူ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

ဆောင်းပါး

PDF တွေရဲ့ဒရုန်း​လေတပ်ကိုထိုး​ဖောက်ဝင်​ရောက်တိုက်ခိုက်လာနိုင်တာကစစ်တပ်အတွက်အကြီးမားဆုံးစိန်​ခေါ်မှုဖြစ်လာမလား။

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအ၀င် ‌‌ပြည်သူ ၆ဦးသေဆုံးပြီး ၅ဦး ဒဏ်ရာရရှိတယ်လို့ သရက်ခရိုင်အမှတ်(၄) တပ်ရင်း တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

Facebook