Connect with us

Hi, what are you looking for?

သတင်း

တမူး၊ နန်မွန်းတားရွာတိုက်ပွဲ စစ်တပ်အထိနာဆုတ်ခွာပြီး​နောက် လေကြောင်းမှဗုံးလာကြဲ

တမူးမြို့နယ်၊ နန်မွန်းတားရွာကို ပြန်လည်ထိန်းချုပ်ရန်စစ်ကြောင်းထိုးလာသည့်စစ်တပ်နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များတိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့ပြီး စစ်တပ်​ရှေ့မတိုးနိုင်ဘဲပြန်ဆုတ်သွားသည်။

က​လေးမြို့နယ်တွင်သြဂုတ်လဆန်းပိုင်းက ၁၀ ရက်ကြာတိုက်ပွဲတွင် စစ်တပ်ထံမှ သိမ်းဆည်းရရှိ​သော လက်နက်ခဲယမ်းများ။ ဓါတ်ပုံ-အမှတ် (၁) စစ်ဒေသ

စက်တင်ဘာ-၄၊၂၀၂၅။အိမ်သွင်/People’s Spring

တမူးမြို့နယ်၊ နန်မွန်းတားရွာကို ပြန်လည်ထိန်းချုပ်ရန်စစ်ကြောင်းထိုးလာသည့်စစ်တပ်နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များတိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့ပြီး စစ်တပ်​ရှေ့မတိုးနိုင်ဘဲပြန်ဆုတ်သွားသည်။

စစ်တပ်စစ်​ကြောင်း ပြန်ဆုတ်ရပြီး​နောက်စက်တင်လ ၄ ရက်ညနေပိုင်းတွင် စစ်ကောင်စီက လေကြောင်းမှနှစ်ကြိမ် ဗုံးကြဲသွားသည်။ နန်မွန်းတားနှင့်ခွန်မွန်းနွမ်ရွာကြားကို ယ​နေ့ ညနေ ၃နာရီခန့်တွင် လေကြောင်းမှ ဗုံးကြဲခဲ့ခြင်းဖြစ်​ကြောင်း​ဒေသခံအချို့က​ပြောသည်။

“နန်မွန်းတားကို လာတိုက်နေတာ တစ်ပတ်လောက်ရှိပြီ။ အခုဒီကောင်တွေ ပြန်ဆုတ်သွားပြီး လေကြောင်းကနေ လာပစ်တာ”ဟုဒေသခံ တဦးကပြောသည်။

Public Service Announcement

Public Service Announcement

ရှမ်းနီတပ်(SNA)နှင့် စစ်မှုထမ်းသင်တန်းဆင်းအများဆုံးပါဝင်သည့် စစ်ကြောင်းသည် သြဂုတ်လကုန်ပိုင်းတွင်နန်မွန်းတားရွာကို ထိုးစစ်ဆင်လာခြင်းဖြစ်သည်။ နေ့စဉ်တိုက်ပွဲပြင်းထန်ခဲ့ပြီးယခုအခါပြန်လည်ဆုတ်ခွာသွားခြင်းဟု သိရသည်။

ပြည်သူ့ကာကွယ်ရေးတပ်များထိန်းချုပ်ထားသည့် နန်မွန်းတားရွာကို ပြန်လည်ထိန်းချုပ်နိုင်ရန်စစ်ကောင်စီတပ်ကမကြာခဏစစ်ကြောင်းထိုးနေသည်။ သြဂုတ်လဆန်းကလည်း စစ်ကြောင်းထိုးလာတိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့ပြီး စစ်ကောင်စစ်တပ်ဖွဲ့ဝင် ၆ဦးသေဆုံးကာ သေနတ် ၉လက်သိမ်းဆည်းနိုင်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ်(၁)စစ်ဒေသကထုတ်ပြန်ခဲ့သည်။

ပြီးခဲ့သည့် သြဂုတ်လ (၆) ရက်နေ့မှ (၁၅) ရက်နေ့အထိ ကလေးမြို့နယ်၊ နန်းစောင်းပုကျေးရွာသို့ ထိုးစစ်ဆင်လာသည့် ခန့်မှန်းအင်အား (၁၂၀) ကျော်ပါသော စစ်ကြောင်းအား PDF များကတိုက်ခိုက်ရာ လက်နက်ခဲယမ်းအများအပြားသိမ်းဆည်းရရှိ​ကြောင်း အမှတ် ၁ စစ်​ဒေသကထုတ်ပြန်သည်။အလောင်း (၃) လောင်းရရှိခဲ့ပြီး သုံ့ပန်း (၁) ဦးဖမ်းမိပြီး ၊အဓမ္မစစ်မှုထမ်းခိုင်း​သောစစ်သားများစွာ​သေဆုံးကာ လက်နက်ခဲယမ်းများစွာသိမ်းဆည်းရရှိခဲ့​ ကြောင်း​ဖော်ပြထားသည်။

ထို့အပြင်စစ်တပ်ကသြဂုတ်လတွင် နန်မွန်းတားရွာဘုရားကျောင်းသို့ လေကြောင်းမှဗုံးကြဲခဲ့ပြီး အသေခံဒရုန်းများလည်းဗုံးကြဲခဲ့သည်ဟုအမှတ် (၁)စစ်ဒေသက ထုတ်ပြန်ခဲ့သည်။ လက်ရှိဖြစ်ပွားနေသောတိုက်ပွဲများနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ထားခြင်းမရှိသေးပေ။

နန်မွန်းတားရွာသည် ကလေး-တမူးအာရှလမ်းပေါ်တွင်တည်ရှိပြီးတမူးမြို့နှင့် ၁၂မိုင်အကွာ၌ရှိသည်။တမူးမြို့တွင် ပန်းသာရွာ၊မင်းသာရွာအပြင် နေရာသုံးခု၌ စစ်ကောင်စီက အခိုင်အမာတပ်စွဲထားပြီး ပန်းသာရွာ၌ အဓိကအထိုင်စခန်းအဖြစ် ပြင်ဆင်ထားသည်။ တမူးခရိုင်အတွင်း ခါမ်းပတ်မြို့နှင့် မြို့သစ်မြို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ကထိန်းချုပ်ထားပြီး စစ်တပ်က တမူးမြို့​ပေါ်ကိုသာ ထိန်းချုပ်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ပြည်သူ ၂၀ နီးပါးဒဏ်ရာရ၊ သေဆုံးသူ ထပ်တိုးနိုင်ဟုဆို

သတင်း

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ညောင်ပင်ကြီးတောရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ကိုယ်ဝန်သည်မိခင်အပါအဝင် အမျိုးသမီး ၃ဦး သေဆုံးကာ ဒဏ်ရာရသူ အများအပြားရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ် မင်းတပ်မြို့နယ်အရှေ့ခြမ်း တနေရာကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ ဇွန် ၁၇ရက် မနက်မှာ လေယာဉ်နဲ့ ဗုံးအလုံး ၇၀ ခန့် ကြဲချတိုက်ခိုက်ခဲ့ကြောင်း မင်းတပ်ဒေသခံက အသိပေးပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်အခြေစိုက် ချင်းဒေသကာကွယ်ရေးတပ်(CDF) ဇိုဖေ ဌာနချုပ်ကို စစ်တပ်က လေယာဉ်နဲ့ အပြင်းအထန် ဗုံးကြဲခဲ့သလို တိုက်ခိုက်မှုမျိုး အာဏာသိမ်းစစ်တပ်က ထပ်မံ လုပ်ဆောင်လာနိုင်တာကို တွက်ဆထားပြီးဖြစ်ကြောင်း ချင်းအမျိုးသားတပ်ဦး(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။