Connect with us

Hi, what are you looking for?

သတင်း

ကျွန်းလှမြို့နယ်ကို စစ်ကောင်စီ လေကြောင်းမှ ဗုံးကြဲနေ

စစ်ကိုင်းတိုင်း၊ကျွန်းလှမြို့နယ်အတွင်းအရပ်သားနေထိုင်ရာကျေးရွာအချို့ကို စစ်ကောင်စီက ယနေ့ စက်တင်ဘာ၂ရက် ညပိုင်း၌ ဗုံးများကြဲချတိုက်ခိုက်နေကြောင်း သတင်းရရှိသည်။

စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ကျွန်းလှမြို့နယ် လိပ်ဆင်းတောင်ရွာအတွင်း ကားတချို့ မီးလောင်ကျွမ်းနေသည့်မြင်ကွင်းအား ၂ဝ၂၄ နိုဝင်ဘာ ၁၇ ရက်က တွေ့ရစဉ်။ ဓာတ်ပုံ - ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့

စက်တင်ဘာ−၂၊၂၀၂၅။လူအေး/People’s Spring

စစ်ကိုင်းတိုင်း၊ကျွန်းလှမြို့နယ်အတွင်းအရပ်သားနေထိုင်ရာကျေးရွာအချို့ကို စစ်ကောင်စီက ယနေ့ စက်တင်ဘာ၂ရက် ညပိုင်း၌ ဗုံးများကြဲချတိုက်ခိုက်နေကြောင်း သတင်းရရှိသည်။

ကျွန်းလှမြို့နယ်၊ရကုန်းကြီးကျေးရွာနှင့်ပတ်ဝန်းကျင်ကို ည ၈နာရီ၁၀မိနစ်မှ ၈နာရီ ၃၃ မိနစ်အတွင်း ဂျက်ဖိုက်တာနှင့် Y12 လေယာဉ်ဖြင့်ပါ ဗုံးကြဲနေခြင်းဟု ကောလင်းခရိုင်တပ်ရင်း(၂)သတင်းနှင့်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်သည်။

လေကြောင်းမှ ခြောက်ကြိမ်ဗုံးကြဲခဲ့ကြောင်း ထုတ်ပြန်ထားပြီး မြေပြင်အခြေအနေကို ဖော်ပြထားခြင်းမရှိပေ။

Public Service Announcement

Public Service Announcement

” Y12က ထပ်ပတ်နေတယ်။ တံတားဦက တက်တာတွေ။ နယ်တွေကို ဖုန်းခေါ်မရတော့ ဘာမှသတင်းမရဘူးဗျ။ ပစ်နေတာကတော့ လူ‌တွေရှိနေတဲ့ရွာတွေ။ ဒါကြောင့် တော်တော်‌လေး စိတ်ပူစရာဖြစ်နေတယ်” ဟု ကျွန်းလှမြို့ခံ စစ်ရှောင်းတဦးက ပြောသည်။

စစ်ကောင်စီသည် ဒေသချင်းဆက်စပ်နေသော ကျွန်းလှ၊တန့်ဆည်၊ ကောလင်းမြို့နယ်တို့ကို ပြီးခဲ့သည့်ဇူလိုင်နှင့် သြဂုတ်ကလည်း ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

ဩဂုတ် ၂ဝရက်နံနက်က ကောလင်းမြို့နယ် အရှေ့ခြမ်းရှိ ရှမ်းကုန်းရွာ၊ ခံသာရွာ၊စွယ်ရရွာနှင့် ဘန့်ဘွေးကုန်းကျေးရွာတို့ကို Y 12လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ရာ ဒေသခံသုံးဦး သေဆုံးခဲ့သည်။

ဇူလိုင် ၁၄ရက်ကလည်း ကောလင်းမြို့နယ်အတွင်း စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့်ဗုံးကြဲရာကလေးငယ်တဦးအပါအဝင်အရပ်သားသုံးဦး ဒဏ်ရာရခဲ့သည်။

ဒေသခံပြည်သူများအနေဖြင့် စစ်ကောင်စီ၏ လေကြောင်းအန္တရာယ်နှင့် လက်နက်ကြီးအန္တရာယ်ကိုသတိပြုကြရန် ကောလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က သတိပေးထားသည်။

စစ်ကောင်စီသည် ဇူလိုင်အတွင်း နိုင်ငံဒေသအနှံ့ လေကြောင်းတိုက်ခိုက်မှု ၁၈၇ကြိမ်ကျူးလွန်ခဲ့ပြီး အရပ်သားပြည်သူ ၁၆၃ဦး သေဆုံးကာ ၂၉၃ဦး ဒဏ်ရာရခဲ့သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ၊လူအခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ထို့အပြင် အရပ်သားပြည်သူများအား ပစ်မှတ်ထား၍ တရားလက်လွတ်သတ်ဖြတ်မှုများ၊ လေကြောင်းတိုက်ခိုက်မှုများ ဆက်လက်ပြုလုပ်နေပြီး ဆိုးရွားသော စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်နေသည်ဟု ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊မန်လည်ကျေးရွာကို စစ်တပ်က လေကြောင်းကနေ ‌ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အဘွားအို၂ဦး သေဆုံးပြီး ၃ဦးဒဏ်ရာရကာ ဆက်တိုက်ဗုံးကြဲနေဆဲဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

သတင်း

ကချင်ပြည်နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်ထားတဲ့ နယ်မြေ များလာပြီး စစ်တပ် ဆုံးရှုံးမှုများလာလို့ အများပြည်သူ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

ဆောင်းပါး

PDF တွေရဲ့ဒရုန်း​လေတပ်ကိုထိုး​ဖောက်ဝင်​ရောက်တိုက်ခိုက်လာနိုင်တာကစစ်တပ်အတွက်အကြီးမားဆုံးစိန်​ခေါ်မှုဖြစ်လာမလား။

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအ၀င် ‌‌ပြည်သူ ၆ဦးသေဆုံးပြီး ၅ဦး ဒဏ်ရာရရှိတယ်လို့ သရက်ခရိုင်အမှတ်(၄) တပ်ရင်း တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

Facebook