Connect with us

Hi, what are you looking for?

သတင်း

မုံရွာ-မန္တလေးလမ်းလမ်းပြန်ဖွင့်ပေမဲ့ စစ်တပ်က ကားတွေကိုထိန်းလွှတ်နေလို့ကားအစီးရာချီပိတ်မိနေ

မုံရွာ-မန္တလေးလမ်း လမ်းပြန်ဖွင့်ပေမဲ့ စစ်အုပ်စုက နတ်ရေကန်ရွာအနီးမှာ ကားတွေကို ထိန်းလွှတ်နေလို့ ကားအစီးရေ ရာချီပိတ်မိနေကြောင်း ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့သည့်နှစ်အတွင်းက မုံရွာ-မန္တလေးလမ်းပိုင်းတနေရာတွင် လမ်းပြန်ပွင့်၍ ယာဥ်များသွားလာနေစဥ်။ ဓာတ်ပုံ-CJ

စက်တင်ဘာ-၁၇၊၂၀၂၅။ဇေအောင်/People’s Spring

မုံရွာ-မန္တလေးလမ်း လမ်းပြန်ဖွင့်ပေမဲ့ စစ်အုပ်စုက နတ်ရေကန်ရွာအနီးမှာ ကားတွေကို ထိန်းလွှတ်နေလို့ ကားအစီးရေ ရာချီပိတ်မိနေကြောင်း ဒေသခံတွေက ပြောပါတယ်။

စက်တင်ဘာ ၁၆ ရက် မနက်ပိုင်းကမုံရွာ-မန္တလေးလမ်းပိုင်း နေရာနှစ်နေရာမှာ တိုက်ပွဲတွေဖြစ်ပွားခဲ့တာကြောင့် လမ်းပိုင်းယာယီပိတ်ထားခဲ့ပြီး နေ့လယ်ပိုင်းမှာ လမ်းပြန်ဖွင့်ခဲ့ပါတယ်။ ဒီကနေ့မှာလည်းလမ်းဖွင့်ထား​ပေမယ့်နတ်ရေကန်ရွာအနီးမှာ စစ်တပ်က ကားတွေထိန်းလွှတ်နေလို့ကားအစီးရေရာချီပိတ်မိနေကြောင်းဒေသခံတွေကပြောပါတယ်။

“ကားများကို ၂ စီးတစ်သုတ်၃ စီးတစ်သုတ်သာ လွှတ်ပေးတာမို့ခရီးသွားအများပြည်သူ‌တွေရဲ့ကားများစွာဟာလမ်းကြောပိတ်ဆို့မှုဖြစ်ပေါ်နေရပါတယ်။ခုလက်ရှိအချိန်ထိ‌တော့တိုက်ပွဲဖြစ်ပေါ်နေခြင်းမျိုးမရှိသေးဘူးလို့သိရပါတယ်။ခရီးသွားပြည်သူကားများကိုကာဗာယူထားတဲ့သဘောမျိုးသာဖြစ်မယ်လို့ ယူဆရပါတယ်”လို့ဒေသခံတဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

စက်တင်ဘာ ၁၇ ရက်​​​နေ့မှာ​တော့ မုံရွာ-မန္တလေးလမ်းပေါ်မှာတိုက်ပွဲဖြစ်ပွားခြင်းမရှိဘူးလို့ သိရပါတယ်။

မနေ့က မုံရွာ-မန္တလေးလမ်းမကြီးပေါ်မှာ မုံရွေးရွာတိုးဂိတ်နဲ့ တခြားနေရာတနေရာက စစ်အုပ်စုတွေ တိုက်ခိုက်ခံရပြီး ထိးခိုက်သေဆုံးမှုတွေ ရှိခဲ့ပါတယ်။ မုံရွာ-မန္တလေးလမ်းပေါ်က စစ်အုပ်စုဟာ ခရီးသွားပြည်သူတွေကို လူသားဒိုင်းလုပ်တာ၊ မိုင်းရှာခိုင်းတာတွေ မကြာခဏ ပြုလုပ်နေလို့ သတိထားသွားလာကြဖို့ ဒေသတွင်းတော်လှန်ရေးအင်အားစုတွေက သတိပေးထားကြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ် အာဏာသိမ်းထားတဲ့ ငါးနှစ်ကျော်အတွင်း လူမှူကွန်ရက်ပေါ်မှာ ရေးသားတာ ၊ အွန်လိုင်းဆက်သွယ်ပြောဆိုတာတွေကြောင့် စစ်တပ်ရဲ့မတရားဖမ်းဆီးခံရသူ နှစ်ထောင်ကျော်ရှိတယ်လို့ Data For Myanmar-D4M အဖွဲ့ကအသိပေးထားပါတယ်။

သတင်း

လူစုလူဝေးမလုပ်ဖို့၊ အိမ်တိုင်း ကတုတ်ကျင်းတူးဖို့၊ အရေးကြီးကိစ္စမရှိရင် ခရီးမသွားဖို့၊ လေကြောင်းသတင်း အချင်းချင်း အချိန်မီ သတင်းပေးကြဖို့ သတိပေးထား

သတင်း

စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်က မြစ်ကြီးနား- ရွှေဘိုလမ်းပိုင်းနဲ့ အနီးပတ်ဝန်းကျင်က ကျေးရွာတွေကို ဒီနေ့ နေ့လယ်ပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲလို့ အရပ်သား ၂ဦးသေဆုံးပြီး ၁၀ ဦးဒဏ်ရာအပြင်းအထန်ရခဲ့တယ်လို့ သိရပါတယ်။

သတင်း

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊မန်လည်ကျေးရွာကို စစ်တပ်က လေကြောင်းကနေ ‌ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အဘွားအို၂ဦး သေဆုံးပြီး ၃ဦးဒဏ်ရာရကာ ဆက်တိုက်ဗုံးကြဲနေဆဲဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

Facebook