Connect with us

Hi, what are you looking for?

သတင်း

နဝဒေးမီးပွိုင့်၌ ဈေးကားနှင့် Box ကားတိုက်ပြီး လူတဦး သေဆုံး

ရန်ကုန်မြို့၊မရမ်းကုန်းမြို့နယ် နဝဒေးမီးပွိုင့်၌ ဈေးကားနှင့် Boxကား တိုက်မိရာ ဈေးကားတိမ်းမှောက်၍ ကားပေါ်လိုက်ပါလာသူ အမျိုးသားတဦးသေဆုံးခဲ့ကြောင်း မြန်မာ့ကြယ်ဖြူလူမှုကူညီရေးအသင်းက ထုတ်ပြန်ထားသည်။

မရမ်းကုန်းမြို့နယ် နဝဒေးမီးပွိုင့်၌ ယာဉ်တိုက်မှုဖြစ်ပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ − CJ

စက်တင်ဘာ-၁၁၊၂၀၂၅။ရောင်နီ/People’s Spring

ရန်ကုန်မြို့၊မရမ်းကုန်းမြို့နယ် နဝဒေးမီးပွိုင့်၌ ဈေးကားနှင့် Boxကား တိုက်မိရာ ဈေးကားတိမ်းမှောက်၍ ကားပေါ်လိုက်ပါလာသူ အမျိုးသားတဦးသေဆုံးခဲ့ကြောင်း မြန်မာ့ကြယ်ဖြူလူမှုကူညီရေးအသင်းက ထုတ်ပြန်ထားသည်။

စက်တင်ဘာ ၁၁ရက် နံနက် ၆ နာရီအချိန်တွင် ယာဉ်တိုက်မှုဖြစ်ခဲ့ခြင်းဖြစ်ပြီး ဈေးကားမှောက်၍ လူနာများကြောင်း သတင်းရရှိ၍ သွားရောက်ကူညီခဲ့ခြင်းဖြစ်ကြောင်း အဆိုပါ အသင်းက ဆိုသည်။

ယာဉ်တိမ်းမှောက်မှုကြောင့် အမျိုးသား ၃ဦး ၊ အမျိုးသမီး ၉ ဦး စုစုပေါင်းထိခိုက်ဒဏ်ရာရရှိသူ ၁၂ ဦးအနက် အမျိုးသားတဦးသေဆုံးခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

မြန်မာ့ကြယ်ဖြူ လူမှုကူညီရေးအသင်းက လူနာ (၃) ဦး၊လှိုင် လူမှုကူညီရေးအသင်းက လူနာ(၂)ဦး၊ ကောင်းမှူဆောင် လူမှူကူညီရေးအသင်းက လူနာ (၄)ဦး နှင့် အခြားယာဥ်ဖြင့် လူနာ(၃)ဦးကို မြောက်ဥက္ကလာပဆေးရုံသို့ပို့ဆောင်ပေးခဲ့သည်ဟု သိရသည်။

တိမ်းမှောက်ခဲ့သည့် ဈေးကားသည် ရွှေပေါက္ကံဘက်မှလာသည့်ကားဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိသူများပြားကြောင်း ဒေသခံတဦးက ပြောသည်။

“‌မနက်ဖက်စောစောဆိုရင် ကမ္ဘာအေးဘုရားလမ်းမပေါ်ကချော်တွင်းကုန်းမီးပွိုင့်၊တက္ကသိုလ်ရိပ်သာလမ်းမီးပွိုင့်တွေကိုကိုယ့်ဘက်မီးစိမ်းလို့ဖြတ်ရင်တောင်ဈေးကားတွေကိုအတော်သတိထားရတယ်၊တက္ကသိုလ်ရိပ်သာလမ်းမီးပွိုင့်အကျော်လေးမှာ တစ်ခါတစ်ရံဆိုင်ကယ်နဲ့ ယာဉ်ထိန်းရဲရှိတတ်ပေမဲ့ဈေးကားသမားတွေက ဂရုကိုမစိုက်တာ။ ဟိုကလည်း ရသလောက်ပဲတောင်းပြီးပြေလည်နေကြတော့စည်းကမ်းကိုဘယ်လိုက်နာကြတော့မလဲ၊ဖြစ်တော့ကြားထဲကခရီးသည်တွေ သေကြ ၊မိသားစုတွေနစ်နာကြရတယ်။ ပြင်းထန်ထိရောက်စွာအရေးယူပေးစေချင်တယ်။”ဟု ယာဉ်မောင်းတဦးက အကြံပြုသည်။

ဆက်စပ်သတင်းများ

သတင်း

ထိုင်း - မြန်မာနယ်စပ် မြဝတီမြို့မှာ ကရင်နယ်ခြားစောင့်တပ်(BGF)တပ်ဖွဲ့ဝင် မောင်းနှင်လာတဲ့ကားက ဝင်တိုက်လို့ ကလေးငယ် ၁ဦးအပါအဝင်ဒေသခံအချို့ ဒဏ်ရာအပြင်းအထန်ရရှိသွားပြီး လမ်းဘေး ဈေးဆိုင်နဲ့ ကား၊ဆိုင်ကယ်တွေ ပျက်စီးမှုဖြစ်ပွားခဲ့ပါတယ်။

သတင်း

ထိုင်းနိုင်ငံ၊ ဖူးခက်မြို့မှာ အရက်မူးလာတဲ့ မြန်မာတစ်ဦး မောင်းလာတဲ့ကားက မော်တော်ဆိုင်ကယ်တွေကို ဝင်တိုက်လို့ လူ ၂ ဦး သေဆုံးခဲ့ကြောင်း ထိုင်းမီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

နိုင်ငံတကာ

အသက် ၁၁ နှစ်သားအရွယ် ကလေးငယ်က ဖခင်ရဲ့ကားကို ခိုးမောင်းရင်း အရှိန်နဲ့ ဝင်တိုက်ခဲ့တာကြောင့် ပျံလွန်တော် မူခဲ့တဲ့ ထိုင်းသံဃာတော် အရေအတွက်ဟာ ၁၀ ပါးထိ မြင့်တက်လာခဲ့ပါတယ်။

သတင်း

ဧရာဝတီတိုင်း ၊ညောင်တုန်းမြို့နယ် ရန်ကုန်-ပုသိမ် ကားလမ်းပိုင်းမှာ ယာဉ်တိုက်မှုဖြစ်ပြီး အမျိုးသား ၁ဦး သေဆုံးခဲ့တယ် လို့ မီးသတ်တပ်ဖွဲ့ကအသိပေးထားပါတယ်။