Connect with us

Hi, what are you looking for?

သတင်း

နယ်မြေမဆုံးရှုံးစေရေးနဲ့ ပြည်သူ့အကာအကွယ်ပေးရေး ဦးစားပေးသွားမယ်လို့ အထူးတိုင်းစစ်ဌာန အသိပေး

စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲအကြောင်းပြ နယ်မြေချဲ့ထွင်ရေး ထိုးစစ်ဆင်နေတဲ့အပေါ် နယ်မြေလုံးဝမဆုံးရှုံးရေးနှင့် ပြည်သူ့လုံခြုံရေး၊ ပြည်သူလူထုအား အကာအကွယ်ပေးရေးကို ဦးစားပေးလုပ်ဆောင်သွားမယ်လို့ အထူးတိုင်းစစ်ဌာနက ဒီကနေ့ စက်တင်ဘာ ၃ ရက်မှာ အသိ ပေးထုတ်ပြန်ပါတယ်။

​ရွှေကျင်မြို့နယ်ရှိ ခမရ (၅၉၈) တပ်ရင်းဌာနချုပ်သိမ်းတိုက်ပွဲမှာ သိမ်းဆည်းရရှိတဲ့လက်နက်ခဲယမ်း​တွေ ကို ရဲ​ဘော်​အောင်စံရှားအပါအဝင်တော်လှန်​ရေးတပ်ဖွဲ့ဝင်​တွေကို​တွေ့ရစဥ်။ ဓါတ်ပုံ-SOF

စက်တင်ဘာ-၃၊၂၀၂၅။ကျော်ဇော/People’s Spring

စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲအကြောင်းပြ နယ်မြေချဲ့ထွင်ရေး ထိုးစစ်ဆင်နေတဲ့အပေါ် နယ်မြေလုံးဝမဆုံးရှုံးရေးနှင့် ပြည်သူ့လုံခြုံရေး၊ ပြည်သူလူထုအား အကာအကွယ်ပေးရေးကို ဦးစားပေးလုပ်ဆောင်သွားမယ်လို့ အထူးတိုင်းစစ်ဌာနက ဒီကနေ့ စက်တင်ဘာ ၃ ရက်မှာ အသိ ပေးထုတ်ပြန်ပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် – PDF စစ်ရုံးချုပ်၏ မဟာဗျူဟာ စစ်ရေးရည်မှန်းချက်များ၊ EROs များ၏ စစ်ရေးရည်မှန်းချက်များအား အတူတကွ လက်တွဲဖော်ဆောင်သွားမှာဖြစ်သလို စစ်တောင်းမြစ်ဝှမ်းအခြေပြု၍ ပဲခူး၊ ရန်ကုန် စစ်ဆင်ရေးများကိုလည်း နီးစပ်ရာတိုင်းစစ်ဌာနများနှင့်အတူ လက်တွဲချိတ်ဆက် ဖော်ဆောင်သွားမယ်လို့ ဖော်ပြပါတယ်။

“အဓိကကတော့ အထူးတိုင်းစစ်ဌာနအောက်မှာရှိတဲ့ ဗျူဟာတွေ၊ တပ်ရင်းတပ်ဖွဲ့တွေအကုန်လုံးက တောင်ပိုင်းမှာဆိုလို့ရှိရင် လက်ရှိစစ်ဆင်ရေးတွေဆောင်ရွက်နေတယ်။ အောင်မြင်မှုလည်းရထားပြီးသား တပ်ရင်းတပ်ဖွဲ့တွေဖြစ်တာပေါ့နော်။ ဒါကြောင့်ပြည်သူလူထုအနေနဲ့လည်း ကျနော်တို့အားလုံးရဲ့ စုစည်းပြီးတော့ ရှေ့ဆက်ဆောင်ရွက်မယ့် စစ်ဆင်ရေးတွေမှာ ဝန်းရံအားဖြည့်ပေးဖို့ အဲဒါလေးကိုလည်း အဓိကပြောလိုပါတယ်။ တိုင်းစစ်ဌာနအနေနဲ့ဆိုရင်လည်း ပြည် သူလူထုကို အကာအကွယ်ပေးရေးကို အဓိကဆောင်ရွက်သွားမယ်ဆိုတာကို ပြောလိုပါတယ်” လို့ တိုင်းကွပ်ကဲရေးမှူး ရဲဘော်အောင်စံရှားက လူထူနွေဦးကို ပြောပါတယ်။

Public Service Announcement

Public Service Announcement

အထူးတိုင်းစစ်ဌာနဟာ ကရင်ပြည်နယ်နှင့်မွန် ပြည်နယ်တွင် အခြေပြုဖွဲ့စည်းထားတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်-PDF နည်းဗျူဟာများ၊ တပ်ရင်း/တပ်ဖွဲ့များ၊ ဒရုန်းလက်ရုံးတပ်ဖွဲ့များ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)များဖြင့် စုဖွဲ့ထားတဲ့ တိုင်းစစ်ဌာနတခုဖြစ်ပြီး ပြီးခဲ့တဲ့ ဇန်နဝါရီလထဲက စတင်ခဲ့တာဖြစ်ပြီး ယခုမှသာ ပြည်သူထံအသိပေးချပြတာလို့ ဆိုပါတယ်။

စစ်ရေးလှုပ်ရှားမှုများအနေဖြင့် KNU/KNLA တပ်များနှင့်အတူ ကရင်ပြည်နယ်၊ မွန်ပြည်နယ် နဲ့ ရေး – ထားဝယ်ဒေသများအပြင် ပဲခူးတိုင်းစစ်ဌာန၊ ရန်ကုန်တိုင်းစစ်ဌာနများနှင့်ပါ ပူး ပေါင်း၍ ပဲခူးတိုင်းအတွင်းရှိ နယ်မြေတချို့တွင် စစ်ရေးဖော်ဆောင်ကာ နယ်မြေစိုးမိုးရေးလုပ် ငန်းများ ဆောင်ရွက်လျက်ရှိတယ်လို့ အသိပေးပါတယ်။

အထူးတိုင်းစစ်ဌာနရဲ့စစ်ဆင်ရေးကွပ်ကဲမှုအောက်မှာ ကာကွယ်ရေးဝန်ကြီးဌာန၊ တပ်ရင်းအတည်ပြုကုတ် မကျသေးပဲ (စိစစ်ဆဲ) PDF တပ်ရင်း ၃ ရင်းနှင့် ဒရုန်းတပ်ဖွဲ့ (၂)ဖွဲ့၊ ပကဖများအနေဖြင့် မွန် ပကဖ၊ ရန်ကုန် ပကဖ၊ ပဲခူးခရိုင်ပက တို့လည်း စစ်ဆင်ရေးကွပ်ကဲမှုအောက်မှာ ပူးပေါင်းဆောင်ရွက်နေတယ်လို့ ထုတ်ပြန်ပါတယ်။

အထူးတိုင်းစစ်ဌာနမဖွဲ့မီ စတင်စုဖွဲ့ချိန်မှစပြီး စစ်ရေးအောင်မြင်မှုများအနေဖြင့် ဖေဖော်ဝါရီ ၁ ရက်နေ့တွင် မဲပလီဗျူဟာ စခန်းကုန်းအား တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်း၊ လှဂွန်းပျိုစခန်းမှ တပ်ရင်းမှူးအပါ အခြားအဆင့် တပ်သား (၁၆)ဦး လက်နက်များနှင့် အလင်းဝင်ရောက်နိုင်အောင် စည်းရုံးနိုင်ခြင်း၊ ပဲခူးတိုင်း ရွှေကျင်မြို့ နယ်ရှိ ခမရ-၅၉၈ တပ်ရင်းဌာနချုပ်အား တိုက် ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်း၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းနှင့် ထိစပ်နေသော ထိုင်းမြန်မာနယ်စပ်ရှိ ရန်သူ့အထိုင်စခန်းများအား တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဖော်ပြပါတယ်။

အခုလက်ရှိမှာလည်း KNLA တပ်ဖွဲ့များနှင့်အတူ ထိုင်းမြန်မာနယ်စပ်စခန်းသိမ်းတိုက်ပွဲများ၊ ဖာပွန်မြို့သိမ်းတိုက်ပွဲနှင့် အနန်းကွင်းဗျူဟာစခန်းသိမ်း တိုက်ပွဲများလည်း ဆက် လက်ဖော်ဆောင်လျက်ရှိနေတယ်လို့ အထူးတိုင်းစစ်ဌာနမှ အသိပေးထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ထီးချိုင့်- အင်းတော်လမ်းပိုင်းကို စစ်တပ်ထိုးစစ်ဆင်နေပြီး ထီးချိုင့်မြို့တွင်းကို အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(လပခ)ကနေ ကား ၁၁စီးနဲ့ အင်အားတွေပို့ထားတယ်လို့ တော်လှန်ရေးသတင်းအရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်တွေက စစ်တပ်ရဲ့ စခန်းငယ်တခုကို AAထပ်မံသိမ်းပိုက်

သတင်း

ပွင့်လင်းကာလဖြစ်တဲ့ မိုးအကုန်ဆောင်းအစမှာ ရက္ခိုင်ကို ဦးတည်တဲ့စစ်တပ်ထိုးစစ်ဟာ လက်ရှိထက် ပိုများတဲ့ အင်အားတွေနဲ့ ထိုးစစ်ကြီးတပြိုင်တည်း ပြုလုပ်လာနိုင်လို့တိုက်ပွဲတွေ ပြင်းထန်လာနိုင်ကြောင်း အာရက္ခတပ်တော်(AA) ဒုစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်က ပြောကြားပါတယ်။

နိုင်ငံတကာ

ဖိလစ်ပိုင် နိုင်ငံရဲ့ မွတ်ဆလင် အများစု နေထိုင်ရာ ဒေသမှာ ပထမဆုံး ကျင်းပမယ့် ရွေးကောက်ပွဲ မတိုင်ခင် ပစ်ခတ်မှုတွေ ဖြစ်ပွားလို့ ၃ ဦးသေ၊ ၁၅ ဦး ဒဏ်ရာရခဲ့ပါတယ်။

Facebook