Connect with us

Hi, what are you looking for?

သတင်း

လူချွန်လူကောင်းသီချင်းအားပါတီမဲဆွယ်သီချင်းအဖြစ်အသုံးပြုမည်ကို မြို့မငြိမ်းမိသားစုကန့်ကွက်

လူချွန်လူကောင်းသီချင်းအား ပါတီမဲဆွယ်သီချင်းအဖြစ် အသုံးပြုမည်ကို ကန့်ကွက်ကြောင်းဆရာမြို့မငြိမ်း၏မိသားစုကယနေ့စက်တင်ဘာ ၂ ရက်တွင် အသိပေးကြေညာသည်။

မြို့မငြိမ်းမိသားစု နှင့် NDF ​တွေ့ဆုံခဲ့စဥ်

စက်တင်ဘာ-၂၊၂၀၂၅။မေရီ/People’s Spring

လူချွန်လူကောင်းသီချင်းအား ပါတီမဲဆွယ်သီချင်းအဖြစ် အသုံးပြုမည်ကို ကန့်ကွက်ကြောင်းဆရာမြို့မငြိမ်း၏မိသားစုကယနေ့စက်တင်ဘာ ၂ ရက်တွင် အသိပေးကြေညာသည်။

မြို့မငြိမ်းမိသားစု၏ အသိပေးကြေညာချက်တွင်ဖခင်ဖြစ်သူအလင်္ကာကျော်စွာ မြို့မငြိမ်းသည် ၁၉၅၂ခုနှစ်ကရန်ကုန်မြို့တွင်ကျင်းပသောပြည်တော်သာညီလာခံ အတွက် သီချင်းတစ်ပုဒ်ရေးစပ်ခဲ့ကြောင်းကြေညာချက်တွင်ပါရှိသည်။

ပြည်တော်သာညီလာခံတွင်မြန်မာပြည်တဝှမ်းမှသီချင်းရေးဆရာများကညီလာခံဂုဏ်ပြုသီချင်းများရေးစပ်ခဲ့ကြသည့်အနက်ဖခင်ဖြစ်သူ မြို့မငြိမ်းကပြည်တော်သာညီလာခံအတွက်မျှသာမဖြစ်စေဘဲခေတ်မှီတိုးတက်သောအနာဂတ်မြန်မာနိုင်ငံတော်အတွက်အထိအမြော်အမြင်ကြီးစွာဖြင့် “လူချွန်လူကောင်း” အမည်ရှိသီချင်းကိုရေးစပ်ခဲ့သည်ဟုဆိုသည်။

Public Service Announcement

Public Service Announcement

ထိုသီချင်းသည်နိုင်ငံတော်၏ အမျိုးသားရေးဆိုင်ရာ မျှော်မှန်းချက် ပုံရိပ်အဖြစ် ထင်ရှား ကျန်ရစ်ခဲ့သည်ကို ဂီတပညာရှင်ကြီးများ စာပေပညာရှင်ကြီးများအထိ ယခုတိုင် ဂုဏ်ပြုရေးသားကြကြောင်း ဖော်ပြထားသည်။

ထို့ကြောင့် ဖခင်ကြီးက နိုင်ငံတော်၏ ပုံရိပ်အဖြစ် မျှော်မှန်းရေးသားခဲ့သော“လူချွန်လူကောင်း” သီချင်းကို ဖခင်ကြီး၏ အမွေဆက်ခံသော မြို့မငြိမ်းမိသားစုထံ အသိပေးခွင့်ပြုချက် ရယူခြင်းမရှိဘဲ နိုင်ငံရေး စီးပွါးရေးနှင့် ပတ်သက်သော အဖွဲ့အစည်းတစ်ရပ် ပုဂ္ဂိုလ်တစ်စုတစ်ဖွဲ့က ၎င်းတို့ ကိုယ်ကျိုးအတွက် သီချင်းတစ်ပုဒ်လုံးကိုဖြစ်စေ၊ သီချင်း၏ စာသား တစိတ်တပိုင်းကိုဖြစ်စေအသုံးပြုခြင်း သီဆိုခြင်း ဖြန့်ဝေခြင်း လွှင့်ထုတ်ခြင်းများကို သီချင်း၏ မူပိုင်ရှင်ဖြစ်သော မြို့မငြိမ်းမိသားစုက ကန့်ကွက်ကြောင်း ကြေညာအပ်ပါသည်ဟု ထပ်မံအသိပေးသည်။

ဖခင်ကြီး အလင်္ကာကျော်စွာ မြို့မငြိမ်းတို့ ဦးဆောင်တည်ထောင်ခဲ့သည့် မြို့မအပျော်တမ်းတူရိယာအသင်း၏ တာဝန်ရှိသူများအနေနှင့်လည်း ဖခင်ကြီး၏ သီချင်းများကို အသင်းက လက်ခံတီးမှုတ်သော ဧည့်ခံဖျော်ဖြေပွဲများတွင် သီဆိုတီးမှုတ်ခြင်းများမှအပ အခြား ဂီတထုတ်လုပ်ခြင်းများ၊ အခြားနိုင်ငံရေး စီးပွါးရေး အဖွဲ့အစည်းများ၏ အကျိုးစီးပွါးအတွက် အသုံးပြုခြင်းများကို မြို့မငြိမ်းမိသားစု၏ သဘောတူခွင့်ပြုချက်မရဘဲ ပေးအပ် ရောင်းချခွင့် ပြုခွင့် မရှိကြောင်းလည်း အသိပေးကြောင်း မြို့မငြိမ်းမိသားစု၏ ကြေညာချက်တွင် ရေးသားထားသည်။

အဆိုပါသီချင်းကိုစစ်ကောင်စီ၏ရွေးကောက်ပွဲတွင်ဝင်ပြိုင်မည့် အမျိုး သားဒီမိုကရေစီ အင်အားစုပါတီ (NDF)ကအောင်နိုင်ရေးကမ်ပိန်းတွင်အသုံးပြုရန် မြို့မအသင်းထံ လာရောက်ခွင့်တောင်းခဲ့သည်ဟုဆိုသည်။

မြို့မအသင်းဥက္ကဌ ဒေါက်တာ လှခိုင်ကလည်း အသုံးပြုခွင့်ပေးခဲသည်ဟု သိရသည်။

ဆက်စပ်သတင်းများ

သတင်း

မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M)နဲ့ လွတ်လပ်သောရွေးကောက်ပွဲများဆိုင်ရာအာရှကွန်ရက်(ANFREL)အဖွဲ့တို့ ပူးပေါင်း ထုတ်ပြန်တဲ့ ကြေညာချက်မှာတော့ ၂၀၂၅ နှစ်ကုန်ပိုင်းနဲ့ ၂၀၂၆ နှစ်ဆန်းပိုင်းတို့မှာ အပိုင်း ၃ ခု ခွဲခြားပြီး အာဏာသိမ်း မြန်မာစစ်တပ်က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲတွေဟာလုံးဝတရားဝင်မှုမရှိကြောင်းအတိအလင်းရှုတ်ချထားခဲ့ပါတယ်။

နိုင်ငံတကာ

အတိုက်အခံ ခေါင်းဆောင်ရဲ့ ပြတ်သားတဲ့ ရွေးကောက်ပွဲ အနိုင်ရလဒ်နဲ့အတူ ဟန်ဂေရီကို ၁၆ နှစ်ကြာ ကြီးစိုး အုပ်ချုပ်ခဲ့တဲ့ ဗစ်တာအော်ဘန်ရဲ့ ခေတ်က အဆုံးသတ်သွားခဲ့ပါတယ်။

သတင်း

စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ မွန်လက်နက်ကိုင်တပ်ဖွဲ့တွေပါဝင်တဲ့ မွန်တော်လှန်ရေးဖိုရမ်က ကြေညာချက် တရပ်ထုတ်ပြန်ခဲ့ရာ စစ်တပ် ကျင်းပတဲ့ ရွေးကောက်ပွဲက ပေါ်လာမယ့် ဘယ်အုပ်ချုပ်ရေးအဖွဲ့ကိုမှ အသိအမှတ်မပြုကြောင်း အသိပေးထားသလို ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ နဲ့ တနိုင်ငံလုံး အပစ်ရပ်စာချုပ် (NCA) အခြေခံ နိုင်ငံရေးဆွေးနွေးပွဲတွေကိုလက်မခံကြောင်း ကြေညာချက်ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

ဘင်္ဂလားဒေ့ရှ် ရွေးကောက်ပွဲမှာ အရေးနိမ့်ခဲ့တဲ့ မဟာမိတ် ညွန့်ပေါင်း အင်အားစု မဲဆန္ဒနယ် ၃၀ ကျော်က ရလဒ်တွေနဲ့ ပတ်သက်လို့ မကျေနပ်ကြောင်း ရွေးကောက်ပွဲ ကော်မရှင် (EC)ဆီ တရားဝင် အရေးဆိုခဲ့ပါတယ်။